YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 59

59
ရန်​သူ​လက်​မှ​လွတ်​မြောက်​ရန်​ဆု​တောင်း
"ရှော​လု​စေ​လွှတ်​သော သူ​တို့​သည် ဒါ​ဝိဒ်​အ​သက်​ကို​သတ်​ခြင်း​ငှာ၊ အိမ်​ကို​စောင့်​ကြ​သော​အ​ခါ ဒါ​ဝိဒ်​စပ်​ဆို​သော​ဆာ​လံ။"
(၁​ရာ၊ ၁၉း၁၁)
1အို အ​ကျွန်ုပ်၏​ဘု​ရား၊ ရန်​သူ​တို့​လက်​မှ အ​ကျွန်ုပ်​ကို ကယ်​နုတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို ရန်​ဘက်​ပြု​သော​သူ​တို့၏​အ​ပေါ်​မှာ အ​ကျွန်ုပ်​ကို ချီး​မြှောက်​တော်​မူ​ပါ။ 2ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့​အ​ထဲ​က အ​ကျွန်ုပ်​ကို​နုတ်​ယူ၍၊ အ​သက်​ကို​သတ်​လို​သော သူ​တို့​လက်​မှ ကယ်​တင်​တော်​မူ​ပါ။ 3သူ​တို့​သည် အ​ကျွန်ုပ်​အ​သက်​ကို သတ်​လို၍ ချောင်း​ကြည့်​လျက်​နေ​ကြ​ပါ၏။ အား​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ စည်း​ဝေး​ကြ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​မှား​ယွင်း​သော​ကြောင့် မ​ဟုတ်​ပါ။ အ​ကျွန်ုပ်​အ​ပြစ်​ကြောင့် မ​ဟုတ်​ပါ။ 4အ​ကျွန်ုပ်၌ အ​ပြစ်​မ​ရှိ​ဘဲ သူ​တို့​သည်​ပြေး​လာ၍ ပြင်​ဆင်​ကြ​ပါ၏။ အ​ကျွန်ုပ်​ကို ကူ​မ​ခြင်း​ငှာ နိုး​တော်​မူ​ပါ။ ကြည့်​ရှု​တော်​မူ​ပါ။ 5ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ သာ​သ​နာ​ပ​လူ​အ​ပေါင်း​တို့​ကို ဆုံး​မ​ခြင်း​ငှာ နိုး​တော်​မူ​ပါ။ ဒု​စ​ရိုက်၌ ကျင်​လည်​သော​သူ တစ်​စုံ​တစ်​ယောက်​ကို​မျှ သ​နား​တော်​မ​မူ​ပါ​နှင့်။ 6သူ​တို့​သည် ညဉ့်​ဦး​ယံ၌ ပြန်​လာ၍၊ ခွေး​ဘာ​သာ​အ​တိုင်း​မြည်​လျက် မြို့​ကို​လှည့်​ပတ်​ကြ​ပါ​စေ​သော။
7ထို​သူ​တို့​သည် စော်​ကား​သော​စ​ကား​ကို​ပြော၍၊ သူ​တို့​နှုတ်​ခမ်း​တွင် ဓား​ပါ​လျက် အ​ဘယ်​သူ​ကြား​လိမ့်​မည်​နည်း​ဟု ဆို​တတ်​ကြ​ပါ၏။ 8သို့​ရာ​တွင်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သူ​တို့​ကို​ပြုံး​ရယ်၍ သာ​သ​နာ​ပ​လူ​အ​ပေါင်း​တို့​ကို ကဲ့​ရဲ့​တော်​မူ​မည်။ 9အို အ​ကျွန်ုပ်​အ​စွမ်း​သ​တ္တိ၊ ကိုယ်​တော်​ကို မျှော်​လင့်​ပါ​မည်။ ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။ 10က​ရု​ဏာ​အ​ရှင် ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​ကို ကူ​မ​ခြင်း​ငှာ ကြွ​လာ​တော်​မူ​မည်။ ရန်​သူ​တို့​ကို အ​ကျွန်ုပ်​ကြည့်​ရှု၍ အား​ရ​သော​အ​ခွင့် ရှိ​စေ​တော်​မူ​မည်။ 11အ​ကျွန်ုပ်​တို့​ကို ကွယ်​ကာ​တော်​မူ​သော ဘု​ရား​ရှင်၊ သူ​တို့​ကို သတ်​တော်​မ​မူ​ပါ​နှင့်။ သတ်​လျှင် အ​ကျွန်ုပ်၏​လူ​တို့​သည် သ​တိ​လစ်​ကြ​ပါ​လိမ့်​မည်။ တန်​ခိုး​တော်​အား​ဖြင့် အ​ရပ်​ရပ်​ကွဲ​ပြား​စေ၍ နှိမ့်​ချ​တော်​မူ​ပါ။ 12သူ​တို့​ပြော​မိ​သော စ​ကား​တည်း​ဟူ​သော သူ​တို့​နှုတ်၏​အ​ပြစ်​ကြောင့် မိ​မိ​တို့​မာ​န​တွင် ကျော့​မိ​ပါ​စေ​သော။ သူ​တို့ ကျိန်​ဆဲ​သော​စ​ကား​နှင့် မု​သား​စ​ကား​ကြောင့်၊ 13အ​မျက်​တော်​အား​ဖြင့် ပျောက်​ပျက်​စေ​တော်​မူ​ပါ။ အ​ကုန်​အ​စင် ပျောက်​ပျက်​စေ​တော်​မူ​ပါ။ ဘု​ရား​သ​ခင်​သည် ယာ​ကုပ်​အ​မျိုး​မှ​စ၍ မြေ​ကြီး​စွန်း​တိုင်​အောင် အုပ်​စိုး​တော်​မူ​ကြောင်း​ကို သူ​တို့​သည် သိ​ကြ​ပါ​စေ​သော။ 14ညဉ့်​ဦး​ယံ၌ ပြန်​လာ၍၊ ခွေး​ဘာ​သာ​အ​တိုင်း​မြည်​လျက် မြို့​ကို​လှည့်​ပတ်​ကြ​ပါ​စေ​သော။ 15အ​စာ​ကို​ရှာ​လျက် အ​ရပ်​ရပ်​သို့​လည်၍​မ​ဝ​ဘဲ တစ်​ည​လုံး​နေ​ကြ​ပါ​စေ​သော။ 16အ​ကျွန်ုပ်​မူ​ကား၊ တန်​ခိုး​တော်​ကို​သီ​ချင်း​ဆို​ပါ​မည်။ နံ​နက်​ယံ၌ က​ရု​ဏာ​တော်​ကို ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ ဘေး​ရောက်​သော​ကာ​လ၌ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ၊ ဘေး​လွတ်​ရာ ဖြစ်​တော်​မူ၏။ 17အို အ​ကျွန်ုပ်​အ​စွမ်း​သ​တ္တိ၊ ကိုယ်​တော်​ကို သီ​ချင်း​ဆို​ပါ​မည်။ ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၌ က​ရု​ဏာ​အ​ရှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 59: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ