YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 58

58
လူ​ဆိုး​တို့​ကို​ဒဏ်​ခတ်​ရန်​ဆု​တောင်း
1အို​လူ​သား​တို့၊ အ​ကယ်​စင်​စစ် သင်​တို့​သည် စ​ကား​ဖြောင့်​ကြ​သ​လော။ 2တ​ရား​သ​ဖြင့် စီ​ရင်​ကြ​သ​လော။ အ​ကယ်​စင်​စစ် သင်​တို့​သည် မ​တ​ရား​သော​အ​ကြံ​ကို ကြံ​စည်၍ မြေ​ကြီး​ပေါ်​မှာ ကိုယ်​လက်​နှင့်​ပြု​သော ညှဉ်း​ဆဲ​ခြင်း​ကို ချိန်​တတ်​ကြ၏။ 3မ​တ​ရား​သော သူ​တို့​သည် အ​မိ​ဝမ်း​ထဲ​မှ​စ၍ ရိုင်း​သော​သ​ဘော​ရှိ​ကြ၏။ မွေး​က​တည်း​က လမ်း​လွှဲ၍ မု​သား​စ​ကား​ကို ပြော​တတ်​ကြ၏။ 4သူ​တို့​အ​ဆိပ်​သည် မြွေ​အ​ဆိပ်​နှင့် တူ၏။ နား​ပင်း​သော​မြွေ​ဆိုး​သည် မိ​မိ​နား​ကို​ပိတ်၍၊ 5လိ​မ္မာ​သော​အ​လ​မ္ပယ်​မြွက်​ဆို​သော မ​န္တ​ရား​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သ​ကဲ့​သို့ ဖြစ်​ကြ၏။
6အို​ဘု​ရား​သ​ခင်၊ သူ​တို့​ပါး​စပ်​ထဲ​မှာ သွား​များ​ကို​ချိုး​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ခြင်္သေ့​တို့၏ အံ​သွား​များ​ကို ချိုး​တော်​မူ​ပါ။ 7ထို​သူ​တို့​သည် စီး​သော​ရေ​ကဲ့​သို့ ကွယ်​ပျောက်​ကြ​ပါ​စေ​သော။ လေး​ကို​တင်​သော​အ​ခါ မြား​တို့​သည် ကျိုး​သ​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ​သော။ 8ခ​ရု​သည်​သွား​စဉ်​တွင် ရွေ့​လျော့​သ​ကဲ့​သို့​လည်း​ကောင်း၊ ပျက်​သော​ကိုယ်​ဝန်​သည် နေ​ရောင်​ကို မ​မြင်​ရ​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​ပါ​စေ​သော။ 9ဆူး​ပင်​နှင့် မွေး​သော​မီး​ပူ​မှန်း​ကို အိုး​တို့​သည်​မ​သိ​မီ၊ အ​သက်​ရှင်​သော​ဆူး​ပင်​နှင့် မီး​လောင်​လျက်​ရှိ​သော ဆူး​ပင်​တို့​ကို လေ​ပွေ​တိုက်​သွား​ပါ​စေ​သော။ 10ဖြောင့်​မတ်​သော​သူ​သည် ထို​သို့​သော​ဒဏ်​ပေး​ခြင်း​ကို မြင်၍ ဝမ်း​မြောက်​ပါ​လိမ့်​မည်။ မ​တ​ရား​သော​သူ​တို့၏ အ​သွေး၌ မိ​မိ​ခြေ​တို့​ကို ဆေး​ပါ​လိမ့်​မည်။ 11သူ​တစ်​ပါး​က​လည်း၊ ဖြောင့်​မတ်​သော​သူ​သည် အ​ကျိုး​ကို ဧ​ကန်​အ​မှန်​ခံ​ရ၏။ မြေ​ကြီး​ပေါ်​မှာ တ​ရား​စီ​ရင်​သော ဘု​ရား​သ​ခင်​သည် ဧ​ကန်​အ​မှန်​ရှိ​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​ပါ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 58: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။