YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 55:11-23

ဆာလံ 55:11-23 JBMLE

အ​ဓ​မ္မ​တ​ရား​တို့​သည် မြို့​အ​လယ်၌​ရှိ၍၊ ညှဉ်း​ဆဲ​ခြင်း​နှင့် လှည့်​စား​ခြင်း​သည် လမ်း​တို့၌ နေ​ရာ​ကျ​ကြ​ပါ၏။ ငါ့​ကို​ကဲ့​ရဲ့​သော​သူ​သည် ငါ့​ရန်​သူ​မ​ဟုတ်။ ဟုတ်​လျှင် သည်း​ခံ​နိုင်၏။ ငါ့​ကို​ရန်​ဘက်​ပြု​သော​သူ​သည် ငါ့​ကို​မုန်း​သော​သူ​မ​ဟုတ်။ ဟုတ်​လျှင် ထို​သူ​ကို​ငါ​ရှောင်​နိုင်၏။ ထို​သို့​ပြု​သော​သူ​သည် သင်​ဖြစ်၏။ ငါ​နှင့် ဘက်​သော​သူ၊ ငါ့​မိတ်​ဆွေ၊ ငါ​အ​သိ​အ​ကျွမ်း​ဖြစ်၏။ အ​ချင်း​ချင်း​သာ​ယာ​သော ဆွေး​နွေး​တိုင်​ပင်​ခြင်း​ကို ပြု​ကြ​ပြီ။ ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့ လူ​အ​စု​အ​ဝေး​နှင့် အ​တူ​သွား​ကြ​ပြီ။ သူ​တို့​ကို သေ​မင်း​ဖမ်း​ဆီး​ပါ​စေ။ အ​သက်​ရှင်​လျက် မ​ရ​ဏ​နိုင်​ငံ​သို့ ဆင်း​သက်​ကြ​ပါ​စေ။ အ​ကြောင်း​မူ​ကား၊ ဒု​စ​ရိုက်​တို့​သည် သူ​တို့​နေ​ရာ​တွင် သူ​တို့​အ​ထဲ၌​ရှိ​ကြ၏။ ငါ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို​ပ​တ္ထ​နာ​ပြု၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ကယ်​တင်​တော်​မူ​မည်။ ညဉ့်​ဦး​အ​ချိန်၊ နံ​နက်​အ​ချိန်၊ မွန်း​တည့်​အ​ချိန်​တို့၌ ငါ​သည်​ညည်း​တွား​မြည်​တမ်း၍၊ ငါ၏​အ​သံ​ကို ကြား​တော်​မူ​မည်။ ငါ့​ကို စစ်​တိုက်​ကြ​စဉ်​တွင်၊ ငါ့​အ​သက်​ကို ရွေး​နုတ်၍ ချမ်း​သာ​ပေး​တော်​မူ​မည်။ ငါ့​ဘက်၌​နေ​သော​သူ အ​များ​ရှိ​ကြ၏။ ရှေး​ကာ​လ​မှ​စ၍ အ​မြဲ​စီ​ရင်​သော ဘု​ရား​သ​ခင်​သည် နား​ထောင်၍ သူ​တို့​ကို နှိမ့်​ချ​တော်​မူ​မည်။ သူ​တို့​သည် ပြောင်း​လဲ​ခြင်း​မ​ရှိ​သော​ကြောင့် ဘု​ရား​သ​ခင်​ကို မ​ကြောက်​မ​ရွံ့​ကြ။ ထို​သို့​သော​သူ​သည် မိတ်​ဆွေ​ဖြစ်​သော​သူ​ကို​ပြစ်​မှား၍ သ​စ္စာ​ပျက်​တတ်၏။ သူ၏​စ​ကား​သည် ထော​ပတ်​ထက်​ချော​သော်​လည်း၊ စစ်​တိုက်​မည်​ဟု အ​ကြံ​ရှိ၏။ သူ၏​စ​ကား​သည် ဆီ​ထက်​ပျော့​သော်​လည်း၊ ထုတ်​သော​ဓား​ဖြစ်၏။ ထမ်း​ရွက်​ရ​သော​ဝန်​ကို ထာ​ဝ​ရ​ဘု​ရား၌ ချ​ထား​လော့။ သင့်​ကို​မ​စ​တော်​မူ​မည်။ ဖြောင့်​မတ်​သော​သူ​ကို အ​စဉ်​အ​မြဲ လှုပ်​ရှား​စေ​တော်​မ​မူ​ရာ။ အို​ဘု​ရား​သ​ခင်၊ အ​ခြား​သော​သူ​တို့​ကို ဖျက်​ဆီး​ရာ​တွင်း​ထဲ​သို့ ချ​တော်​မူ​မည်။ လူ​အ​သက်​ကို သတ်​သော​သူ​နှင့် သ​စ္စာ​ပျက်​သော​သူ​တို့​သည် မိ​မိ​အ​သက်​တာ တစ်​ဝက်​ခန့်​မျှ မ​ရှင်​ရ​ကြ။ အ​ကျွန်ုပ်​မူ​ကား၊ ကိုယ်​တော်၌ ခို​လှုံ​ပါ​မည်။