YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 55:1-10

ဆာလံ 55:1-10 JBMLE

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ အ​သ​နား​တော်​ခံ​သော​အ​ခါ ရှောင်၍​နေ​တော်​မ​မူ​ပါ​နှင့်။ ကြည့်​ရှု​နား​ထောင်​တော်​မူ​ပါ။ ရန်​သူ၏​စ​ကား​သံ​ကြောင့်​လည်း​ကောင်း၊ မ​တ​ရား​သော​ညှဉ်း​ဆဲ​ခြင်း​ကြောင့်​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည် ညှိုး​ငယ်​သော​စိတ်​နှင့် ညည်း​တွား​မြည်​တမ်း​လျက် နေ​ရ​ပါ၏။ သူ​တို့​သည် အ​ကျွန်ုပ်​အ​ပေါ်၌ အ​ပြစ်​ကို​သက်​ရောက်​စေ၍၊ ဒေါ​သ​စိတ်​နှင့် မုန်း​ကြ​ပါ၏။ အ​ကျွန်ုပ်​နှ​လုံး​သည် ကိုယ်​အ​ထဲ​မှာ တုန်​လှုပ်၍ သေ​ဘေး​ကို ကြောက်​အား​ကြီး​ပါ၏။ ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​သို့​ရောက်၍ အ​လွန်​ထိတ်​လန့်​ခြင်း၌ မွန်း​လျက်​ရှိ​ရ​ပါ၏။ ငါ​သည် ချိုး​ငှက်​ကဲ့​သို့ အ​တောင်​ကို ရ​ပါ​စေ​သော။ ထို​သို့​ရ​လျှင် အ​ခြား​သို့​ပျံ​သွား၍၊ ငြိမ်​ဝပ်​လျက်​နေ​လိမ့်​မည်။ ဝေး​စွာ​သွား၍ တော​မှာ​နေ​ရာ​ကျ​လိမ့်​မည်။ ပြင်း​စွာ​သော မိုး​သက်​မုန်​တိုင်း​နှင့် လွတ်​ခြင်း​ငှာ၊ အ​လျင်​အ​မြန်​ပြေး​လိမ့်​မည်​ဟု အ​ကျွန်ုပ်​စိတ်​ရှိ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​စ​ကား​ကို ပ​ပျောက်​အောင် ကွဲ​ပြား​စေ​တော်​မူ​ပါ။ မြို့​တော်​တွင် အ​နိုင်​အ​ထက်​ပြု​ခြင်း​နှင့် လု​ယူ​ခြင်း​ကို အ​ကျွန်ုပ်​မြင်​ပါ​ပြီ။ မြို့​ရိုး​ပေါ်​မှာ နေ့​ည​မ​ပြတ် သူ​တို့​သည်​လည်​ကြ​ပါ၏။ မြို့​ထဲ​မှာ ဆိုး​ညစ်​သော​အ​မှု​နှင့် နှောင့်​ယှက်​ခြင်း​အ​မှု​ရှိ​ကြ​ပါ၏။