YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 54

54
ရန်​သူ​ကို​ကွယ်​ကာ​ရန်​ဆု​တောင်း
"ဒါ​ဝိဒ်​သည် ကျွန်​တော်​တို့​တွင်​ပုန်း​ရှောင်၍ နေ​ပါ​သည်​မ​ဟုတ်​လော​ဟု၊ ဇိ​ဖ​သား​တို့​သည် ရှော​လု​ထံ​သို့​လာ၍ လျှောက်​သော​အ​ခါ စပ်​ဆို​သော​ဆာ​လံ။"
(၁​ရာ၊ ၂၃း၁၉၊ ၂၆း၁)
1အို​ဘု​ရား​သ​ခင်၊ နာ​မ​တော်​အား​ဖြင့် အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ။ တန်​ခိုး​တော်​အား​ဖြင့် အ​ကျွန်ုပ်​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​ပါ။ 2အ​ကျွန်ုပ်​ပြု​သော​ပ​တ္ထ​နာ​နှင့် အ​ကျွန်ုပ်​မြွက်​သော​စ​ကား​ကို နား​ထောင်​နား​ညောင်း​တော်​မူ​ပါ​ဘု​ရား။ 3အ​ကြောင်း​မူ​ကား၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် အ​ကျွန်ုပ်​ကို​ရန်​ဘက်​ပြု၍ ထ​ကြ​ပါ​ပြီ။ ကြမ်း​တမ်း​သော​သူ​တို့​သည် အ​ကျွန်ုပ်​အ​သက်​ကို ရှာ​ကြ​ပါ၏။ ဘု​ရား​သ​ခင်၏​မျက်​နှာ​တော်​ကို မ​ထောက်​ကြ​ပါ။
4ကြည့်​ရှု​လော့။ ဘု​ရား​သ​ခင်​သည် ငါ့​ကို​ကူ​မ​တော်​မူ၏။ ငါ့​အ​သက်​ကို ထောက်​ပင့်​သော​သူ​တို့​တွင် ထာ​ဝ​ရ​ဘု​ရား ရှိ​တော်​မူ၏။ 5ငါ၏​ရန်​သူ​တို့​အား မ​ကောင်း​သော​အ​ကျိုး​ကို ဆပ်​ပေး​တော်​မူ​မည်။ သ​စ္စာ​တော်​ရှိ​သည်​အ​တိုင်း သူ​တို့​ကို ပယ်​ရှင်း​တော်​မူ​ပါ။ 6အ​ကျွန်ုပ်​သည်​လည်း၊ စေ​တ​နာ​စိတ်​နှင့် ကိုယ်​တော်​အား​ယဇ်​ပူ​ဇော်​ပါ​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ နာ​မ​တော်​ကို​ချီး​မွမ်း​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ ကောင်း​မြတ်​တော်​မူ၏။ 7အ​ကျွန်ုပ်​ကို ခပ်​သိမ်း​သော​ဒု​က္ခ​ထဲ​က ကယ်​နုတ်​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ရန်​သူ​တို့​ကို ကိုယ်​မျက်​စိ​နှင့်​မြင်၍ အား​ရ​ပါ၏။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 54: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ