YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 50:11-23

ဆာလံ 50:11-23 JBMLE

တောင်​ပေါ်​မှာ​နေ​တတ်​သော ငှက်​အ​ပေါင်း​တို့​ကို ငါ​သိ၏။ တော​သား​ရဲ​တို့​သည် ငါ၌​ရှိ​ကြ၏။ ငါ​သည် ငတ်​မွတ်​လျှင် သင့်​ကို​မ​ပြော။ လော​က​ဓာတ်​နှင့် လော​က​ဥ​စ္စာ​သည် ငါ၏​ဥ​စ္စာ​ဖြစ်၏။ နွား​သား​ကို ငါ​စား​မည်​လော။ ဆိတ်​သွေး​ကို ငါ​သောက်​မည်​လော။ ကျေး​ဇူး​ချီး​မွမ်း​ခြင်း​ယဇ်​ကို ဘု​ရား​သ​ခင်​အား​ပူ​ဇော်​လော့။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း၊ အ​မြင့်​ဆုံး​သော​အ​ရာ၌ သ​စ္စာ​ဝတ်​ကို​ဖြေ​လော့။ အ​မှု​ရောက်​သည်​ကာ​လ၌ ငါ့​ကို​ပ​တ္ထ​နာ​ပြု​လော့။ ငါ​သည် ကယ်​လွှတ်​မည်။ သင်​သည်​လည်း ငါ့​ကို​ချီး​မွမ်း​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ မ​တ​ရား​သော​သူ​ကို​ကား၊ သင်​သည် ငါ၏​အ​ထုံး​အ​ဖွဲ့​တို့​ကို ကြား​ပြော၍ ငါ၏​ပ​ဋိ​ညာဉ်​တ​ရား​ကို မြွက်​ဆို​ခြင်း​ငှာ အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ဆုံး​မ​သွန်​သင်​ခြင်း​ကို သင်​သည်​မုန်း၍ ငါ့​စ​ကား​ကို သင့်​နောက်၌ ပစ်​ထား​ပါ​သည်​တ​ကား။ သင်​သည် သူ​ခိုး​ကို​မြင်​လျှင်၊ သူ​နှင့် သ​ဘော​တူ​တတ်၏။ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​တို့​နှင့် ဆက်​ဆံ​တတ်၏။ သင်၏​နှုတ်​ကို​ဒု​စ​ရိုက်၌​အပ်​နှံ၍၊ သင်၏​လျှာ​ဖြင့် မု​သား​ကို စီ​ရင်​တတ်၏။ သင်​သည်​ထိုင်​လျက်၊ ကိုယ်​ညီ​အစ်​ကို​ကို ဆန့်​ကျင်​ဘက်​ပြု၍ ပြော​ဆို​တတ်၏။ ကိုယ်​အ​မိ၏​သား​ကို ဆဲ​ရေး​တတ်၏။ ထို​သို့​ကျင့်၍ ငါ​သည်​တိတ်​ဆိတ်​စွာ​နေ​သော​ကြောင့်၊ ငါ့​ကို သင်​နှင့်​တူ​သည်​ဟု ထင်​လေ​ပြီ​တ​ကား။ သင်၏​အ​ပြစ်​ကို ငါ​ဖော်​ပြ၍၊ သင့်​မျက်​မှောက်၌ ခင်း​ထား​မည်။ ဘု​ရား​သ​ခင်​ကို မေ့​လျော့​သော​သူ​တို့၊ ဤ​အ​မှု​ကို ဆင်​ခြင်​ကြ​လော့။ သို့​မ​ဟုတ် သင်​တို့​ကို ကယ်​နုတ်​သော​သူ​မ​ရှိ။ ငါ​သည် အ​ပိုင်း​ပိုင်း​ဆွဲ​ဖြတ်​မည်။ ကျေး​ဇူး​ချီး​မွမ်း​ခြင်း​ယဇ်​ကို​ပူ​ဇော်​သော​သူ​သည် ငါ၏​ဘုန်း​ကို ထင်​ရှား​စေ​သော​သူ​ဖြစ်၏။ မိ​မိ​သွား​သော​လမ်း​ကို ဆင်​ခြင်​သော​သူ​အား​လည်း၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​ပြ​မည်​ဟု ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။