YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 149

149
ထော​မ​နာ​သီ​ချင်း
1ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​သစ်​သော​သီ​ချင်း​ကို ဆို၍၊ သန့်​ရှင်း​သူ​တို့ စည်း​ဝေး​ရာ၌ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ 2ဣ​သ​ရေ​လ​အ​မျိုး​သည် မိ​မိ​ကို​ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​ကို​အ​မှီ​ပြု၍ ဝမ်း​မြောက်​စေ။ ဇိ​အုန်​သား​တို့​သည် မိ​မိ​တို့​ရှင်​ဘု​ရင်​ကို အ​မှီ​ပြု၍ ရွှင်​လန်း​ကြ​စေ။ 3သူ​တို့​သည်​က​ခုန်​လျက် နာ​မ​တော်​ကို ချီး​မွမ်း​ကြ​စေ။ ပတ်​သာ​နှင့်​စောင်း​ကို တီး​လျက် ထော​မ​နာ​သီ​ချင်း ဆို​ကြ​စေ။ 4အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​စု​ကို နှစ်​သက်​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​အား​ဖြင့် အ​သ​ရေ​တင့်​တယ်​စေ​တော်​မူ၏။ 5သန့်​ရှင်း​သူ​တို့​သည် ဘုန်း​ကြီး၍ ဝမ်း​မြောက်​ဝမ်း​သာ​ကြ​စေ။ ကျိန်း​ဝပ်​ရာ​ပေါ်​မှာ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​စေ။ 6-9တစ်​ပါး​အ​မျိုး​သား​တို့​အား တ​ရား​အ​တိုင်း​အ​ပြစ်​ပေး၍၊ လူ​စု​တို့​အား ဒဏ်​ခတ်​ခြင်း​ငှာ​လည်း​ကောင်း၊ သူ​တို့၏​ရှင်​ဘု​ရင်​များ​ကို သံ​ကြိုး​နှင့်​ချည်​နှောင်၍၊ မှူး​မတ်​များ​ကို သံ​ခြေ​ချင်း​ခတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ကျမ်း​စာ၌​မှတ်​သား​သော​အ​ပြစ်​စီ​ရင်​ခြင်း​ကို သူ​တို့​အား ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့​သည် ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို နှုတ်​နှင့်​ချီး​မွမ်း၍၊ သန်​လျက်​ကို လက်​နှင့်​ကိုင်​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် ထို​သို့​သော​ဘုန်း​နှင့် ဆိုင်​ကြ၏။ ဟာ​လေ​လု​ယ။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 149: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ