ဆာလံ 149
149
ထောမနာသီချင်း
1ထာဝရဘုရားရှေ့တော်၌ အသစ်သောသီချင်းကို ဆို၍၊ သန့်ရှင်းသူတို့ စည်းဝေးရာ၌ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ 2ဣသရေလအမျိုးသည် မိမိကိုဖန်ဆင်းတော်မူသောဘုရားကိုအမှီပြု၍ ဝမ်းမြောက်စေ။ ဇိအုန်သားတို့သည် မိမိတို့ရှင်ဘုရင်ကို အမှီပြု၍ ရွှင်လန်းကြစေ။ 3သူတို့သည်ကခုန်လျက် နာမတော်ကို ချီးမွမ်းကြစေ။ ပတ်သာနှင့်စောင်းကို တီးလျက် ထောမနာသီချင်း ဆိုကြစေ။ 4အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူစုကို နှစ်သက်တော်မူ၏။ စိတ်နှိမ့်ချသောသူတို့ကို ကယ်တင်ခြင်းအားဖြင့် အသရေတင့်တယ်စေတော်မူ၏။ 5သန့်ရှင်းသူတို့သည် ဘုန်းကြီး၍ ဝမ်းမြောက်ဝမ်းသာကြစေ။ ကျိန်းဝပ်ရာပေါ်မှာ ရွှင်လန်းစွာ သီချင်းဆိုကြစေ။ 6-9တစ်ပါးအမျိုးသားတို့အား တရားအတိုင်းအပြစ်ပေး၍၊ လူစုတို့အား ဒဏ်ခတ်ခြင်းငှာလည်းကောင်း၊ သူတို့၏ရှင်ဘုရင်များကို သံကြိုးနှင့်ချည်နှောင်၍၊ မှူးမတ်များကို သံခြေချင်းခတ်ခြင်းငှာလည်းကောင်း၊ ကျမ်းစာ၌မှတ်သားသောအပြစ်စီရင်ခြင်းကို သူတို့အား ပြုခြင်းငှာလည်းကောင်း၊ သန့်ရှင်းသူတို့သည် ဘုရားသခင်၏ဂုဏ်တော်ကို နှုတ်နှင့်ချီးမွမ်း၍၊ သန်လျက်ကို လက်နှင့်ကိုင်ကြစေ။ ထာဝရဘုရား၏ သန့်ရှင်းသူအပေါင်းတို့သည် ထိုသို့သောဘုန်းနှင့် ဆိုင်ကြ၏။ ဟာလေလုယ။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 149: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.