YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 148

148
ဘ​ဝဂ်​ပေါ်​မှာ​ချီး​မွမ်း​ရန်
1ကောင်း​ကင်​ဘုံ၌ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ ဘ​ဝဂ်​ပေါ်​မှာ ချီး​မွမ်း​ကြ​လော့။ 2ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ပေါင်း​တို့ ချီး​မွမ်း​ကြ​လော့။ 3နေ​လ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ ထွန်း​လင်း​သော ကြယ်​အ​ပေါင်း​တို့၊ ချီး​မွမ်း​ကြ​လော့။ 4ကောင်း​ကင်​အ​ထပ်​ထပ်​နှင့် ကောင်း​ကင်​ပေါ်​မှာ ရေ​များ​တို့၊ ချီး​မွမ်း​ကြ​လော့။ 5ထို​အ​ရာ​တို့​ကို အ​မိန့်​တော်​ရှိ၍၊ ဖန်​ဆင်း​တော်​မူ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို ချီး​မွမ်း​ကြ​စေ။ 6ထို​အ​ရာ​တို့​ကို ကာ​လ​အ​စဉ်​အ​ဆက် အ​မြဲ​တည်​စေ​တော်​မူ၍၊ မ​ပျက်​ရ​သော​ဓ​မ္မ​တာ​ကို စီ​ရင်​တော်​မူ၏။
7မြေ​ကြီး၌​ရှိ​သော​အ​ရာ၊ ငါး​ကြီး​များ၊ နက်​နဲ​ရာ​အ​ရပ်​များ၊ 8မီး​နှင့်​မိုး​သီး၊ မိုး​ပွင့်​နှင့်​အ​ခိုး​အ​ငွေ့၊ အ​မိန့်​တော်​ကို နား​ထောင်​သော လေ​ပြင်း​မုန်​တိုင်း၊ 9တောင်​ကြီး​တောင်​ငယ်​ရှိ​သ​မျှ၊ အ​သီး​ကို​သီး​သော အ​ပင်၊ အာ​ရဇ်​ပင်​ရှိ​သ​မျှ၊ 10သား​ရဲ​နှင့် သား​ယဉ်​အ​ပေါင်း၊ တွား​တတ်​သော​တိ​ရိ​စ္ဆာန်​နှင့် ပျံ​တတ်​သော​ငှက် အ​စ​ရှိ​သော၊ 11လော​ကီ​ရှင်​ဘု​ရင်​များ​နှင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း၊ မင်း​များ​နှင့် လော​ကီ​တ​ရား​သူ​ကြီး​အ​ပေါင်း၊ 12လူ​ပျို​နှင့် အ​ပျို​များ၊ လူ​အို​နှင့် လူ​က​လေး​များ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ 13နာ​မ​တော်​တစ်​ပါး​တည်း​သာ​လျှင် မြတ်၍၊ ဘုန်း​တော်​သည် မြေ​ကြီး​နှင့် ကောင်း​ကင်​အ​ပေါ်​ထက်၌ ရှိ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​စေ။ 14မိ​မိ​လူ​စု​တို့၏​ဦး​ချို​ကို ချီး​မြှင့်​တော်​မူ​သ​ဖြင့်၊ အ​နီး​တော်၌​ရှိ​သော​လူ​စု၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တည်း​ဟူ​သော မိ​မိ​သန့်​ရှင်း​သူ​အ​ပေါင်း​တို့၏ ချီး​မွမ်း​ရာ​ဖြစ်​တော်​မူ၏။ ဟာ​လေ​လု​ယ။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 148: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။