YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 115

115
တစ်​ဆူ​တည်း​စစ်​မှန်​သော​ဘု​ရား
1အ​ကျွန်ုပ်​တို့၌ ဘုန်း​မ​ရှိ​စေ​ဘဲ၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့၌ ဘုန်း​မ​ရှိ​စေ​ဘဲ၊ ကိုယ်​တော်၏​နာ​မ၌ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​ကြောင့် ဘုန်း​ရှိ​ပါ​စေ​သ​တည်း။ 2သူ​တို့၏​ဘု​ရား​သ​ခင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​ဘယ်​ကြောင့် ဆို​ရ​ကြ​မည်​နည်း။ 3ငါ​တို့၏​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ၏။ အ​လို​တော်​ရှိ​သ​မျှ​အ​တိုင်း ပြု​တော်​မူ၏။ 4သူ​တို့၏​ရုပ်​တု​များ​မူ​ကား ငွေ​လည်း​ဖြစ်၏။ ရွှေ​လည်း​ဖြစ်၏။ လူ​လက်​ဖြင့် လုပ်​သော​အ​ရာ​ပေ​တည်း။#ဆာ၊ ၁၃၅:၁၅-၁၈။ ဗျာ၊ ၉:၂၀။ 5ထို​ရုပ်​တု​တို့​သည်​နှုတ်​ရှိ၍ စ​ကား​မ​ပြော​တတ်။ မျက်​စိ​ရှိ၍ မ​မြင်​တတ်။ 6နား​ရှိ၍ မ​ကြား​တတ်။ နှာ​ခေါင်း​ရှိ၍ မ​နမ်း​တတ်။ 7လက်​ရှိ၍ မ​ကိုင်​တတ်။ ခြေ​ရှိ၍ မ​သွား​တတ်။ သူ​တို့​လည်​ချောင်း​ဖြင့် အ​သံ​မ​ပြု​တတ်​ပါ​တ​ကား။ 8လုပ်​သော​သူ​တို့​လည်း အ​တူ​တူ၊ ကိုး​စား​သော​သူ​အ​ပေါင်း​တို့​လည်း အ​တူ​တူ​ပါ​တ​ကား။
9အို ဣ​သ​ရေ​လ​အ​မျိုး၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို မ​စ​သော​သူ၊ ကွယ်​ကာ​သော​သူ​ဖြစ်​တော်​မူ၏။ 10အို အာ​ရုန်​အ​မျိုး​အ​နွယ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရုန်​အ​မျိုး​အ​နွယ်​ကို မ​စ​သော​သူ၊ ကွယ်​ကာ​သော​သူ ဖြစ်​တော်​မူ၏။ 11ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့၊ ထို​ဘု​ရား​ကို ကိုး​စား​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သို့​သော​သူ​တို့​ကို မ​စ​သော​သူ၊ ကွယ်​ကာ​သော​သူ ဖြစ်​တော်​မူ၏။ 12ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​အောက်​မေ့​တော်​မူ၏။ ကောင်း​ချီး​ပေး​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​ကို ကောင်း​ချီး​ပေး​တော်​မူ​မည်။ အာ​ရုန်​အ​မျိုး​အ​နွယ်​ကို ကောင်း​ချီး​ပေး​တော်​မူ​မည်။ 13ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ အ​ကြီး​အ​ငယ်​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​မည်။#ဗျာ၊ ၁၁:၁၈၊ ၁၉:၅။ 14ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့် သင်​တို့​သား​မြေး​တို့၌ မင်္ဂ​လာ​ကို​တိုး​ပွား​စေ​တော်​မူ​မည်။ 15သင်​တို့​သည် ကောင်း​ကင်​နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​သော​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သော​သူ ဖြစ်​ကြ၏။ 16ကောင်း​ကင်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​ဖြစ်၏။ မြေ​ကြီး​ကို​ကား လူ​သား​တို့​အား ပေး​တော်​မူ​ပြီ။ 17သေ​လွန်​သော​သူ၊ ငြိမ်း​ရာ​ထဲ​သို့ ဆင်း​သော​သူ​ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​ချီး​မွမ်း​ရ​ကြ။ 18ငါ​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို ယ​ခု​မှ​စ၍ အ​စဉ်​အ​ဆက် ကောင်း​ချီး​ပေး​ကြ​လေ​အံ့​သ​တည်း။ ဟာ​လေ​လု​ယ။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 115: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ