YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 114

114
ပ​သ​ခါ​ပွဲ​တော်​သီ​ချင်း
1ဣ​သ​ရေ​လ​အ​မျိုး၊ ယာ​ကုပ်​အ​နွယ်​သည် ရိုင်း​သော​လူ​မျိုး​နေ​ရာ အဲ​ဂု​တ္တု​ပြည်​က​ထွက်​သွား​သော​အ​ခါ၊#ထွ၊ ၁၂:၅၁။ 2ယု​ဒ​အ​မျိုး​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​ဖြစ်၏။ ဣ​သ​ရေ​လ​အ​မျိုး​သည် နိုင်​ငံ​တော်​ဖြစ်၏။ 3ပင်​လယ်​သည် မြင်၍​ပြေး​လေ၏။ ယော်​ဒန်​မြစ်​လည်း နောက်​သို့​လှည့်​လေ၏။#ထွ၊ ၁၄:၂၁၊ ယောရှု၊ ၃:၁၆။ 4တောင်​ကြီး​တို့​သည် သိုး​ကဲ့​သို့​လည်း​ကောင်း၊ တောင်​ငယ်​တို့​သည် သိုး​သ​ငယ်​ကဲ့​သို့​လည်း​ကောင်း ခုန်​ကြ၏။ 5အ​ချင်း​ပင်​လယ်၊ သင်​ပြေး​သည်​အ​ကြောင်း၊ အ​ချင်း​ယော်​ဒန်​မြစ်၊ သင်​သည် နောက်​သို့​လှည့်​သည်​အ​ကြောင်း၊ 6အ​ချင်း​တောင်​ကြီး​တို့၊ သင်​တို့​သည် သိုး​ကဲ့​သို့​ခုန်​ကြ​သည်​အ​ကြောင်း၊ အ​ချင်း​တောင်​ငယ်​တို့၊ သင်​တို့​သည် သိုး​သ​ငယ်​ကဲ့​သို့​ခုန်​ကြ​သည်​အ​ကြောင်း​ကား အ​ဘယ်​သို့​နည်း။ 7အို​မြေ​ကြီး၊ အ​ရှင်၏​မျက်​နှာ​တော်​ရှေ့၊ ယာ​ကုပ်​အ​မျိုး​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏​မျက်​နှာ​တော်​ရှေ့​မှာ တုန်​လှုပ်​လျက်​နေ​လော့။ 8ဘု​ရား​သ​ခင်​သည် ကျောက်​ကို​ရေ​ကန်၊ မီး​ကျောက်​ကို စမ်း​ရေ​တွင်း​ဖြစ်​စေ​တော်​မူ​သ​တည်း။#ထွ၊ ၁၇:၁-၇၊ တော၊ ၂၀:၂-၁၃။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 114: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ