YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 112

112
သူ​တော်​ကောင်း​၏​မင်္ဂ​လာ
1ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍၊ ပ​ညတ်​တော်​တို့၌ အ​လွန်​မွေ့​လျော်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ 2ထို​သူ၏ သား​မြေး​တို့​သည် မြေ​ပေါ်​မှာ​အား​ကြီး​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​သော သူ​တို့၏​အ​မျိုး​အ​နွယ်​သည် မင်္ဂ​လာ​ရှိ​တတ်၏။ 3ထို​သူ၏​အိမ်၌ စည်း​စိမ်​ဥ​စ္စာ​ကြွယ်​ဝ၍၊ သူ၏​ကောင်း​ကျိုး​သည် အ​စဉ်​အ​မြဲ​တည်​တတ်၏။ 4သ​ဘော​ဖြောင့်​သော သူ​တို့​အ​ဖို့၊ မှောင်​မိုက်​ထဲ​မှာ အ​လင်း​ပေါ်​ထွန်း​တတ်၏။ ထို​သို့​သော​သူ​သည် ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော​နှင့် သ​နား​စုံ​မက်​တတ်​သော သ​ဘော​ရှိ၍၊ တ​ရား​သ​ဖြင့် ပြု​တတ်၏။ 5က​ရု​ဏာ​စိတ်​ရှိ၍ ချေး​ငှား​တတ်​သော​သူ​သည် ကောင်း​စား​တတ်၏။ တ​ရား​ဆုံး​ဖြတ်​ရာ​ကာ​လ၌ အောင်​ခြင်း​သို့ ရောက်​လိမ့်​မည်။ 6အ​ကယ်​စင်​စစ် လှုပ်​ရှား​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​သည် အ​စဉ်​အ​မြဲ အောက်​မေ့​ဖို့​ရာ ဖြစ်​လိမ့်​မည်။ 7မ​ကောင်း​သော သ​တင်း​ကို​မ​ကြောက်​ရ၊ စိတ်​နှ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သ​ဖြင့် တည်​ကြည်​တတ်၏။ 8သူ၏​စိတ်​နှ​လုံး​သည် မြဲ​မြံ​သည်​ဖြစ်၍၊ ရန်​သူ​တို့၌ အား​မ​ရ​မီ​တိုင်​အောင်၊ ကြောက်​ခြင်း​နှင့် လွတ်​လိမ့်​မည်။ 9သူ​သည် စွန့်​ကြဲ​ပြီ။ ဆင်း​ရဲ​သော​သူ​တို့​အား​ပေး​ကမ်း​ပြီ။ သူ၏​ဖြောင့်​မတ်​ခြင်း​သည် အ​စဉ်​အ​မြဲ တည်​တတ်၏။ သူ၏​ဦး​ချို​သည် ဂုဏ်​အ​သ​ရေ​နှင့် ချီး​မြှင့်​ခြင်း​ရှိ​လိမ့်​မည်။#၂​ကော၊ ၉:၉။ 10မ​တ​ရား​သော​သူ​တို့​သည် မြင်၍၊ နာ​ကြင်​သော​စိတ် ရှိ​ကြ​လိမ့်​မည်။ အံ​သွား​ခဲ​ကြိတ်၍ ပိန်​ချုံး​ကြ​လိမ့်​မည်။ မ​တ​ရား​သော​သူ​တို့၏​အ​လို​သည် ပျက်​စီး​ရ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 112: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။