YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 111

111
ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ခြင်း
1ငါ​သည် ဖြောင့်​မတ်​သော​သူ​တို့၏ အ​စည်း​အ​ဝေး၌​လည်း​ကောင်း၊ ပ​ရိ​သတ်၌​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ချီး​မွမ်း​မည်။ 2ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​တို့​သည် ကြီး​မြတ်​ကြ၏။ ကြည်​ညို​သော​သူ​တို့​သည် ထို​အ​မှု​တော်​တို့​ကို ရှာ​ဖွေ​လိုက်​စစ်​တတ်​ကြ၏။ 3စီ​ရင်​တော်​မူ​သော​အ​ရာ​သည် ဘုန်း​အ​သ​ရေ​နှင့် ပြည့်​စုံ၍၊ ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​လည်း အ​စဉ်​အ​မြဲ​တည်၏။ 4အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို အောက်​မေ့​ဖို့​ရာ စီ​ရင်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တတ်​သော သ​ဘော၊ သ​နား​စုံ​မက်​တတ်​သော​သ​ဘော​နှင့် ပြည့်​စုံ​တော်​မူ၏။ 5ကြောက်​ရွံ့​ရို​သေ​သော​သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို အ​စဉ်​အောက်​မေ့​တော်​မူ၏။ 6အ​မှု​တော်​တို့၌​ရှိ​သော​တန်​ခိုး​ကို မိ​မိ​လူ​တို့​အား​ပြ၍၊ တစ်​ပါး​အ​မျိုး​သား​တို့၏​အ​မွေ​ကို ပေး​တော်​မူ၏။ 7လက်​တော်​နှင့်​ပြု​သော​အ​မှု​တို့​သည် သ​စ္စာ​နှင့်​လည်း​ကောင်း၊ တ​ရား​နှင့်​လည်း​ကောင်း ယှဉ်​ကြ၏။ ပ​ညတ်​တော်​အ​လုံး​စုံ​တို့​သည် ဖောက်​ပြန်​ခြင်း​သ​ဘော​နှင့် ကင်း​လွတ်​ကြ၏။ 8သ​စ္စာ​စောင့်​ခြင်း၊ ဖြောင့်​မတ်​ခြင်း​နှင့်​ယှဉ်​သော​ကြောင့်၊ အ​စဉ်​အ​မြဲ​တည်​ကြ၏။ 9မိ​မိ​လူ​တို့၌ ရွေး​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ပြု​တော်​မူ၏။ ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို အ​စဉ်​အ​မြဲ​ထား​တော်​မူ၏။ နာ​မ​တော်​သည်​သန့်​ရှင်း၏။ ကြောက်​ရွံ့​ရို​သေ​ဖွယ်​ဖြစ်၏။ 10ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​အ​ချုပ်​အ​ခြာ​ဖြစ်၏။ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​သ​မျှ​သော​သူ​တို့​သည် ကောင်း​သော​ဉာဏ်​ရှိ​ကြ၏။ ဂုဏ်​အ​သ​ရေ​တော်​သည် အ​စဉ်​အ​မြဲ တည်​သ​တည်း။#ယောဘ၊ ၂၈:၂၈၊ သု၊ ၁:၇၊ ၉:၁၀။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 111: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။