ဆာလံ 110
110
ထာဝရဘုရားရွေးချယ်သောဘုရင်
1ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ၊ ငါမချထားမီတိုင်အောင်၊ ငါ့လက်ယာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူ၏။#မ၊ ၂၂း၂၄။ မာ၊ ၁၂း၃၆။ လု၊ ၂၀း၄၂-၄၃။ တ၊ ၂း၃၄-၃၅။ ၁ကော၊ ၁၅း၂၅။ ဧ၊ ၁း၂၀-၂၂။ ကော၊ ၃း၁။ ဟေ၊ ၁း၁၃၊ ၈း၁၊ ၁၀း၁၂-၁၃။ 2ထာဝရဘုရားသည် အရှင်၏အာဏာတော်လှံတံကို ဇိအုန်မြို့မှ လွှတ်တော်မူမည်။ ကိုယ်တော်သည် ရန်သူတို့၏အလယ်၌ အုပ်စိုးတော်မူလိမ့်မည်။ 3တန်ခိုးတော်ပြသော နေ့ရက်ကာလ၌၊ ကိုယ်တော်၏လူတို့သည် သန့်ရှင်းသော တန်ဆာကိုဆင်လျက်၊ ကြည်ညိုသောစေတနာစိတ်ရှိ၍၊ လူပျိုတော်တို့သည် နံနက်ဝမ်းထဲကထွက်သော ဆီးနှင်းကဲ့သို့ ဖြစ်ကြပါလိမ့်မည်။ 4ထာဝရဘုရားက၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တစ်ဖန် စိတ်ပြောင်းလဲခြင်းရှိတော်မမူ။။#ဟေ၊ ၅း၆၊ ၆း၂၀၊ ၇း၁၇၊ ၂၁။ 5လက်ယာတော်နားမှာရှိသောဘုရားရှင်သည် အမျက်တော်အချိန်ကာလ၌ ရှင်ဘုရင်တို့ကို ဒဏ်ခတ်တော်မူမည်။
6ငါ၏သခင်သည် တစ်ပါးအမျိုးသားတို့တွင် တရားစီရင်လျက်၊ အသေကောင်တို့ကို အနှံ့အပြားဖြစ်စေ၍၊ ကျယ်သောမြေ၌ သူတို့ဦးခေါင်းကို နှိပ်စက်တော်မူမည်။ 7လမ်းနားမှာစီးသောရေကိုသောက်၍၊ ခေါင်းတော်ကို ချီးမြှင့်တော်မူမည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 110: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.