YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 24

24
1မ​တ​ရား​သော​သူ​တို့​ကို မ​ငြူ​စူ​နှင့်။ သူ​တို့​နှင့် ပေါင်း​ဖော်​ခြင်း​ငှာ အ​လို​မ​ရှိ​နှင့်။ 2သူ​တို့​သည် ဖျက်​ဆီး​ခြင်း​ငှာ နှ​လုံး​ကြံ​စည်​တတ်၏။ နှုတ်​နှင့်​လည်း ဘေး​ပြု​မည်​စ​ကား​ကို ပြော​တတ်၏။ 3ဉာဏ်​ပ​ညာ​အား​ဖြင့် အိမ်​ကို​တည်​ဆောက်၍ ခိုင်​ခံ့​မြဲ​မြံ​စေ​ရ၏။ 4ပ​ညာ​အ​တတ်​အား​ဖြင့် အ​ခန်း​များ​တို့​သည် အ​ဖိုး​ထိုက်၍၊ နှစ်​သက်​ဖွယ်​သော ဥ​စ္စာ​အ​ပေါင်း​တို့​နှင့် ပြည့်​ရ​ကြ၏။ 5ပ​ညာ​ရှိ​သော​သူ​သည် တန်​ခိုး​ရှိ၏။ ပ​ညာ​အ​တတ်​နှင့် ပြည့်​စုံ​သော​သူ​သည် ခွန်​အား​တိုး​ပွား​တတ်၏။ 6ပ​ညာ​ရှိ​တို့​နှင့် တိုင်​ပင်​ပြီး​မှ စစ်​မှု​ကို​ပြု​ရ၏။ အ​ကြံ​ပေး​နိုင်​သော​သူ​များ​စွာ​ရှိ​လျှင်၊ ဘေး​လွတ်​တတ်၏။ 7ပ​ညာ​မြင့်​သော​ကြောင့် မိုက်​သော​သူ​မ​မီ​နိုင်။ မြို့​တံ​ခါး​ဝ၌ စ​ကား​မ​ပြော​ဝံ့။ 8မ​ကောင်း​သော​အ​မှု​ကို​ပြု​ခြင်း​ငှာ ကြံ​စည်​သော​သူ​ကို၊ ဘေး​ပြု​သော​သူ​ဟူ၍ မှည့်​ရ၏။ 9မိုက်​သော​အ​ကြံ​အ​စည်၌ အ​ပြစ်​ပါ၏။ မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည်​လည်း၊ လူ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်၏။ 10သင်​သည် အ​မှု​ရောက်​သော​ကာ​လ၌ စိတ်​ပျက်​လျှင်​အား​နည်း၏။ 11သင်္ချိုင်း​သို့​ထုတ်၍ အ​သေ​ခံ​လု​သော​သူ​တို့​ကို သင်​သည် နုတ်​အံ့​သော​ငှာ၊ အား​မ​ထုတ်​ဘဲ​နေ​လျက်၊ 12ငါ့​တို့​မ​သိ​ဟု​ဆို​သော်​လည်း၊ နှ​လုံး​သ​ဘော​ကို ဆင်​ခြင်​သော​သူ​သည် မ​မှတ်၊ သင်၏​စိတ်​ဝိ​ညာဉ်​ကို စောင့်​သော​သူ​သည် မ​သိ​ဘဲ၊ လူ​အ​သီး​အ​သီး​တို့​အား သူ​တို့​အ​ကျင့်​နှင့်​အ​လျောက်၊ အ​ကျိုး​အ​ပြစ်​ကို မ​ဆပ်​မ​ပေး​ဘဲ နေ​တော်​မူ​မည်​လော။
13ငါ့​သား၊ ပျား​ရည်​ကောင်း​သော​ကြောင့် စား​လော့။ ချို​မြိန်​သော ပျား​လ​ပို့​ကို​လည်း စား​လော့။ 14ထို​အ​တူ၊ သင်​တွေ့​ရ​သော ပ​ညာ​တ​ရား​သည် စိတ်​ဝိ​ညာဉ်၌ အ​ရ​သာ​နှင့် ပြည့်​စုံ၍၊ သင်​သည် မျှော်​လင့်​ခြင်း​အ​ကြောင်း​မ​ပျက်၊ ကောင်း​သော​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။ 15အို မ​တ​ရား​သော​သူ၊ ဖြောင့်​မတ်​သော​သူ၏​အိမ်​ကို ချောင်း၍​မ​ကြည့်​နှင့်။ သူ၏ ငြိမ်​ဝပ်​ရာ​အ​ရပ်​ကို မ​ဖျက်​နှင့်။ 16ဖြောင့်​မတ်​သော​သူ​သည် ခု​နစ်​ကြိမ်​လဲ​သော်​လည်း ထ​ပြန်​လိမ့်​မည်။ မ​တ​ရား​သော​သူ​မူ​ကား၊ လဲ​သော​အ​ခါ ဆုံး​ရှုံး​လိမ့်​မည်။ 17သင်၏​ရန်​သူ​လဲ​သော​အ​ခါ ဝမ်း​မ​မြောက်​နှင့်။ ခြေ​ထိ​ခိုက်​သော​အ​ခါ ရွှင်​လန်း​သော​စိတ်​မ​ရှိ​နှင့်။ 18ရှိ​လျှင် ထာ​ဝ​ရ​ဘု​ရား​သိ​မြင်​သ​ဖြင့်၊ မ​နှစ်​သက်​ဘဲ သူ​မှ​အ​မျက်​တော်​ကို လွှဲ​တော်​မူ​မည်။ 19မ​တ​ရား​သော​သူ​တို့​ကြောင့် စိတ်​မ​ပူ​နှင့်။ အ​ဓ​မ္မ​လူ​တို့​ကို မ​ငြူ​စူ​နှင့်။ 20အ​ကြောင်း​မူ​ကား၊ မ​တ​ရား​သော​သူ​သည် အ​ကျိုး​ကို​မ​ရ။ အ​ဓ​မ္မ​လူ၏​မီး​ခွက်​သည် သေ​လိမ့်​မည်။ 21ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​ကို​လည်း​ကောင်း၊ ကြောက်​ရွံ့​လော့။ မ​တည်​ကြည်​သော​သူ​တို့​နှင့် မရော​နှော​မ​ပေါင်း​ဖော်​နှင့်။ 22သူ​တို့​ဘေး​သည် ချက်​ချင်း​ရောက်​တတ်၏။ ထို​နှစ်​ပါး​တို့၏​အ​ဆုံး​ကို အ​ဘယ်​သူ​သိ​သ​နည်း။
ပ​ညာ​ရှိ​တို့၏​ဆုံး​မ​စ​ကား​များ​အ​ဆက်
23ထို​မှ​တစ်​ပါး၊ ပ​ညာ​ရှိ​တို့​နှင့်​ဆိုင်​သော အ​ရာ​ဟူ​မူ​ကား၊ တ​ရား​တွေ့​မှု​စီ​ရင်​ရာ​တွင် လူ​မျက်​နှာ​ကို မ​ထောက်​ကောင်း။ 24သင်​သည်​ဖြောင့်​မတ်၏​ဟု မ​တ​ရား​သော​သူ​အား​ဆို​သော​သူ​ကို လူ​အ​မျိုး​တို့​သည် ကျိန်​ဆဲ​ကြ​လိမ့်​မည်။ လူ​အ​နွယ်​တို့​သည် စက်​ဆုပ်​ရွံ​ရှာ​ကြ​လိမ့်​မည်။ 25ဆုံး​မ​ပြစ်​တင်​သော​သူ​တို့​မူ​ကား၊ စိတ်​သာ​ယာ​လျက်၊ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​လျက်​ရှိ​ကြ​လိမ့်​မည်။ 26မှန်​သော​စ​ကား​ကို ပြန်​ပြော​တတ်​သော​သူ၏​နှုတ်​ကို လူ​တိုင်း​နမ်း​လိမ့်​မည်။ 27ပြင်​အ​ရပ်​မှာ သင်၏​အ​လုပ်​ကို ပြင်​လော့။ လယ်​တော၌ ကိုယ်​အ​ဖို့ ပြင်​ဆင်​လော့။ နောက်​မှ သင်၏​နေ​ရာ​အိမ်​ကို ဆောက်​လော့။ 28သင်၏​အိမ်​နီး​ချင်း​တစ်​ဖက်၌ အ​ကြောင်း​မ​ရှိ​ဘဲ သက်​သေ​မ​ခံ​နှင့်။ ကိုယ်​နှုတ်​နှင့် သူ​တစ်​ပါး​ကို မ​လှည့်​စား​နှင့်။ 29သူ​သည် ငါ၌​ပြု​သည်​အ​တိုင်း သူ၌​ငါ​ပြု​မည်။ သူ့​အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ငါ​ဆပ်​ပေး​မည်​ဟု မ​ဆို​နှင့်။
30ပျင်း​ရိ​သော​သူ၏​လယ်​ယာ​အ​နား​နှင့်၊ ဉာဏ်​မ​ရှိ​သော​သူ၏ စ​ပျစ်​ဥ​ယျာဉ်​အ​နား​မှာ ငါ​လျှောက်​သွား​စဉ်၊ 31ဆူး​ပင်​များ​ပြား၍၊ မြေ​တစ်​ပြင်​လုံး၌ ဆူး​လေ​ပင်​အ​နှံ့​အ​ပြား​လွှမ်း​မိုး​လျက်၊ ကျောက်​ရိုး​ပြို​လျက်​ရှိ​သည်​ကို၊ 32ငါ​မြင်၍ စေ့​စေ့​ဆင်​ခြင်၏။ ကြည့်​ရှု၍ သွန်​သင်​ခြင်း​ကို ခံ​ရ၏။ 33ခ​ဏ​အိပ်​လျက်၊ ခ​ဏ​ပျော်​လျက်၊ အိပ်​ပျော်​ခြင်း​ငှာ၊ ခ​ဏ​လက်​ချင်း​ပိုက်​လျက်​နေ​စဉ်​တွင်၊ 34ဆင်း​ရဲ​ခြင်း​သည် ခ​ရီး​သွား​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ ဥ​စ္စာ​ပြုန်း​တီး​ခြင်း​သည် သူ​ရဲ​ကဲ့​သို့​လည်း​ကောင်း ရောက်​လာ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

သုတ္တံ 24: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။