YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 23

23
1မင်း​နှင့်​အ​တူ​ထိုင်၍ စား​သောက်​သော​အ​ခါ သင့်​ရှေ့​မှာ အ​ဘယ်​သူ​ရှိ​သည်​ကို စေ့​စေ့​ဆင်​ခြင်​လော့။ 2သင်​သည် စား​ကြူး​တတ်​သော​သူ​ဖြစ်​လျှင်၊ သင်၏​လည်​ချောင်း​ကို ဓား​နှင့်​ရွယ်​လော့။ 3ထို​မင်း၏ ခဲ​ဖွယ်​စား​ဖွယ်​တို့​ကို အ​လို​မ​ရှိ​နှင့်။ လှည့်​စား​တတ်​သော​အ​စာ ဖြစ်၏။ 4ငွေ​ရ​တတ်​ခြင်း​ငှာ မ​ကြိုး​စား​နှင့်။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။ 5ပျောက်​တတ်​သော​အ​ရာ​ကို စေ့​စေ့​မျက်​မှောက်​ပြု​သင့်​သ​လော။ အ​ကယ်​စင်​စစ် ရွှေ​လင်း​တ​သည် မိုး​ကောင်း​ကင်​သို့ ပျံ​တတ်​သ​ကဲ့​သို့၊ ထို​အ​ရာ​သည် အ​တောင်​တို့​ကို​လုပ်၍ ပျံ​သွား​တတ်၏။ 6မ​နာ​လို​သော​သူ၏ အ​စာ​ကို မ​စား​နှင့်။ သူ၏​ခဲ​ဖွယ်​စား​ဖွယ်​ကို အ​လို​မ​ရှိ​နှင့်။ 7သူ​သည် စိတ်​ထင်​သည်​အ​တိုင်း​ဖြစ်၏။ စား​သောက်​တော့​ဟု ဆို​သော်​လည်း စေ​တ​နာ​စိတ်​မ​ရှိ။ 8သင်​သည် စား​သော​အ​စာ​ကို တစ်​ဖန်​အန်​ရ​လိမ့်​မည်။ သင်​ချို​သော​စ​ကား​လည်း ယို​ယွင်း​လိမ့်​မည်။ 9မိုက်​သော​သူ​ကြား​အောင် စ​ကား​မ​ပြော​နှင့်။ သင်၏​စ​ကား၌​ပါ​သော​ပ​ညာ​ကို မ​ထီ​မဲ့​မြင် ပြု​လိမ့်​မည်။ 10အ​ရင်​စိုက်​သော မြေ​မှတ်​တိုင်​ကို မ​ရွှေ့​နှင့်။ မိ​ဘ​မ​ရှိ​သော​သူ​တို့၏ လယ်​ကို​မ​သိမ်း​နှင့်။ 11အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​ကို ရွေး​တော်​မူ​သော​သူ​သည် တန်​ခိုး​ကြီး၍၊ သင့်​တစ်​ဖက်၌ သူ​တို့​အ​မှု​ကို စောင့်​တော်​မူ​လိမ့်​မည်။ 12ဆုံး​မ​ဩ​ဝါ​ဒ၌ စိတ်​နှ​လုံး​စွဲ​လမ်း၍၊ ပ​ညာ​အ​တတ်​စ​ကား​ကို နာ​ခံ​လော့။ 13သူ​ငယ်​ကို မ​ဆုံး​မ​ဘဲ မ​နေ​နှင့်။ ကြိမ်​လုံး​နှင့်​ရိုက်​သော်​လည်း သူ​သည်​မ​သေ။ 14ကြိမ်​လုံး​နှင့် ရိုက်၍ သူ၏​အ​သက်​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ​မှ ကယ်​နုတ်​ရ​မည်။
15ငါ့​သား၊ သင့်​နှ​လုံး၌ ပ​ညာ​ရှိ​လျှင် ငါ့​နှ​လုံး​နှင့် ငါ့​ကိုယ်​တိုင်​သည် ဝမ်း​မြောက်​လိမ့်​မည်။ 16သင့်​နှုတ်​သည် မှန်​သော​စ​ကား​ကို​ပြော​သော​အ​ခါ၊ ငါ့​ကျောက်​ကပ်​ရွှင်​လန်း​လိမ့်​မည်။ 17အ​ပြစ်​ထင်​ရှား​သော​သူ​တို့​ကို ငြူ​စူ​သော​စိတ် မ​ရှိ​စေ​နှင့်။ တစ်​နေ့​လုံး ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော ရှိ​စေ​လော့။ 18အ​ကယ်​စင်​စစ် အ​မှု​ဆုံး​ဖြတ်​ချိန်​သည် ရောက်​လိမ့်​မည်။ သင့်​မျှော်​လင့်​ခြင်း​အ​ကြောင်း မ​ပျက်​ရာ။ 19ငါ့​သား၊ ငါ့​စ​ကား​ကို​နား​ထောင်၍ ပ​ညာ​ရှိ​သ​ဖြင့်၊ ကိုယ်​စိတ်​နှ​လုံး​ကို လမ်း​မ၌​ပဲ့​ပြင်​လော့။ 20စ​ပျစ်​ရည်​သောက်​ကြူး​သော​သူ၊ အ​မဲ​သား စား​ကြူး​သော​သူ​တို့​ကို အ​ပေါင်း​အ​ဖော် မ​လုပ်​နှင့်။ 21သောက်​ကြူး​သော​သူ​နှင့် စား​ကြူး​သော​သူ​သည် ဆင်း​ရဲ​ခြင်း​သို့ ရောက်​လိမ့်​မည်။ အိပ်​ကြူး​သော​သ​ဘော​သည် လူ​ကို အ​ဝတ်​စုတ်​နှင့် ခြုံ​တတ်၏။ 22သင့်​ကို ဖြစ်​ဖွား​စေ​သော​အ​ဘ၏​စ​ကား​ကို နား​ထောင်​လော့။ အ​သက်​ကြီး​သော အ​မိ​ကို မ​ထီ​မဲ့​မြင်​မ​ပြု​နှင့်။ 23သ​မ္မာ​တ​ရား​ကို​ဝယ်​လော့။ မ​ရောင်း​နှင့်။ ပ​ညာ​ကို​လည်း​ကောင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ကို​လည်း​ကောင်း၊ ဉာဏ်​သ​တ္တိ​ကို​လည်း​ကောင်း ထို​အ​တူ​ပြု​လော့။ 24ဖြောင့်​မတ်​သော​သူ၏​အ​ဘ​သည် အ​လွန်​ဝမ်း​မြောက်​လိမ့်​မည်။ ပ​ညာ​ရှိ​သော သား​ကို ဖြစ်​ဖွား​စေ​သော​သူ​သည် ထို​သား၌ အား​ရ​ဝမ်း​မြောက်​လိမ့်​မည်။ 25သင်၏​မိ​ဘ​တို့​သည် ဝမ်း​မြောက်၍၊ သင့်​ကို မွေး​ဖွား​သော​သူ​သည် ရွှင်​လန်း​လိမ့်​မည်။ 26ငါ့​သား၊ သင့်​နှ​လုံး​ကို ငါ့​အား​ပေး​လော့။ သင့်​မျက်​စိ​တို့​သည် ငါ​သွား​သော​လမ်း​ကို ကြည့်​မှတ်​ပါ​စေ။ 27ပြည့်​တန်​ဆာ​မ​သည် နက်​သော​ကျုံး​ကဲ့​သို့​လည်း​ကောင်း၊ အ​မျိုး​ပျက်​သော​မိန်း​မ​သည် ကျဉ်း​သော မြေ​တွင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်၏။ 28သူ​သည် ဓား​ပြ​ကဲ့​သို့​ချောင်း​ကြည့်​တတ်၏။ လွန်​ကျူး​သော ယောက်ျား​များ​ပြား​စေ​ခြင်း​ငှာ ပြု​တတ်၏။
29အ​ဘယ်​သူ​သည် ဝမ်း​နည်း​ခြင်း​ရှိ​သ​နည်း။ အ​ဘယ်​သူ​သည် ညည်း​တွား​ခြင်း​ရှိ​သ​နည်း။ အ​ဘယ်​သူ​သည် ရန်​တွေ့​ခြင်း ရှိ​သ​နည်း။ အ​ဘယ်​သူ​သည် မြည်​တမ်း​ခြင်း​ရှိ​သ​နည်း။ အ​ဘယ်​သူ​သည် အ​ကျိုး​အ​ကြောင်း​မ​ရှိ၊ ထိ​ခိုက်၍​နာ​ခြင်း​ရှိ​သ​နည်း။ အ​ဘယ်​သူ​သည် မျက်​စိ​နီ​ခြင်း​ရှိ​သ​နည်း​ဟူ​မူ​ကား၊ 30စ​ပျစ်​ရည်​ကို ကြာ​မြင့်​စွာ သောက်​လျက်​နေ​သော​သူ၊ ဆေး​နှင့်​ရော​သော စ​ပျစ်​ရည်​ကို ရှာ​တတ်​သော​သူ​တို့​သည် ထို​သို့​သော လ​က္ခ​ဏာ​ရှိ​ကြ၏။ 31ဖ​လား၌​နီ​လျက်၊ အ​ရောင်​တောက်​လျက်၊ အ​ချို​အ​မြိန်​ဝင်​လျက်​ရှိ​သော စ​ပျစ်​ရည်​ကို မ​ကြည့်​မ​ရှု​နှင့်။ 32နောက်​ဆုံး၌ မြွေ​ကဲ့​သို့ ကိုက်​တတ်၏။ မြွေ​ဆိုး​ကဲ့​သို့ နာ​စေ​တတ်၏။ 33သင့်​မျက်​စိ​တို့​သည် အ​မျိုး​ပျက်​သော​မိန်း​မ​တို့​ကို ကြည့်​ရှု၍၊ သင့်​နှ​လုံး​သည်​လည်း ကောက်​သော​စ​ကား​ကို မြွက်​ဆို​လိမ့်​မည်။ 34အ​ကယ်​စင်​စစ် သင်​သည် ပင်​လယ်​အ​လယ်၌ အိပ်​သော​သူ၊ သင်္ဘော​ရွက်​တိုင်​ဖျား​ပေါ်​မှာ အိပ်​သော​သူ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ 35သူ​တို့​သည် ငါ့​ကို​ရိုက်​ကြ​ပြီ။ သို့​သော်​လည်း ငါ​မ​နာ။ ငါ့​ကို​ထိုး​ကြ​သော်​လည်း ငါ​မ​သိ။ အ​ဘယ်​အ​ချိန်​မှ ငါ​နိုး​ရ​မည်​နည်း။ တစ်​ဖန် ငါ​ရှာ​ဦး​မည်​ဟု သင်​ဆို​လိမ့်​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

သုတ္တံ 23: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။