YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 21

21
1ရှင်​ဘု​ရင်၏​စိတ်​နှ​လုံး​သည် ရေ​ချောင်း​ကဲ့​သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌​ရှိ​သ​ဖြင့်၊ အ​လို​တော်​ရှိ​သည်​အ​တိုင်း လှည့်​စေ​တော်​မူ၏။ 2လူ​တို့​သည် မိ​မိ​တို့​ကျင့်​သ​မျှ​သော အ​ကျင့်​တို့​ကို နှစ်​သက်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ စိတ်​နှ​လုံး​တို့​ကို ချိန်​တော်​မူ၏။ 3ယဇ်​ပူ​ဇော်​ခြင်း​ကို နှစ်​သက်​သည်​ထက် ဖြောင့်​မတ်​စွာ​ပြု​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် သာ၍ နှစ်​သက်​တော်​မူ၏။ 4ထောင်​လွှား​သော​မျက်​နှာ၊ မာ​န​ကြီး​သော​နှ​လုံး၊ မ​တ​ရား​သော​သူ​တို့၏ အ​လင်း​သော်​လည်း အ​ပြစ်​ပါ၏။ 5လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ၏ အ​ကြံ​အ​စည်​သည် ကြွယ်​ဝ​ခြင်း​နှင့်​လည်း​ကောင်း၊ သ​မ္မာ​သ​တိ​မ​ရှိ​သော​သူ၏ အ​ကြံ​အ​စည်​သည် ဆင်း​ရဲ​ခြင်း​နှင့်​လည်း​ကောင်း ဆိုင်​ပေ၏။ 6မု​သား​စ​ကား​အား​ဖြင့် ဘ​ဏ္ဍာ​ကို​ဆည်း​ပူး​ခြင်း​အ​မှု​သည် သေ​မင်း​ကျော့​ကွင်း​တို့​တွင် ပျောက်​လွင့်​သော အ​န​တ္တ​ဖြစ်၏။ 7မ​တ​ရား​သော​သူ​တို့​သည် တ​ရား​သ​ဖြင့် မ​စီ​ရင်​လို​သော​ကြောင့်၊ မိ​မိ​ညှဉ်း​ဆဲ​ခြင်း​အ​ပြစ်​သည် မိ​မိ​ကို ဖျက်​ဆီး​လိမ့်​မည်။ 8လမ်း​လွှဲ​သွား​သော​သူ​သည် ကွာ​ဝေး​ရာ​သို့ ရောက်​တတ်၏။ စင်​ကြယ်​သော​သူ​ပြု​သော အ​မှု​မူ​ကား မှန်​ပေ၏။ 9ရန်​တွေ့​တတ်​သော​မိန်း​မ​နှင့်​အ​တူ လူ​များ​သော​အိမ်၌ နေ​သည်​ထက်၊ အိမ်​မိုး​ပေါ်​ထောင့်​ထဲ​မှာ​နေ​သော် သာ၍​ကောင်း၏။ 10မ​တ​ရား​သော​သူ​သည် မ​နာ​လို​သော​စိတ်​ရှိ၏။ အိမ်​နီး​ချင်း၌ ကျေး​ဇူး​ပြု​ချင်​သော​အ​လို​မ​ရှိ။ 11မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် အ​ပြစ်​ဒဏ်​ကို ခံ​ရ​သော​အ​ခါ၊ ဉာဏ်​တိမ်​သော​သူ​သည် သ​တိ​ရ​တတ်၏။ သ​တိ​ရ​သော​သူ​သည်​လည်း သွန်​သင်​ခြင်း​ကို​ခံ​သော​အ​ခါ၊ ပ​ညာ​တိုး​ပွား​တတ်၏။ 12တ​ရား​သော​သူ​သည် မ​တ​ရား​သော​သူ၏​အိမ်​ကို ပ​ညာ​စိတ်​နှင့် ဆင်​ခြင်​တတ်၏။ မ​တ​ရား​သော​သူ​တို့​မူ​ကား၊ မိ​မိ​တို့​ပြု​သော​ဒု​စ​ရိုက်​အား​ဖြင့် ပျက်​စီး​ခြင်း​သို့ ရောက်​တတ်​ကြ၏။ 13ဆင်း​ရဲ​သော​သူ၏​အော်​ဟစ်​သံ​ကို မ​ကြား​လို၍၊ နား​ကို​ပိတ်​သော​သူ​သည် ကိုယ်​တိုင်​အော်​ဟစ်၍၊ အ​ဘယ်​သူ​မျှ မ​ကြား​ရ။ 14တိတ်​ဆိတ်​စွာ​ပေး​သော​လက်​ဆောင်​သည် သူ့​စိတ်​ကို​လည်း​ကောင်း၊ ရင်​ခွင်၌​ချ​ထား​သော လက်​ဆောင်​ပ​ဏ္ဏာ​သည် ပြင်း​စွာ​သော အ​မျက်​ကို​လည်း​ကောင်း ဖြေ​တတ်၏။ 15ဖြောင့်​မတ်​သော​သူ​သည် တ​ရား​သ​ဖြင့်​စီ​ရင်၍ ဝမ်း​မြောက်​တတ်၏။ အ​ဓ​မ္မ​အ​မှု​ကို​ပြု​သော​သူ​မူ​ကား၊ ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။ 16ဉာဏ်​ပ​ညာ​လမ်း​မှ လွှဲ​သွား​သော​သူ​သည် သင်္ချိုင်း​သား​အ​စု​အ​ဝေး၌ နေ​ရာ​ကျ​လိမ့်​မည်။
17ကာ​မ​ဂုဏ်၌ မွေ့​လျော်​သော​သူ​သည် ဆင်း​ရဲ​ခြင်း​သို့​ရောက်​လိမ့်​မည်။ စ​ပျစ်​ရည်​နှင့် ဆီ​ကို​ကြိုက်​သော​သူ​သည်​လည်း ငွေ​ကို​မ​ရ​တတ်​ရ။ 18မ​တ​ရား​သော​သူ​သည် တ​ရား​သော​သူ​အ​ဖို့၊ လွန်​ကျူး​သော​သူ​သည် ဖြောင့်​မတ်​သော​သူ​အ​ဖို့ ရွေး​ရန်​ဖြစ်၏။ 19စိတ်​တို၍ ရန်​တွေ့​တတ်​သော​မိန်း​မ​နှင့် နေ​သည်​ထက်၊ တော​လွင်​ပြင်၌​နေ​သော် သာ၍​ကောင်း၏။ 20ပ​ညာ​ရှိ​သော​သူ၏​အိမ်၌ နှစ်​သက်​ဖွယ်​သော​ဘ​ဏ္ဍာ​နှင့် ဆီ​ရှိ​တတ်၏။ မိုက်​သော​သူ​မူ​ကား၊ ကုန်​စေ​တတ်၏။ 21ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် က​ရု​ဏာ​တ​ရား​ကို​ရှာ​သော​သူ​သည် အ​သက်​ရှင်​ခြင်း၊ ဖြောင့်​မတ်​ခြင်း၊ ဂုဏ်​အ​သ​ရေ​ထင်​ရှား​ခြင်း​ကို တွေ့​တတ်၏။ 22ပ​ညာ​ရှိ​သော​သူ​သည် ခိုင်​ခံ့​သော​မြို့​ရိုး​ကို​တက်၍၊ မြို့​သား ကိုး​စား​စ​ရာ​ခွန်​အား​ကို ရှုတ်​ချ​တတ်၏။ 23မိ​မိ​နှုတ်​နှင့်​လျှာ​ကို စောင့်​သော​သူ​သည် မိ​မိ​စိတ်​ဝိ​ညာဉ်​ကို ဒု​က္ခ​နှင့်​လွတ်​စေ​ခြင်း​ငှာ စောင့်​ရာ​ရောက်၏။ 24ပြင်း​စွာ​သော ဒေါ​သ​အ​မျက်၌ ကျင်​လည်​သော​သူ​ကို၊ ထောင်​လွှား​စော်​ကား​သော​သူ၊ မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ဟူ၍ သ​မုတ်​အပ်၏။ 25ပျင်း​ရိ​သော​သူ​သည် အ​လုပ်​မ​လုပ်​ချင်​သော​ကြောင့်၊ မိ​မိ​တပ်​မက်​သော​အား​ဖြင့် သေ​တတ်၏။ 26တစ်​နေ့​လုံး တပ်​မက်​အား​ကြီး​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား မ​နှ​မြော​ဘဲ စွန့်​ကြဲ​တတ်၏။ 27မ​တ​ရား​သော​သူ​ပူ​ဇော်​သော​ယဇ်​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်၏။ ထို​မျှ​မ​က၊ မ​တ​ရား​သော​စိတ်​နှင့် ပူ​ဇော်​လျှင် သာ၍​ဖြစ်၏။ 28မ​မှန်​သော​သက်​သေ​သည် ပျက်​တတ်၏။ ကိုယ်​တိုင်​ကြား​သော​သူ​မူ​ကား၊ တည်​ကြည်​စွာ ပြော​တတ်၏။ 29မ​တ​ရား​သော​သူ​သည် မိ​မိ​မျက်​နှာ​ကို ခိုင်​မာ​စေ​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ မိ​မိ​သွား​ရာ​လမ်း​ကို ပြင်​ဆင်​တတ်၏။ 30ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဉာဏ်​မ​တည်၊ ပ​ညာ​မ​တည်၊ အ​ကြံ​တစ်​စုံ​တစ်​ခု​မျှ မ​တည်​နိုင်။ 31စစ်​တိုက်​ရာ​ကာ​လ​အ​ဖို့ မြင်း​များ​ကို​ပြင်​ဆင်​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကြောင့် ချမ်း​သာ​ရ​ပါ၏။

လက်ရှိရွေးချယ်ထားမှု

သုတ္တံ 21: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။