YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 20

20
1စ​ပျစ်​ရည်​သည် လှည့်​စား​တတ်၏။ သေ​ရည် သေ​ရက်​သည် ရုန်း​ရင်း​ခတ်​ပြု​ခြင်း​အ​မှု​ကို ဖြစ်​စေ​တတ်၏။ ထို​သို့​သော​အား​ဖြင့် မှား​ယွင်း​သော​သူ​သည် ပ​ညာ​မ​ရှိ။ 2ရှင်​ဘု​ရင်​ကြောက်​စေ​သော​အ​မှု​အ​ရာ​သည် ခြင်္သေ့​ဟောက်​ခြင်း​နှင့် တူ၏။ အ​မျက်​တော်​ကို နှိုး​ဆော်​သော​သူ​သည် မိ​မိ​အ​သက်​ကို ပြစ်​မှား၏။ 3ရန်​တွေ့​ခြင်း​ကို ငြိမ်း​စေ​သော​သူ​သည် ဂုဏ်​အ​သ​ရေ​ရှိ၏။ မိုက်​သော​သူ​မူ​ကား၊ အ​မှု​နှင့် ရော​နှော​တတ်၏။ 4ချမ်း​သော​ကြောင့် ပျင်း​ရိ​သော​သူ​သည် လယ်​မ​လုပ်​လို။ ထို​ကြောင့် စ​ပါး​ရိတ်​သော​ကာ​လ၌ သူ​တစ်​ပါး​ကို တောင်း​သော်​လည်း မ​ရ​ရာ။ 5လူ​စိတ်​နှ​လုံး၌ ပ​ညာ​အ​ကြံ​သည် နက်​သော​ရေ​နှင့် တူ​သော်​လည်း၊ ဉာဏ်​ကောင်း​သော​သူ​သည် ခပ်​ယူ​လိမ့်​မည်။ 6လူ​များ​တို့​သည် မိ​မိ​တို့​ပြု​သော​ကျေး​ဇူး​ကို ကြား​ပြော​တတ်၏။ သ​စ္စာ​ရှိ​သော​သူ​ကို​ကား၊ အ​ဘယ်​သူ​ရှာ၍ တွေ့​နိုင်​သ​နည်း။ 7ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​လမ်း​သို့​လိုက်၍၊ သူ၏​သား​စဉ်​မြေး​ဆက်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ 8တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်​သော ရှင်​ဘု​ရင်​သည် မ​ကောင်း​သော​အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​ကို မျက်​စိ​တော်​နှင့် ပယ်​ရှင်း​တတ်၏။ 9ငါ​သည် ကိုယ်​စိတ်​နှ​လုံး​ကို စင်​ကြယ်​စေ​ပြီ။ အ​ပြစ်​နှင့် ကင်း​လွတ်၏​ဟု အ​ဘယ်​သူ​ဆို​နိုင်​သ​နည်း။ 10အ​လေး​ချင်း​မ​တူ​သော​အ​လေး၊ အ​ဝင်​ချင်း​မ​တူ​သော တင်း​တောင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ 11သူ​ငယ်​သော်​လည်း၊ မိ​မိ​ပြု​သော​အ​မှု​သည် စင်​သည်​မ​စင်​သည်၊ မှန်​သည်​မ​မှန်​သည်​ကို မိ​မိ​အ​ခြင်း​အ​ရာ​အား​ဖြင့်​ပြ၍၊ မိ​မိ​သ​ဘော​ကို ထင်​ရှား​စေ၏။ 12ကြား​တတ်​သော နား​ကို​လည်း​ကောင်း၊ မြင်​တတ်​သော​မျက်​စိ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား ဖန်​ဆင်း​တော်​မူ​ပြီ။ 13ဆင်း​ရဲ​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သည်​ဖြစ်၍၊ အိပ်​ခြင်း​ကို မ​တပ်​မက်​နှင့်။ နိုး​တတ်​လျှင် ဝ​စွာ​စား​ရ၏။ 14ဝယ်​သော​သူ​က၊ မ​ကောင်း​ဘူး၊ မ​ကောင်း​ဘူး​ဟု ဆို​တတ်၏။ ဝယ်၍​သွား​ပြီး​မှ ဝါ​ကြွား​တတ်၏။ 15ရွှေ​ရှိ၏။ ပ​တ္တ​မြား​လည်း​ရှိ၏။ ပ​ညာ​အ​တတ်​နှင့် ပြည့်​စုံ​သော​နှုတ်​မူ​ကား၊ အ​လွန်​အ​ဖိုး​ထိုက်​သော ရ​တ​နာ​ဖြစ်၏။ 16မ​ကျွမ်း​သော​သူ​အ​တွက်၊ အ​မျိုး​ပျက်​သော​မိန်း​မ​အ​တွက်၊ အာ​မ​ခံ​တတ်​သော​သူ​သည် အ​ဝတ်​အ​စ​ရှိ​သော ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို ပေါင်​ထား​စေ။
17လှည့်​စား၍​ရ​သော အ​စာ​သည် ချို​မြိန်​သော်​လည်း၊ စား​သော​သူ၏​နှုတ်​သည် ကျောက်​စ​ရစ်​နှင့် ပြည့်​လိမ့်​မည်။ 18အ​ကြံ​ရှိ​သော​သူ​သည် သူ​တစ်​ပါး​နှင့်​တိုင်​ပင်​လျှင်၊ အ​ကြံ​ထ​မြောက်​တတ်၏။ ကောင်း​သော​တိုင်​ပင်​ခြင်း​ရှိ​မှ​သာ စစ်​မှု​ကို​ပြု​ရ​မည်။ 19လည်၍ စ​ကား​များ​သော​သူ​သည် လျှို့​ဝှက်​အပ်​သော​အ​ရာ​ကို ဖော်​ပြ​တတ်၏။ သို့​ဖြစ်၍ ချော့​မော့​တတ်​သော​သူ​နှင့် မ​ပေါင်း​ဖော်​နှင့်။ 20အ​ကြင်​သူ​သည် မိ​ဘ​ကို​ကျိန်​ဆဲ၏။ ထို​သူ၏​မီး​ခွက်​သည် ထူ​ထပ်​သော မှောင်​မိုက်၌ သေ​လိမ့်​မည်။ 21အ​မွေ​ဥ​စ္စာ​ကို အ​စ​အ​ဦး၌ အ​လျင်​ရ​နိုင်​သော်​လည်း၊ အ​ဆုံး၌ အ​မင်္ဂ​လာ​ဖြစ်​လိမ့်​မည်။ 22ငါ​သည် ရန်​တုံ့​ပြု​မည်​ဟု မ​ဆို​နှင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ငံ့​လင့်​လော့။ သို့​ပြု​လျှင် ကယ်​တင်​တော်​မူ​လိမ့်​မည်။ 23အ​လေး​ချင်း​မ​တူ​သော အ​လေး​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ စဉ်း​လဲ​သော​ချိန်​ခွင်​လည်း အ​ပြစ်​ရှိ၏။ 24လူ​သွား​ရာ​လမ်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ၏။ သို့​ဖြစ်၍ သူ​သည် မိ​မိ​သွား​ရာ​လမ်း​တို့​ကို အ​ဘယ်​သို့ နား​လည်​နိုင်​သ​နည်း။ 25ဘု​ရား​အ​မှု၌ စ​ကား​လွန်​မိ​သော​သူ၊ သ​စ္စာ​က​တိ​ထား​ပြီး​မှ မေး​မြန်း​သော​သူ​သည် ကျော့​ကွင်း​နှင့် တွေ့​မိ​ပြီ။ 26ပ​ညာ​ရှိ​သော​ရှင်​ဘု​ရင်​သည် လူ​ဆိုး​တို့​ကို ကွဲ​ပြား​စေ၍၊ ဘီး​နှင့်​ဖိ​တတ်၏။ 27လူ၏​စိတ်​ဝိ​ညာဉ်​သည် ကိုယ်​အ​တွင်း၌ ရှိ​ရှိ​သ​မျှ​တို့​ကို စစ်​ဆေး​သော ထာ​ဝ​ရ​ဘု​ရား၏​မီး​ခွက်​ဖြစ်၏။ 28က​ရု​ဏာ​တ​ရား​နှင့် သ​စ္စာ​တ​ရား​သည် ရှင်​ဘု​ရင်​ကို​စောင့်​မ​တတ်၏။ ရာ​ဇ​ပ​လ္လင်​တော်​သည် က​ရု​ဏာ​တ​ရား​အား​ဖြင့် မြဲ​မြံ​တတ်၏။ 29လူ​ပျို၏​ဘုန်း​ကား အ​စွမ်း​သ​တ္တိ၊ လူ​အို၏​ဂုဏ်​အ​သ​ရေ​ကား ဖြူ​သော​ဆံ​ပင်​ဖြစ်၏။ 30အ​နာ​ကို မွှေ​နှောက်​ခြင်း​အား​ဖြင့် အ​ဆိုး​အ​ညစ်​နှင့် ကင်း​စင်​တတ်၏။ ဒဏ်​ချက်​ရာ​တို့​သည်​လည်း၊ ကိုယ်​အ​တွင်း​အ​ရပ်​တို့၌ ထို​သို့​သော ကျေး​ဇူး​ကို​ပြု​တတ်၏။

လက်ရှိရွေးချယ်ထားမှု

သုတ္တံ 20: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ