YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 1:3-8

ဖိလိပ္ပိ 1:3-8 JBMLE

ငါ​သည် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော အ​ခါ​ခါ၊ ဝမ်း​မြောက်​သော​စိတ်​နှင့် သင်​တို့​ရှိ​သ​မျှ​အ​ဖို့​ကို အ​စဉ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက်၊ သင်​တို့​ကို အောက်​မေ့​သော​အ​ခါ​ခါ၊ သင်​တို့​သည် ရှေ့​ဦး​စွာ​သော​နေ့​ရက်​မှ​စ၍ ယ​ခု​တိုင်​အောင် ဧ​ဝံ​ဂ​လိ​တ​ရား​ကို ဆက်​ဆံ၍ ခံ​စား​ကြောင်း​ကို ငါ​ထောက်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပါ၏။- သင်​တို့​တွင် ကောင်း​သော​အ​မှု​ကို ပြု​စ​ပြု​တော်​မူ​သော​သူ​သည်၊ ယေ​ရှု​ခ​ရစ်၏ နေ့​ရက်​တိုင်​အောင် ပြီး​စီး​လျက် ပြု​တော်​မူ​မည်​ဟု ငါ​သ​ဘော​ကျ၏။- ရှိ​သ​မျှ​သော​သင်​တို့၏ အ​မှု​အ​ရာ၌ ဤ​သို့ ငါ​ယူ​အပ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​ခံ​ရ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အ​ပေါင်း​သည် ဆက်​ဆံ​ကြ​သည်​ဖြစ်၍၊ ငါ​သည် အ​ကျဉ်း​ခံ​ရ​သော်​လည်း​ကောင်း၊ ဧ​ဝံ​ဂ​လိ​တ​ရား​ဘက်၌ သက်​သေ​ခံ၍ ထို​တ​ရား​ကို တည်​စေ​သော်​လည်း​ကောင်း၊ သင်​တို့​ကို အောက်​မေ့၏။- ငါ​သည် သင်​တို့​အ​ပေါင်း​ကို ယေ​ရှု​ခ​ရစ်၏ မေ​တ္တာ​က​ရု​ဏာ​နှင့် အ​ဘယ်​မျှ​လောက် လွမ်း​သည်​ဟု ဘု​ရား​သ​ခင်​သည် ငါ့​သက်​သေ​ဖြစ်​တော်​မူ၏။

​ဖိလိပ္ပိ 1:3-8 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။