YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 2:11-20

နေဟမိ 2:11-20 JBMLE

ငါ​သည်​လည်း၊ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်၍ သုံး​ရက်​နေ​ပြီး​မှ၊ ကိုယ်၌​ပါ​သော သူ​အ​ချို့​တို့​နှင့် တ​ကွ၊ ည​အ​ခါ​ထ၍ ယေ​ရု​ရှ​လင်​မြို့​အ​ဖို့ ပြု​ခြင်း​ငှာ၊ ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​အား အ​ဘယ်​သို့​သော အ​ကြံ​ပေး​တော်​မူ​သည်​ကို၊ အ​ခြား​သော သူ​တစ်​ယောက်​အား​မျှ မ​ပြော၊ ကိုယ်​စီး​သော မြင်း​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​မျှ​မ​ပါ​ဘဲ၊ ည​အ​ခါ ချိုင့်​တံ​ခါး​ဖြင့်​ထွက်၍၊ န​ဂါး​ရေ​တွင်း​တစ်​ဖက်​တစ်​ချက်၊ နောက်​ချေး​တံ​ခါး​တိုင်​အောင် သွား​သ​ဖြင့်၊ ယေ​ရု​ရှ​လင်​မြို့​ရိုး​သည် ပြို​ပျက်​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍ မ​ရှိ​သည်​ကို ကြည့်​ရှု​ပြီး​မှ၊ စမ်း​ရေ​တွင်း​တံ​ခါး​နှင့် ရှင်​ဘု​ရင်​ရေ​ကန်​တိုင်​အောင် လွန်​ပြန်၍၊ မြင်း​လမ်း​မ​ရှိ​သော​ကြောင့်၊ တစ်​ဖန် ထို​ည၌ ချောင်း​နား​တွင်​လျှောက်​သွား၍၊ မြို့​ရိုး​ကို ကြည့်​ရှု​ပြီး​မှ၊ ချိုင့်​တံ​ခါး​ဖြင့်​လှည့်၍ ဝင်​ပြန်​လေ၏။ အ​ဘယ်​အ​ရပ်​သို့​သွား​သည်၊ အ​ဘယ်​သို့​ပြု​သည်​ကို မင်း​တို့​သည် မ​သိ​ကြ။ ယု​ဒ​လူ၊ ယဇ်​ပု​ရော​ဟိတ်၊ မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ လုပ်​ဆောင်​သော​သူ တစ်​စုံ​တစ်​ယောက်​အား​မျှ ငါ​သည် ကိုယ်​အ​မှု​ကို​မ​ပြော​သေး။ နောက်​တစ်​ဖန်၊ ငါ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း၊ ယေ​ရု​ရှ​လင်​မြို့​ပျက်​စီး​ခြင်း၊ မြို့​တံ​ခါး​လည်း မီး​လောင်၍​ကုန်​ခြင်း​ကို သင်​တို့​သိ​မြင်​ကြ၏။ လာ​ကြ။ ကဲ့​ရဲ့​ခြင်း​နှင့် လွတ်​မည်​အ​ကြောင်း၊ ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို တည်​ကြ​ကုန်​အံ့​ဟု သူ​တို့​အား​ဆို​လျက်၊ ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​အား​ပြု​တော်​မူ​သော ကျေး​ဇူး​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​မိန့်​တော်​မူ​သော စ​ကား​ကို​လည်း​ကောင်း ကြား​ပြော​လေ​သော်၊ သူ​တို့​က၊ ငါ​တို့​သည် ထ၍​တည်​ကြ​ကုန်​အံ့​ဟု ဆို​လျက်၊ ထို​ကောင်း​မှု​ကို ပြီး​စေ​ခြင်း​ငှာ၊ တစ်​ယောက်​ကို​တစ်​ယောက် နှိုး​ဆော်​ကြ၏။ ထို​သ​တင်း​ကို ဟော​ရ​နိ​လူ သ​မ္ဘာ​လတ်၊ ကျွန်​ခံ​သူ အ​မ္မုန်​အ​မျိုး​သား​တော​ဘိ၊ အာ​ရပ်​အ​မျိုး​သား ဂေ​ရှင်​တို့​သည် ကြား​လျှင်၊ ပြက်​ရယ်​ပြု၍ သင်​တို့​သည် အ​ဘယ်​သို့ ပြု​ကြ​မည်​နည်း။ ရှင်​ဘု​ရင်​ကို ပုန်​ကန်​ကြ​မည်​လော​ဟု ကဲ့​ရဲ့​လျက်​ဆို​ကြ၏။ ငါ​က​လည်း၊ ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ခွင့်​ပေး​တော်​မူ​မည်။ ထို​ကြောင့် ဘု​ရား​သ​ခင်၏​ကျွန်​ဖြစ်​သော ငါ​တို့​သည် ထ၍​တည်​မည်။ သင်​တို့​မူ​ကား၊ ယေ​ရု​ရှ​လင်​မြို့​တွင် ဘာ​မျှ​မ​ဆိုင်​မ​ပိုင်၊ မှတ်​စ​ရာ​သက်​သေ​မ​ရှိ​ဟု ပြန်​ပြော၏။