YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 12

12
ယဇ်​ပု​ရော​ဟိတ်​နှ​င့်​လေ​ဝိ​များ
1ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယော​ရှု​နောက်​သို့ လိုက်​လာ​သော ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​ဟူ​မူ​ကား၊ စ​ရာ​ယ၊ ယေ​ရ​မိ၊ ဧ​ဇ​ရ၊ 2အာ​မ​ရိ၊ မ​လ္လုတ်၊ ဟ​တ္တုတ်၊ 3ရှေ​ခ​နိ၊ ရေ​တုံ၊ မေ​ရ​မုတ်၊ 4ဣ​ဒေါ၊ ဂိ​န္နေ​သုန်၊ အ​ဘိ​ယ၊ 5မိ​ညာ​မိန်၊ မာ​ဒျာ၊ ဗိ​လ​ဂ၊ 6ရှေ​မာ​ယ၊ ယော​ယ​ရိပ်၊ ယေ​ဒါ​ယ၊ 7သ​လ္လု၊ အာ​မောက်၊ ဟိ​လ​ခိ၊ ယေ​ဒါ​ယ​တည်း​ဟူ​သော ယော​ရှု​လက်​ထက်၌ အ​မျိုး​သား​ချင်း ယဇ်​ပု​ရော​ဟိတ်​တို့​တွင် အ​ကြီး​အ​ကဲ ဖြစ်​ကြ၏။ 8လေ​ဝိ​သား​မူ​ကား ယော​ရှု၊ ဗိ​နွိ၊ ကပ်​မျေ​လ၊ ရှေ​ရ​ဘိ၊ ယု​ဒ၊ ကျေး​ဇူး​တော် ချီး​မွမ်း​ခြင်း​အ​မှု​ကို ညီ​အစ်​ကို​တို့​နှင့်​အ​တူ အုပ်​သော မဿ​နိ​တည်း။ 9သူ​တို့​ညီ​အစ်​ကို ဗာ​က​ဗု​ကိ​နှင့် ဥ​နိ​တို့​သည် ကင်း​စောင့်​အ​မှု​ကို အုပ်​ရ​ကြ၏။
ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု​၏​သား​မြေး​များ
10ယော​ရှု​သား ယော​ယ​ကိမ်၊ ယော​ယ​ကိမ်​သား ဧ​လျာ​ရှိပ်၊ ဧ​လျာ​ရှိပ်​သား ယော​ယ​ဒ၊ 11ယော​ယ​ဒ​သား ယော​န​သန်၊ ယော​န​သန်​သား ယာ​ဒွါ​တည်း။
ယဇ်​ပု​ရော​ဟိတ်​ခေါင်း​ဆောင်​များ
12ယော​ယ​ကိမ် လက်​ထက်၌ အ​ဆွေ​အ​မျိုး​သူ​ကြီး ယဇ်​ပု​ရော​ဟိတ်​များ​ဟူ​မူ​ကား၊ စ​ရာ​ယ​သား မေ​ရာ​ယ၊ ယေ​ရ​မိ​သား ဟာ​န​နိ၊ 13ဧ​ဇ​ရ​သား မေ​ရှု​လံ၊ အာ​မ​ရိ​သား ယော​ဟ​နန်၊ 14မ​လ္လုတ်​သား ယော​န​သန်၊ ရှေ​ခ​နိ​သား ယော​သပ်၊ 15ဟာ​ရိ​မ​သား အာ​ဒ​န၊ မေ​ရာ​ယုတ်​သား ဟေ​လ​ကဲ၊ 16ဣ​ဒေါ​သား ဇာ​ခ​ရိ၊ ဂိ​န္နေ​သုန်​သား မေ​ရှု​လံ၊ 17အ​ဘိ​ယ​သား ဇိ​ခ​ရိ၊ မိ​ညာ​မိန်​သား၊ မာ​ဒျာ​သား ပိ​လ​တဲ၊ 18ဗိ​လ​ဂ​သား ရှ​မွာ၊ ရှေ​မာ​ယ​သား ယေ​ဟော​န​သန်၊ 19ယော​ယ​ရိပ်​သား မ​တ္တေ​နဲ၊ ယေ​ဒါ​ယ​သား ဩ​ဇိ၊ 20သ​လ္လု​သား ကာ​လဲ၊ အာ​မောက်​သား ဧ​ဗာ၊ 21ဟိ​လ​ခိ​သား ဟာ​ရှ​ဘိ၊ ယေ​ဒါ​ယ​သား နာ​သ​နေ​လ​တည်း။
ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့်လေ​ဝိအိမ်​ထောင်​စု​များ
22ဧ​လျာ​ရှိပ်၊ ယော​ယ​ဒ၊ ယော​ဟ​နန်၊ ယာ​ဒွါ​တို့ လက်​ထက်၌ လေ​ဝိ​သား အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​ကို​လည်း​ကောင်း၊ ပေ​ရ​လိ​မင်း ဒါ​ရိ​လက်​ထက်​တိုင်​အောင် ယဇ်​ပု​ရော​ဟိတ် တို့​ကို​လည်း​ကောင်း၊ မှတ်​သား​သော​စာ​ရင်း ရှိ၏။ 23ဧ​လျာ​ရှိပ်​သား ယော​ဟ​နန်​လက်​ထက်​တိုင်​အောင် လေ​ဝိ​သား အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​ကို စာ​ရင်း​ယူ၍ ရာ​ဇ​ဝင်​မှတ်​စာ၌ သွင်း​သ​တည်း။
ဗိ​မာန်​တော်​တွင်​တာ​ဝန်​ခွဲ​ဝေ​ခြင်း
24လေ​ဝိ​သား​အ​ကြီး​အ​ကဲ၊ ဟာ​ရှ​ဘိ၊ ရှေ​ရ​ဘိ၊ ကပ်​မျေ​လ​သား ယော​ရှု​တို့​သည် ညီ​အစ်​ကို​များ​နှင့် ဝိုင်း၍ ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်​စီ​ရင်​သည်​အ​တိုင်း ဂုဏ်​ကျေး​ဇူး​တော်​ကို ဖော်​ပြ​ချီး​မွမ်း​ခြင်း​အ​မှု​ကို အ​လှည့်​လှည့် စောင့်​ရ​ကြ၏။ 25မဿ​နိ၊ ဗာ​က​ဗု​ကိ၊ ဩ​ဗ​ဒိ၊ မေ​ရှု​လံ၊ တာ​လ​မုန်၊ အ​က္ကုပ်​တို့​သည်​လည်း တံ​ခါး​ဝ​နား​မှာ စောင့်​ရ​သော တံ​ခါး​စောင့်​ဖြစ်​ကြ၏။ 26ထို​သူ​တို့​သည် ယော​ဇ​ဒက်​သား ယော​ရှု၏​သား ယော​ယ​ကိမ်​လက်​ထက်၊ မြို့​ဝန်​နေ​ဟ​မိ​လက်​ထက်၊ ကျမ်း​တတ်​ယဇ်​ပု​ရော​ဟိတ် ဧ​ဇ​ရ​လက်​ထက်၌ ရှိ​ကြ၏။
မြို့​ရိုး​ကို​အ​နု​မော​ဒ​နာ​ပြု​ခြင်း
27ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို အ​နု​မော​ဒ​နာ​ပြု​သော​အ​ခါ၊ ခွက်​ကွင်း၊ စောင်း၊ တ​ယော​နှင့်​တီး​မှုတ်​လျက် သီ​ချင်း​ဆို​လျက် ဝမ်း​မြောက်​ခြင်း၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ အ​နု​မော​ဒ​နာ​ပြု​အံ့​သော​ငှာ လေ​ဝိ​သား​တို့​ကို​ရှာ၍ သူ​တို့​နေ​ရာ အ​ရပ်​ရပ်​တို့​က ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​ကြ၏။ 28ဓ​မ္မ​သီ​ချင်း​ကို ဆို​တတ်​သော အ​မျိုး​သား​တို့​သည်၊ 29ယေ​ရု​ရှ​လင်​မြို့ ပတ်​ဝန်း​ကျင်​ရွာ​တို့၌ နေ​ရာ​ကျ​လျက်​ရှိ၍၊ ယေ​ရု​ရှ​လင်​မြို့ ပတ်​ဝန်း​ကျင်၊ လွင်​ပြင်​အ​ရပ်​များ၊ နေ​တော​ဖာ​သိ​ရွာ​များ၊ ဂိ​လ​ဂါ​လ​မြို့​နယ်၊ ဂေ​ဗ​နှင့်​အာ​ဇ​မာ​ဝက် ကျေး​လက်​ထဲ​က​လာ၍ စည်း​ဝေး​ကြ၏။ 30ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​တို့​သည်​လည်း၊ ကိုယ်​ကို​လည်း​ကောင်း၊ လူ​များ၊ မြို့​တံ​ခါး၊ မြို့​ရိုး​ကို​လည်း​ကောင်း စင်​ကြယ်​စေ​ကြ၏။ 31ထို​အ​ခါ ယု​ဒ​မင်း​တို့​ကို မြို့​ရိုး​ပေါ်​သို့​ငါ​ခေါ်၍၊ ချီး​မွမ်း​ရာ​သီ​ချင်း​ဆို​ရ​သော လူ​စု​ကြီး​နှစ်​စု​ကို ခန့်​ထား၏။ တစ်​စု​ကား လက်​ယာ​ရစ်​လှည့်၍ နောက်​ချေး​တံ​ခါး​သို့ မြို့​ရိုး​ပေါ်​မှာ လျှောက်​သွား​ကြ၏။ 32သူ​တို့​နောက်​မှာ ဟော​ရှာ​ယ​နှင့် ယု​ဒ​မင်း​တစ်​ဝက်၊ 33အာ​ဇ​ရိ၊ ဧ​ဇ​ရ၊ မေ​ရှု​လံ၊ 34ယု​ဒ၊ ဗင်္ယာ​မိန်၊ ရှေ​မာ​ယ၊ ယေ​ရ​မိ၊ 35တံ​ပိုး​ကိုင်​သော ယဇ်​ပု​ရော​ဟိတ် အ​မျိုး​သား​အ​ချို့၊ အာ​သပ်၊ ဇ​က္ကု​ရ၊ မိ​က္ခာ​ယ၊ မဿ​နိ၊ ရှေ​မာ​ယ၊ ယော​န​သန်​တို့​မှ ဆင်း​သက်​သော ဇာ​ခ​ရိ အ​စ​ရှိ​သော၊ 36သူ၏​ညီ ရှေ​မာ​ယ၊ အာ​ဇ​ရေ​လ၊ မိ​လ​လဲ၊ ဂိ​လ​လဲ၊ မာ​ဣ၊ နာ​သ​နေ​လ၊ ယု​ဒ၊ ဟာ​န​နိ​တို့​သည် ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်၏​တူ​ရိ​ယာ​မျိုး​ကို ကိုင်​လျက်​လိုက်​ကြ၏။ ကျမ်း​တတ်​ဆ​ရာ ဧ​ဇ​ရ​သည် သူ​တို့​ရှေ့​မှာ သွား၏။ 37သူ​တို့ တစ်​ဖက်​တစ်​ချက်၌​ရှိ​သော စမ်း​ရေ​တွင်း တံ​ခါး​သို့​ရောက်​မှ မြို့​ရိုး​တက်​ရာ၊ ဒါ​ဝိဒ်​မြို့​လှေ​ကား​ဖြင့် တက်၍၊ ဒါ​ဝိဒ်​အိမ်​တော် အ​ထက် အ​ရှေ့​မျက်​နှာ၌ ရေ​တံ​ခါး​တိုင်​အောင် သွား​ကြ၏။ 38သီ​ချင်း​သည် တစ်​စု​ကား၊ လက်​ဝဲ​ဘက်​သို့​လှည့်၍၊ ငါ​နှင့်​တစ်​ဝက်​သော လူ​များ​တို့​သည် မြို့​ရိုး​ပေါ်၊ မီး​ဖို​ပြ​အိုး​မှ ကျယ်​သော​မြို့​ရိုး​တိုင်​အောင် လိုက်​ကြ၏။ 39ဧ​ဖ​ရိမ်​တံ​ခါး၊ ဟောင်း​သော​တံ​ခါး၊ ငါး​တံ​ခါး၊ ဟာ​န​နေ​လ​ပြ​အိုး၊ မေ​အာ​ပြ​အိုး​အ​ထက်​မှ​စ၍ သိုး​တံ​ခါး​တိုင်​အောင် လိုက်​သ​ဖြင့်၊ ထောင်​တံ​ခါး​ဝ​တွင် ရပ်​နေ​ကြ၏။ 40တစ်​ဖန် သီ​ချင်း​သည်​နှစ်​စု​သည် ဘု​ရား​သ​ခင်​အိမ်​တော်​တွင် ရပ်၍၊ တစ်​ဝက်​သော မင်း​အ​ရာ​ရှိ​တို့​သည် ငါ​နှင့်​အ​တူ၊ 41တံ​ပိုး​ကိုင်​သော ယဇ်​ပု​ရော​ဟိတ် ဧ​လျာ​ကိမ်၊ မာ​သေ​ယ၊ မိ​ညာ​မိန်၊ မိ​က္ခာ​ယ၊ ဧ​လိ​ဩ​နဲ၊ ဇာ​ခ​ရိ၊ ဟာ​န​နိ​နှင့်​တ​ကွ၊ 42မာ​သေ​ယ၊ ရှေ​မာ​ယ၊ ဧ​လာ​ဇာ၊ ဩ​ဇိ၊ ယော​ဟ​နန်၊ မာ​လ​ခိ​ယ၊ ဧ​လံ၊ ဧ​ဇာ တို့​သည်​ရှိ​ကြ၏။ သီ​ချင်း​သည် တို့​သည် ဆ​ရာ​ယေ​ဇ​ရာ​ဟိ​နှင့်​တ​ကွ အ​သံ​ကို​လွှင့်၍ ဆို​ကြ၏။ 43ထို​နေ့၌ များ​စွာ​သော​ယဇ်​တို့​ကို ပူ​ဇော်​ကြ၏။ အ​လွန် ဝမ်း​မြောက်​သော​အ​ခွင့်​ကို ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​ကြောင့်၊ သား​မ​ယား​နှင့်​တ​ကွ ဝမ်း​မြောက်​ခြင်း​ကို​ပြု၍ ယေ​ရု​ရှ​လင်​မြို့ ဝမ်း​မြောက်​သံ​ကို ဝေး​သော​အ​ရပ်၌ ကြား​ရ​ကြ၏။
ဗိ​မာန်​တော်​အ​တွက်​တာ၀န်​များ
44ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​တို့​သည် အ​မှု​တော်​ကို စောင့်​လျက်​နေ​သော​ကြောင့်၊ ယု​ဒ​အ​မျိုး​သား​တို့​သည် အား​ရ​ဝမ်း​မြောက်​ကြ​သည်​ဖြစ်၍၊ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​ခံ​အပ်​သော ပူ​ဇော်​သ​ကာ၊ အ​ဦး​သီး​သော​အ​သီး၊ ဆယ်​ဖို့​တစ်​ဖို့​ကို မြို့​နယ်​ကျေး​လက်​ထဲ​က သိမ်း​ယူ၍၊ သို​ထား​စ​ရာ ဘ​ဏ္ဍာ​တိုက်​များ​ကို အုပ်​ရ​သော​တိုက်​စိုး​တို့​ကို ခန့်​ထား​ကြ၏။ 45သီ​ချင်း​သည်​နှင့် တံ​ခါး​စောင့်​တို့​သည်​လည်း၊ ဒါ​ဝိဒ်​နှင့် သား​တော် ရှော​လ​မုန်​စီ​ရင်​သည်​အ​တိုင်း၊ သူ​တို့ ဘု​ရား​သ​ခင်​အ​မှု​နှင့် စင်​ကြယ်​ခြင်း​အ​မှု​ကို စောင့်​ရှောက်​လျက် နေ​ကြ၏။#၅​ရာ၊ ၂၅:၁-၈၊ ၂၆:၁၂။ 46ရှေး​ကာ​လ၊ ဒါ​ဝိဒ်​နှင့် အာ​သပ်​လက်​ထက်၌၊ ဘု​ရား​သ​ခင်၏ ဂုဏ်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ သီ​ချင်း​ကို ဆို​ရ​သော​သူ အ​ကြီး​အ​ကဲ​ရှိ​ကြ၏။ 47ဇေ​ရု​ဗ​ဗေ​လ​နှင့် နေ​ဟ​မိ​လက်​ထက်၌​လည်း၊ ဣ​သ​ရေ​လ​လူ အ​ပေါင်း​တို့​သည် နေ့​ရက်​အ​စဉ်​အ​တိုင်း သီ​ချင်း​သည်၊ တံ​ခါး​စောင့်​ခံ​အပ်​သော စား​စ​ရာ​ရိ​က္ခာ​ကို​လည်း​ကောင်း၊ လေ​ဝိ​သား​တို့​အား သန့်​ရှင်း​သော အ​ရာ​တို့​ကို​လည်း​ကောင်း လှူ​ကြ၏။ လေ​ဝိ​သား​တို့​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​တို့​အား လှူ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

နေဟမိ 12: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ