YouVersion လိုဂို
ရှာရန် အိုင်ကွန်

နာဟုံ 1:3-7

နာဟုံ 1:3-7 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည် စိတ်​ရှည်​တော်​မူ၏။ တန်​ခိုး​လည်း ကြီး​တော်​မူ၏။ သို့​ရာ​တွင်၊ အ​ပြစ်​တည်​သော သူ​တို့​ကို အ​ပြစ်​မှ လွှတ်​တော်​မ​မူ။ ထာ​ဝ​ရ​ဘု​ရား​သည် လေ​ပွေ၌​လည်း​ကောင်း၊ မိုး​သက်​မုန်​တိုင်း၌​လည်း​ကောင်း​ကြွ​တော်​မူ၍၊ မိုး​တိမ်​တို့​သည် စက်​တော်​အောက်၌ မြေ​မှုန့်​ကဲ့​သို့ ဖြစ်​ကြ၏။ ပင်​လယ်​ကို ဆုံး​မ၍ ခန်း​ခြောက်​စေ​တော်​မူ၏။ ခပ်​သိမ်း​သော မြစ်​ရေ​ကို​လည်း ကုန်​စေ​တော်​မူ၏။ ဗာ​ရှန်​တောင်​နှင့် က​ရ​မေ​လ​တောင်​တို့​သည် ညှိုး​နွမ်း​ကြ၏။ လေ​ဗ​နုန်​အ​ပွင့်​လည်း ညှိုး​နွမ်း၏။ ကိုယ်​တော်​ကြောင့် တောင်​တို့​သည် တုန်​လှုပ်​လျက်၊ ကုန်း​တို့​သည် အ​ရည်​ကျို​လျက်၊ ရှေ့​တော်၌ မြေ​ကြီး​နှင့် လော​က​ဓာတ်​မှ​စ၍ လော​က​သား​အ​ပေါင်း​တို့​သည် ရွေ့​လျက်​ရှိ​ကြ၏။ အ​မျက်​တော်​ရှေ့​မှာ အ​ဘယ်​သူ ရပ်​နိုင်​သ​နည်း။ အ​မျက်​တော်​အ​ရှိန်​ကို အ​ဘယ်​သူ ဆီး​တား​နိုင်​သ​နည်း။ မီး​လောင်​သ​ကဲ့​သို့ အ​မျက်​ထွက်၍၊ ကျောက်​တို့​ကို ဖြို​ချ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​တော်​မူ၏။ အ​မှု​ရောက်​သော​အ​ခါ ရဲ​တိုက်​ဖြစ်​တော်​မူ၏။ ခို​လှုံ​သော​သူ​တို့​ကို သိ​မှတ်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။