YouVersion လိုဂို
ရှာရန် အိုင်ကွန်

နာဟုံ 1

1
1ဧ​လ​ကော​ရှ​ရွာ​သား နာ​ဟုံ​ခံ​ရ၍၊ နိ​နေ​ဝေ​မြို့​နှင့် ဆိုင်​သော ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား၊#ဟေ​ရှာ၊ ၁၀:၅-၃၄၊ ၁၄:၂၄-၂၇။ ဇေ၊ ၂:၁၃-၁၅။
ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်
2အ​ပြစ်​ရှိ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ယုံ​လွယ်၍ ဒဏ်​ပေး​သော​ဘု​ရား ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ပေး၍ အ​မျက် ပြင်း​ထန်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ရန်​ဘက်​ပြု​သော​သူ​တို့​ကို ဒဏ်​ပေး၍၊ ရန်​သူ​တို့​ကို အ​ငြိုး​ထား​တော်​မူ၏။ 3ထာ​ဝ​ရ​ဘု​ရား​သည် စိတ်​ရှည်​တော်​မူ၏။ တန်​ခိုး​လည်း ကြီး​တော်​မူ၏။ သို့​ရာ​တွင်၊ အ​ပြစ်​တည်​သော သူ​တို့​ကို အ​ပြစ်​မှ လွှတ်​တော်​မ​မူ။ ထာ​ဝ​ရ​ဘု​ရား​သည် လေ​ပွေ၌​လည်း​ကောင်း၊ မိုး​သက်​မုန်​တိုင်း၌​လည်း​ကောင်း​ကြွ​တော်​မူ၍၊ မိုး​တိမ်​တို့​သည် စက်​တော်​အောက်၌ မြေ​မှုန့်​ကဲ့​သို့ ဖြစ်​ကြ၏။ 4ပင်​လယ်​ကို ဆုံး​မ၍ ခန်း​ခြောက်​စေ​တော်​မူ၏။ ခပ်​သိမ်း​သော မြစ်​ရေ​ကို​လည်း ကုန်​စေ​တော်​မူ၏။ ဗာ​ရှန်​တောင်​နှင့် က​ရ​မေ​လ​တောင်​တို့​သည် ညှိုး​နွမ်း​ကြ၏။ လေ​ဗ​နုန်​အ​ပွင့်​လည်း ညှိုး​နွမ်း၏။ 5ကိုယ်​တော်​ကြောင့် တောင်​တို့​သည် တုန်​လှုပ်​လျက်၊ ကုန်း​တို့​သည် အ​ရည်​ကျို​လျက်၊ ရှေ့​တော်၌ မြေ​ကြီး​နှင့် လော​က​ဓာတ်​မှ​စ၍ လော​က​သား​အ​ပေါင်း​တို့​သည် ရွေ့​လျက်​ရှိ​ကြ၏။ 6အ​မျက်​တော်​ရှေ့​မှာ အ​ဘယ်​သူ ရပ်​နိုင်​သ​နည်း။ အ​မျက်​တော်​အ​ရှိန်​ကို အ​ဘယ်​သူ ဆီး​တား​နိုင်​သ​နည်း။ မီး​လောင်​သ​ကဲ့​သို့ အ​မျက်​ထွက်၍၊ ကျောက်​တို့​ကို ဖြို​ချ​တော်​မူ၏။ 7ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​တော်​မူ၏။ အ​မှု​ရောက်​သော​အ​ခါ ရဲ​တိုက်​ဖြစ်​တော်​မူ၏။ ခို​လှုံ​သော​သူ​တို့​ကို သိ​မှတ်​တော်​မူ၏။ 8ရန်​သူ​နေ​ရာ​ကို လွှမ်း​မိုး​သော​မြစ်​ရေ​နှင့် ဆုံး​ရှုံး​စေ​တော်​မူ​သ​ဖြင့်၊ ရန်​သူ​တို့​ကို မှောင်​မိုက်​လိုက်​လိမ့်​မည်။
9ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ အ​ဘယ်​သို့ ကြံ​စည်​ကြ​သ​နည်း။ အ​ပြီး​ဆုံး​ရှုံး​စေ​တော်​မူ​မည်။ တစ်​ဖန် နှိပ်​နင်း​စ​ရာ အ​ကြောင်း​မ​ရှိ​ရ။ 10သူ​တို့​သည် ဆူး​ပင်​ကဲ့​သို့ အ​ချင်း​ချင်း ညှိ​တွယ်​လျက်၊ စ​ပျစ်​ရည်​နှင့် ယစ်​မူး​သ​ကဲ့​သို့​ဖြစ်​လျက်၊ သွေ့​ခြောက်​သော အ​မှိုက်​ကဲ့​သို့ မီး​လောင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ 11ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ မ​ကောင်း​သော အ​ကြံ​ကို ကြံ​စည်​သော အ​ဓ​မ္မ​တိုင်​ပင်​အ​မတ်​သည် သင့်​အ​ထဲ​က ပေါ်​လာ​ပြီ။ 12ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​သည် စုံ​လင်၍ အ​ရေ​အ​တွက်​အား​ဖြင့် များ​ပြား​သော်​လည်း၊ ဆုံး​ရှုံး၍ ကွယ်​ပျောက်​ရ​ကြ​လိမ့်​မည်။ သင့်​ကို ငါ​ညှဉ်း​ဆဲ​ဖူး​သော်​လည်း နောက်​တစ်​ဖန် မ​ညှဉ်း​ဆဲ။ 13ယ​ခု​မှာ သင်၌ သူ​တင်​သော ထမ်း​ပိုး​ကို ငါ​ချိုး​ပယ်၍၊ ချည်​နှောင်​သော ကြိုး​တို့​ကို​လည်း ဖြတ်​မည်။ 14သင်၏​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သည်​ကား၊ သင်၏​အ​မျိုး မ​ဆက်​မ​နွယ်​ရ။ ထု​သော​ရုပ်​တု​နှင့် သွန်း​သော ရုပ်​တု​တို့​ကို သင်၏​ဘု​ရား​ကျောင်း​မှ ငါ​ပယ်​ရှင်း​မည်။ သင်​သည် ယုတ်​မာ​သော​ကြောင့် သင်၏​သင်္ချိုင်း​ကို ငါ​လုပ်​မည်။ 15ငြိမ်​သက်​ခြင်း၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​စ​ကား​ကို ကြား​ပြော​သော​သူ၏ ခြေ​တို့​ကို တောင်​ပေါ်​မှာ ကြည့်​ကြ​လော့။ အို ယု​ဒ​အ​မျိုး၊ သင်၏​ဓ​မ္မ​ပွဲ​ကို​ခံ​လော့။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ဖြေ​လော့။ အ​ဓ​မ္မ​လူ​သည် ရှင်း​ရှင်း​ပယ်​ဖြတ်​ခြင်း​ကို ခံ​ရ​သော​ကြောင့် နောက်​တစ်​ဖန်​သင့်​ကို မ​ကျော်​မ​နင်း​ရ။#ဟေ​ရှာ၊ ၅၂:၇။

လက်ရှိရွေးချယ်ထားမှု

နာဟုံ 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ