YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 21:29-38

ရှင်လုကာ 21:29-38 JBMLE

တစ်​ဖန် ထပ်၍ မိန့်​တော်​မူ​သော ဥ​ပ​မာ​ကား၊ သင်္ဘော​သ​ဖန်း​ပင်​မှ​စ၍ သစ်​ပင်​များ​တို့​ကို မှတ်​ကြ​လော့။- အ​ရွက်​ပေါက်​သော​အ​ခါ နွေ​ကာ​လ​နီး​သည်​ကို သင်​တို့​သည် အ​လို​အ​လျောက်​သိ​မြင်​ကြ၏။- ထို​နည်း​တူ ထို​အ​ကြောင်း​အ​ရာ​များ​ဖြစ်​သည်​ကို မြင်​ရ​လျှင်၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော် တည်​လု​နီး​သည်​ကို သိ​မှတ်​ကြ​လော့။- ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​ခု​ဖြစ်​သော​လူ​များ မ​ကုန်​မီ ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။- ကောင်း​ကင်​နှင့် မြေ​ကြီး​မ​တည်​သော်​လည်း ငါ့​စ​ကား တည်​လိမ့်​မည်။ သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ သို့​မ​ဟုတ် အ​စား​အ​သောက်​လွန်​ကြူး​ခြင်း၊ လော​ကီ စိုး​ရိမ်​ခြင်း​အား​ဖြင့် စိတ်​နှ​လုံး​ပင်​ပန်း​လျက်​နေ​စဉ်၊ ထို​နေ့​ရက်​သည် အ​မှတ်​တ​မဲ့ သင်​တို့​နှင့် တွေ့​ကြုံ​လိမ့်​မည်။- ထို​နေ့​ရက်​သည် ပိုက်​ကွန်​ကဲ့​သို မြေ​တစ်​ပြင်​လုံး၌​နေ​သော လူ​အ​ပေါင်း​တို့​ကို အုပ်​မိ​လိမ့်​မည်။- ထို​ကြောင့် သင်​တို့​သည် ဖြစ်​လ​တ္တံ့​သော အ​မှု​အ​ရာ​တို့​နှင့် ကင်း​လွတ်၍ လူ​သား​ထံ​သို့ ရောက်​ခြင်း​ကို ခံ​ထိုက်​သော​သူ​ဖြစ်​သည်​ဟု မှတ်​တော်​မူ​မည်​အ​ကြောင်း၊ အ​စဉ်​ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ထို​သို့ ကိုယ်​တော်​သည် နေ့​ရက်​အ​စဉ်​အ​တိုင်း ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။ ည​အ​ချိန်​ရောက်​လျှင် သံ​လွင်​အ​မည်​ရှိ​သော​တောင်​သို့ သွား၍ ည​ကို လွန်​စေ​တော်​မူ၏။- နံ​နက်​စော​စော လူ​များ​အ​ပေါင်း​တို့​သည် ဗိ​မာန်​တော်​သို့​သွား၍ အ​ထံ​တော်၌ ဒေ​သ​နာ​တော်​ကို နား​ထောင်​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။