YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 17:20-37

ရှင်လုကာ 17:20-37 JBMLE

ဖာ​ရိ​ရှဲ​တို့​သည် လာ၍၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် အ​ဘယ်​ကာ​လ​မှ တည်​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊ ယေ​ရှု​က၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် မျက်​မြင်​သော​အ​ရာ၌ မ​တည်။- ဤ​အ​ရပ်၌ ကြည့်​ပါ။ ထို​အ​ရပ်၌ ကြည့်​ပါ​ဟု ပြော​စ​ရာ​အ​ခွင့်​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် သင်​တို့၏​အ​ထဲ၌​ရှိ​သည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် လူ​သား၏​နေ့​ရက်​တစ်​ရက်​ကို​မျှ တွေ့​မြင်​လို၍၊ မ​တွေ့​မ​မြင်​ရ​သော အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။- ဤ​အ​ရပ်၌ ကြည့်​ပါ။ ထို​အ​ရပ်၌ ကြည့်​ပါ​ဟု သင်​တို့​အား​ပြော​ဆို​သော်​လည်း မ​လိုက်​မ​သွား​ကြ​နှင့်။- ကောင်း​ကင်​တစ်​ဖက်​မှ ပြက်​သော​လျှပ်​စစ်​သည် ကောင်း​ကင်​အ​နှံ့​အ​ပြား ထွန်း​လင်း​သ​ကဲ့​သို့၊ လူ​သား​သည် မိ​မိ​နေ့​ရက်၌ ဖြစ်​တော်​မူ​လ​တ္တံ့။- ထို​သို့​မ​ဖြစ်​မီ သူ​သည် များ​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​ကို​လည်း​ကောင်း၊ ယ​ခု​လူ​မျိုး၏ ငြင်း​ပယ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။ နော​ဧ​လက်​ထက်၌ ဖြစ်​သ​ကဲ့​သို့ လူ​သား​လက်​ထက်၌ ဖြစ်​လိမ့်​မည်။- နော​ဧ​သည် သင်္ဘော​ထဲ​သို့​ဝင်၍၊ ရေ​လွှမ်း​မိုး​ခြင်း​ဖြစ်​သ​ဖြင့် လူ​ခပ်​သိမ်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​သည် နေ့​တိုင်​အောင် လူ​များ​တို့​သည် စား​သောက်​လျက်၊ ထိမ်း​မြား​စုံ​ဖက်​လျက် နေ​ကြ၏။- ထို​နည်း​တူ၊ လော​တ​လက်​ထက်၌ လူ​များ​တို့​သည် စား​သောက်​ရောင်း​ဝယ်​လျက်၊ စိုက်​ပျိုး​လျက်၊ အိမ်​ဆောက်​လျက် နေ​သ​ကဲ့​သို့​လည်း​ကောင်း၊- လော​တ​သည် သော​ဒုံ​မြို့​မှ​ထွက်​သော​နေ့၌ ကောင်း​ကင်​မှ ကန့်​နှင့်​ရော​သော​မီး​မိုး​ရွာ၍ ထို​လူ​အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​သ​ကဲ့​သို့​လည်း​ကောင်း၊- လူ​သား​ပေါ်​ထွန်း​သော​နေ့၌ ဖြစ်​လိမ့်​မည်။ ထို​နေ့​ရက်၌ အိမ်​မိုး​ပေါ်​မှာ​ရှိ​သော​သူ​သည် မိ​မိ အိမ်​ထဲ​မှာ​ရှိ​သော​ဥ​စ္စာ​ကို ယူ​ခြင်း​ငှာ မ​ဆင်း​စေ​နှင့်။ ထို​အ​တူ၊ လယ်၌​ရှိ​သော​သူ​သည် နောက်​သို့​လှည့်၍ မ​ပြန်​လာ​စေ​နှင့်။- လော​တ၏​မ​ယား​ကို အောက်​မေ့​ကြ​လော့။- အ​ကြင်​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​ခြင်း​ငှာ ရှာ​ကြံ၏။ ထို​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ အ​ကြင်​သူ​သည် အ​သက်​ရှုံး၏။ ထို​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​လိမ့်​မည်။- ငါ​ဆို​သည်​ကား၊ ထို​နေ့​ည​တွင် အိပ်​ရာ​တစ်​ခု၌ ရှိ​သော​သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကို​သိမ်း​ယူ၍ တစ်​ယောက်​မူ​ကား နေ​ရစ်​ရ​လ​တ္တံ့။- ကြိတ်​ဆုံ​ကြိတ်​သော သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကို​သိမ်း​ယူ၍ တစ်​ယောက်​မူ​ကား နေ​ရစ်​ရ​လ​တ္တံ့။- လယ်၌​ရှိ​သော သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကို သိမ်း​ယူ၍ တစ်​ယောက်​မူ​ကား နေ​ရစ်​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ​လျှင်၊ သ​ခင်၊ အ​ဘယ်​အ​ရပ်၌ ထို​သို့​ဖြစ်​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​သော်၊ အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်၌ ရွှေ​လင်း​တ​တို့​သည် စု​ဝေး​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

Video for ရှင်လုကာ 17:20-37