YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 17

17
အ​ပြစ်
(မ၊ ၁၈:၆-၇၊ ၂၁-၂၂။ မာ၊ ၉:၄၂)
1တ​ပည့်​တော်​တို့​အား တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ မှား​ယွင်း​စ​ရာ​အ​ကြောင်း ရှိ​ရ​မည်။ သို့​သော်​လည်း မှား​ယွင်း​စ​ရာ​အ​ကြောင်း​ကို ဖြစ်​စေ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။- 2ဤ​သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို မှား​ယွင်း​စေ​သည်​ထက်၊ လည်​ပင်း၌ ကြိတ်​ဆုံ​ကျောက်​ကို​ဆွဲ၍ ပင်​လယ်၌ ချ​ခြင်း​ကို ခံ​ရ​လျှင် အ​နေ​သာ၍​ကောင်း၏။- 3သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ သင်၏​ညီ​အစ်​ကို​သည် သင့်​ကို​ပြစ်​မှား​လျှင် သူ့​ကို ဆုံး​မ​လော့။ သူ​သည် နောင်​တ​ရ​လျှင် သူ၏​အ​ပြစ်​ကို​လွှတ်​လော့။-#မ၊ ၁၈:၁၅။ 4တစ်​နေ့​ချင်း​တွင် ခု​နစ်​ကြိမ်​မြောက်​အောင် သင့်​ကို​ပြစ်​မှား၍၊ ခု​နစ်​ကြိမ်​မြောက်​အောင် သင့်​ထံ​သို့ လှည့်၍ နောင်​တ​ရ​ပါ၏​ဟု​ဆို​လျှင်၊ သူ၏​အ​ပြစ်​ကို လွှတ်​လော့​ဟု မိန့်​တော်​မူ၏။
ယုံ​ကြည်​ခြင်း
5တ​မန်​တော်​တို့​က၊ အ​ကျွန်ုပ်​တို့ ယုံ​ကြည်​ခြင်း​စိတ်​ကို တိုး​ပွား​စေ​တော်​မူ​ပါ​ဟု သ​ခင်​ဘု​ရား​ကို တောင်း​ပန်​ကြ​လျှင်၊- 6သ​ခင်​ဘု​ရား​က၊ သင်​တို့​သည် မုန်​ညင်း​စေ့​ခန့်​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင် ထို​သ​ဖန်း​ပင်​ကို၊ အ​ချင်း​အ​ပင်၊ သင်​သည် အ​မြစ်​နှင့်​တ​ကွ​နုတ်၍ ပင်​လယ်၌ စိုက်​လျက်​နေ​လော့​ဟု ဆို​ကြ​သော် သင်​တို့​စ​ကား​ကို နား​ထောင်​လိမ့်​မည်။
အ​စေ​ခံ​၏​ဝ​တ္တ​ရား
7အ​စေ​အ​ပါ​သည် လယ်​ထွန်​သော်​လည်း​ကောင်း၊ သိုး၊ နွား ကျောင်း​သော်​လည်း​ကောင်း၊ လယ်​ပြင်​မှ​လာ၍ အိမ်​သို့​ဝင်​သော​အ​ခါ၊ ထို​အ​စေ​အ​ပါ​ကို၊ အ​သော့​လာ၍ စား​ပွဲ၌ လျောင်း​လော့​ဟု သင်​တို့​တွင် အ​ဘယ်​သူ​ပြော​မည်​နည်း။- 8ထို​အ​စေ​အ​ပါ​ကို၊ ငါ​စား​စ​ရာ​ဖို့ ပြင်​လော့။ ငါ​စား​သောက်​စဉ်​တွင် ခါး​ကို​စည်း၍ ငါ့​ကို လုပ်​ကျွေး​လော့။ ထို​နောက်​မှ သင်​သည် စား​သောက်​ရ​မည်​ဟု ပြော​မည်​မ​ဟုတ်​လော။- 9ထို​အ​စေ​အ​ပါ​သည် သ​ခင်​စီ​ရင်​သည်​အ​တိုင်း ပြု​သော​ကြောင့်၊ သ​ခင်၌ ကျေး​ဇူး​တင်​သ​လော။ ကျေး​ဇူး​မ​တင်။- 10ထို​နည်း​တူ မှာ​ထား​တော်​မူ​သ​မျှ​တို့​ကို သင်​တို့​သည် ကျင့်​ပြီး​မှ၊ ငါ​တို့​သည် သ​ခင်၌ ကျေး​ဇူး​ပြု​သော အ​စေ​အ​ပါ ဖြစ်​သည်​မ​ဟုတ်။ ဝတ်​ပြေ​ရုံ​မျှ​သာ​ရှိ​သည်​ဟု ဝန်​ခံ​ကြ​လော့​ဟု မိန့်​တော်​မူ၏။
နူနာ​တစ်ကျိပ်ကိုကုသ​ခြင်း
11ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​တော်​မူ​စဉ်၊ ရှ​မာ​ရိ​ပြည်​နှင့် ဂါ​လိ​လဲ​ပြည်​စပ်​ကြား၌ လျှောက်​သွား​တော်​မူ၏။- 12ရွာ​တစ်​ရွာ​သို့ ဝင်​တော်​မူ​သည်​တွင်၊ နူ​နာ​စွဲ​သော​သူ​တစ်​ကျိပ်​တို့​သည် ခ​ရီး​ဦး​ကြို​ပြု၍ အ​ဝေး​က​ရပ်​လျက်၊- 13သ​ခင်​ယေ​ရှု၊ အ​ကျွန်ုပ်​တို့​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​ကြ၏။- 14ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ သင်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် သွား​စဉ်​တွင် သန့်​ရှင်း​ခြင်း​သို့ ရောက်​ကြ၏။-#ဝတ်၊ ၁၄:၁-၃၂။ 15ထို​သူ​တို့​တွင် တစ်​ယောက်​သော​သူ​သည် အ​နာ​ရော​ဂါ​ကင်း​လွတ်​သည်​ကို သိ​မြင်​လျှင်၊ ပြန်​လာ၍ ကြီး​သော​အ​သံ​နှင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လေ၏။- 16ခြေ​တော်​ရင်း၌ ပျပ်​ဝပ်၍ ကျေး​ဇူး​တော်​ကြီး​လှ​ပါ​သည်​ဟု ဝန်​ခံ​လေ၏။ ထို​သူ​သည် ရှ​မာ​ရိ​လူ ဖြစ်​သ​တည်း။- 17ယေ​ရှု​က​လည်း၊ တစ်​ကျိပ်​သော​သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ကြ​သည်​မ​ဟုတ်​လော။ ကိုး​ယောက်​သော​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။- 18ဤ​တစ်​ပါး​အ​မျိုး​သား​ကို​ထား၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ခြင်း​ငှာ ပြန်​လာ​သော​သူ တစ်​ယောက်​မျှ မ​ရှိ​သ​လော​ဟု မေး​တော်​မူ​ပြီး​မှ၊- 19သင်​ထ၍ သွား​လော့။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင်၏​အ​နာ​ကို​ငြိမ်း​စေ​ပြီ​ဟု ထို​သူ​အား မိန့်​တော်​မူ၏။
နိုင်​ငံ​တော်​တည်​မ​ည့်​အ​ချိန်
(မ၊ ၂၄:၂၃-၂၈၊ ၃၇-၄၁)
20ဖာ​ရိ​ရှဲ​တို့​သည် လာ၍၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် အ​ဘယ်​ကာ​လ​မှ တည်​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊ ယေ​ရှု​က၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် မျက်​မြင်​သော​အ​ရာ၌ မ​တည်။- 21ဤ​အ​ရပ်၌ ကြည့်​ပါ။ ထို​အ​ရပ်၌ ကြည့်​ပါ​ဟု ပြော​စ​ရာ​အ​ခွင့်​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် သင်​တို့၏​အ​ထဲ၌​ရှိ​သည်​ဟု မိန့်​တော်​မူ၏။
22တစ်​ဖန် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် လူ​သား၏​နေ့​ရက်​တစ်​ရက်​ကို​မျှ တွေ့​မြင်​လို၍၊ မ​တွေ့​မ​မြင်​ရ​သော အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။- 23ဤ​အ​ရပ်၌ ကြည့်​ပါ။ ထို​အ​ရပ်၌ ကြည့်​ပါ​ဟု သင်​တို့​အား​ပြော​ဆို​သော်​လည်း မ​လိုက်​မ​သွား​ကြ​နှင့်။- 24ကောင်း​ကင်​တစ်​ဖက်​မှ ပြက်​သော​လျှပ်​စစ်​သည် ကောင်း​ကင်​အ​နှံ့​အ​ပြား ထွန်း​လင်း​သ​ကဲ့​သို့၊ လူ​သား​သည် မိ​မိ​နေ့​ရက်၌ ဖြစ်​တော်​မူ​လ​တ္တံ့။- 25ထို​သို့​မ​ဖြစ်​မီ သူ​သည် များ​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​ကို​လည်း​ကောင်း၊ ယ​ခု​လူ​မျိုး၏ ငြင်း​ပယ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။
26နော​ဧ​လက်​ထက်၌ ဖြစ်​သ​ကဲ့​သို့ လူ​သား​လက်​ထက်၌ ဖြစ်​လိမ့်​မည်။-#က၊ ၆:၅-၈။ 27နော​ဧ​သည် သင်္ဘော​ထဲ​သို့​ဝင်၍၊ ရေ​လွှမ်း​မိုး​ခြင်း​ဖြစ်​သ​ဖြင့် လူ​ခပ်​သိမ်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​သည် နေ့​တိုင်​အောင် လူ​များ​တို့​သည် စား​သောက်​လျက်၊ ထိမ်း​မြား​စုံ​ဖက်​လျက် နေ​ကြ၏။-#က၊ ၇:၆-၂၄။ 28ထို​နည်း​တူ၊ လော​တ​လက်​ထက်၌ လူ​များ​တို့​သည် စား​သောက်​ရောင်း​ဝယ်​လျက်၊ စိုက်​ပျိုး​လျက်၊ အိမ်​ဆောက်​လျက် နေ​သ​ကဲ့​သို့​လည်း​ကောင်း၊-#က၊ ၁၈:၂၀-၁၉:၂၅။ 29လော​တ​သည် သော​ဒုံ​မြို့​မှ​ထွက်​သော​နေ့၌ ကောင်း​ကင်​မှ ကန့်​နှင့်​ရော​သော​မီး​မိုး​ရွာ၍ ထို​လူ​အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​သ​ကဲ့​သို့​လည်း​ကောင်း၊- 30လူ​သား​ပေါ်​ထွန်း​သော​နေ့၌ ဖြစ်​လိမ့်​မည်။
31ထို​နေ့​ရက်၌ အိမ်​မိုး​ပေါ်​မှာ​ရှိ​သော​သူ​သည် မိ​မိ အိမ်​ထဲ​မှာ​ရှိ​သော​ဥ​စ္စာ​ကို ယူ​ခြင်း​ငှာ မ​ဆင်း​စေ​နှင့်။ ထို​အ​တူ၊ လယ်၌​ရှိ​သော​သူ​သည် နောက်​သို့​လှည့်၍ မ​ပြန်​လာ​စေ​နှင့်။-#မ၊ ၂၄:၁၇-၁၈။ မာ၊ ၁၃:၁၅-၁၆။ 32လော​တ၏​မ​ယား​ကို အောက်​မေ့​ကြ​လော့။-#က၊ ၁၉:၂၆။ 33အ​ကြင်​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​ခြင်း​ငှာ ရှာ​ကြံ၏။ ထို​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ အ​ကြင်​သူ​သည် အ​သက်​ရှုံး၏။ ထို​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​လိမ့်​မည်။-#မ၊ ၁၀:၃၉၊ ၁၆:၂၅။ မာ၊ ၈:၃၅။ လု၊ ၉:၂၄။ ယော၊ ၁၂:၂၅။ 34ငါ​ဆို​သည်​ကား၊ ထို​နေ့​ည​တွင် အိပ်​ရာ​တစ်​ခု၌ ရှိ​သော​သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကို​သိမ်း​ယူ၍ တစ်​ယောက်​မူ​ကား နေ​ရစ်​ရ​လ​တ္တံ့။- 35ကြိတ်​ဆုံ​ကြိတ်​သော သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကို​သိမ်း​ယူ၍ တစ်​ယောက်​မူ​ကား နေ​ရစ်​ရ​လ​တ္တံ့။- 36လယ်၌​ရှိ​သော သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကို သိမ်း​ယူ၍ တစ်​ယောက်​မူ​ကား နေ​ရစ်​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ​လျှင်၊ 37သ​ခင်၊ အ​ဘယ်​အ​ရပ်၌ ထို​သို့​ဖြစ်​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​သော်၊ အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်၌ ရွှေ​လင်း​တ​တို့​သည် စု​ဝေး​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ရှင်လုကာ 17: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။