YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 9

9
အာ​ရုန်​ယဇ်​ပူ​ဇော်​ခြင်း
1အ​ဋ္ဌ​မ​နေ့၌ မော​ရှေ​သည် အာ​ရုန်​နှင့်​သူ၏​သား​များ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​များ​တို့​ကို​ခေါ်၍၊ 2အာ​ရုန်​အား၊ သင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော နွား​သ​ငယ်​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော သိုး​ထီး​တစ်​ကောင်​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပူ​ဇော်​လော့။ 3ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​လည်း သင်​တို့​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​အ​ခါ​လည်​သော နွား​သ​ငယ်​တစ်​ကောင်၊ သိုး​သ​ငယ်​တစ်​ကောင်၊ 4ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပူ​ဇော်​သော​မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ ဆီ​နှင့်​ရော​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ယူ​ကြ​လော့။ ယ​နေ့​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ထင်​ရှား​တော်​မူ​မည်​ကို ပြော​လော့​ဟု​ဆို​လေ၏။ 5မော​ရှေ​မှာ​ထား​သော​အ​ရာ​တို့​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​သို့ ဆောင်​ခဲ့​ပြီး​မှ၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ချဉ်း​ကပ်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​ကြ၏။ 6မော​ရှေ​က​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ဤ​သို့​ပြု​ကြ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် သင်​တို့​အား​ထင်​ရှား​မည်​ဟူ၍​လည်း​ကောင်း၊ 7အာ​ရုန်​အား​လည်း၊ သင်​သည်​ယဇ်​ပ​လ္လင်​သို့​သွား၍ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်၏​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​သ​ဖြင့်၊ သင်​နှင့်​လူ​များ​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လော့။ လူ​များ​ဆောင်​ယူ​ခဲ့​သော ပူ​ဇော်​သ​ကာ​ကို​လည်း​ပူ​ဇော်၍၊ သူ​တို့​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လော့​ဟူ၍​လည်း​ကောင်း​ဆို​လေ၏။
8အာ​ရုန်​သည်​လည်း၊ ယဇ်​ပ​လ္လင်​သို့​သွား၍ မိ​မိ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​သ​ငယ်​ကို သတ်​လေ၏။ 9သူ၏​သား​တို့​လည်း အ​သွေး​ကို​ယူ​ဆောင်​ခဲ့​သ​ဖြင့်၊ အာ​ရုန်​သည် မိ​မိ​လက်​ညှိုး​ကို အ​သွေး၌​နှစ်၍ ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​လေ၏။ 10အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​ဆီ​ဥ၊ ကျောက်​ကပ်၊ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​လေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ ထား​တော်​မူ၏။ 11အ​သား​နှင့်​အ​ရေ​ကို တပ်​ပြင်​မှာ​မီး​ရှို့​လေ၏။ 12မီး​ရှို့​ရာ​ယဇ်​ကောင်​ကို​လည်း​သတ်၍၊ သူ၏​သား​တို့​သည် အ​သွေး​ကို ဆက်​ပြီး​လျှင်၊ သူ​သည် ယဇ်​ပ​လ္လင်​အ​ပေါ်​ပတ်​လည်၌ ဖျန်း​လေ၏။ 13သူ​တို့​သည် မီး​ရှို့​ရာ​ယဇ်​ကောင်​သား​တစ်​များ​နှင့် ခေါင်း​ကို​ဆက်၍၊ သူ​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​လေ၏။ 14ဝမ်း​ထဲ၌​ရှိ​သော​အ​ရာ​များ​နှင့် ခြေ​တို့​ကို​ဆေး​ကြော၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​နှင့်​အ​တူ ရှို့​လေ၏။
15လူ​များ​ပူ​ဇော်​သ​ကာ​ကို​လည်း ဆောင်​ခဲ့၍၊ လူ​များ​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သော ဆိတ်​ကို​ယူ​သတ်​ပြီး​လျှင်၊ ရှေ့​နည်း​အ​တူ အ​ပြစ်​အ​တွက်​ပူ​ဇော်​လေ၏။ 16မီး​ရှို့​ရာ​ယဇ်​ကောင်​ကို​လည်း ဆောင်​ခဲ့၍၊ ထို​နည်း​တူ ပူ​ဇော်​လေ၏။ 17ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို​လည်း ဆောင်​ခဲ့​ပြီး​လျှင်၊ တစ်​လက်​ဆွန်း​ကို​ယူ၍ ယဇ်​ပ​လ္လင်၌ နံ​နက်​မီး​ရှို့​ရာ​ယဇ်​နား​မှာ မီး​ရှို့​လေ၏။ 18လူ​များ​အ​တွက် မိတ်​သ​ဟာ​ယ​ယဇ်​နွား​ထီး၊ သိုး​ထီး​ကို​လည်း​သတ်၍၊ သူ၏​သား​တို့​သည် အ​သွေး​ကို​ဆက်​ပြီး​လျှင်၊ သူ​သည် ယဇ်​ပ​လ္လင်​အ​ပေါ်​ပတ်​လည်၌ ဖျန်း​လေ၏။ 19အ​မြီး​နှင့်​တ​ကွ အ​အူ​ကို​ဖုံး​သော​ဆီ​ဥ၊ ကျောက်​ကပ်၊ အ​သည်း​အ​မြှေး​တည်း​ဟူ​သော သိုး​နွား​ဆီ​ဥ​ကို၊ 20ရင်​ပတ်​ပေါ်​မှာ​တင်၍ ယဇ်​ပ​လ္လင်၌​မီး​ရှို့​လေ၏။ 21ရင်​ပတ်​နှင့်​လက်​ယာ​ပ​ခုံး​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ၍၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ကို​ပြု​လေ၏။ ထို​သို့​ပြု​ရ​မည်​ဟု မော​ရှေ​မှာ​ထား​သ​တည်း။ 22အာ​ရုန်​သည် မိ​မိ​လက်​ကို လူ​များ​ရှေ့​သို့​ချီ​လျက်၊ ကောင်း​ချီး​ပေး၍၊ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို ပူ​ဇော်​ရာ​မှ​ဆင်း​လေ၏။ 23တစ်​ဖန် မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ထဲ​သို့​ဝင်၍ ထွက်​ပြီး​မှ၊ လူ​များ​ကို​ကောင်း​ချီး​ပေး​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် လူ​များ​တို့​အား​ထင်​ရှား​လေ၏။ 24ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​မီး​ထွက်၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော မီး​ရှို့​ရာ​ယဇ်​နှင့်​ဆီ​ဥ​ကို လောင်​လေ၏။ ထို​အ​ကြောင်း​အ​ရာ​ကို လူ​များ​တို့​သည်​မြင်​သော​အ​ခါ ကြွေး​ကြော်၍​ပျပ်​ဝပ်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာ 9: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ