YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 11

11
စင်​ကြယ်၊ မ​စင်​ကြယ်​သော​တိ​ရ​စ္ဆာန်
(တ​ရား၊ ၁၄:၃-၂၁)
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် အာ​ရုန်​တို့​ကို ခေါ်​တော်​မူ၍၊ 2သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော သား​တ​ကာ​တို့​တွင်၊ 3ခွာ​ကွဲ​ပြား၍​စား​မြုံ့​ပြန်​သော​သား​များ​ကို သင်​တို့​သည် စား​ရ​သော​အ​ခွင့်​ရှိ၏။ 4သို့​သော်​လည်း၊ စား​မြုံ့​ပြန်​သော​သား၊ ခွာ​ကွဲ​ပြား​သော​သား​တို့​တွင် မ​စား​ရ​သော သား​ဟူ​မူ​ကား၊ ကု​လား​အုတ်​သည်​စား​မြုံ့​ပြန်​သော်​လည်း ခွာ​မ​ကွဲ​ပြား​သော​ကြောင့် သင်​တို့၌​မ​စင်​ကြယ်။ 5ရှာ​ဖန်​သည်​စား​မြုံ့​ပြန်​သော်​လည်း၊ ခွာ​မ​ကွဲ​ပြား​သော​ကြောင့် သင်​တို့၌​မ​စင်​ကြယ်။ 6အာ​ရ​န​ဘက်​သည်​စား​မြုံ့​ပြန်​သော်​လည်း ခွာ​မ​ကွဲ​ပြား​သော​ကြောင့် သင်​တို့၌​မ​စင်​ကြယ်။ 7ဝက်​သည်​ခွာ​ကွဲ​ပြား​သော်​လည်း၊ စား​မြုံ့​မ​ပြန်​သော​ကြောင့် သင်​တို့၌​မ​စင်​ကြယ်။ 8ထို​သို့​သော တိ​ရ​စ္ဆာန်​အ​သား​ကို မ​စား​ရ။ အ​သေ​ကောင်​ကို​လည်း မ​ထိ​ရ။ မ​စင်​ကြယ်​ဟု သင်​တို့​မှတ်​ရ​ကြ​မည်။
9ပင်​လယ်​ရေ၊ မြစ်​ရေ​အ​စ​ရှိ​သော ရေ၌​နေ​သော တိ​ရ​စ္ဆာန်​တ​ကာ​တို့​တွင်၊ အ​ယက်​နှင့်​အ​ကြေး​ရှိ​သော တိ​ရ​စ္ဆာန်​ကို​သာ​စား​ရ​မည်။ 10အ​ယက်​နှင့်​အ​ကြေး​မ​ရှိ၊ ပင်​လယ်​ရေ၊ မြစ်​ရေ​အ​စ​ရှိ​သော​ရေ၌ လှုပ်​ရှား​လျက် အ​သက်​ရှင်​လျက်​နေ​သော တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​သည် သင်​တို့၌ ရွံ​ရှာ​ဖွယ်​ဖြစ်​ရ​ကြ​မည်။ 11-12အ​ယက်​အ​ကြေး​နှင့် မ​ပြည့်​စုံ​သော​ရေ​တိ​ရ​စ္ဆာန်​အ​သား​ကို သင်​တို့​သည်​မ​စား​ရ။ သူ​တို့​အ​သေ​ကောင်​ကို​လည်း ရွံ​ရှာ​ရ​ကြ​မည်။
13သင်​တို့​သည် ရွံ​ရှာ​ဖွယ်​မှတ်၍ မ​စား​ရ​သော​ငှက်​မျိုး​ဟူ​မူ​ကား၊ ရွှေ​လင်း​တ၊ ပင်​လယ်​လင်း​တ၊ လင်း​ယုန်၊ 14ဒါ​ဟ၊ စွန်​မျိုး၊ 15ကျီး​မျိုး​ရှိ​သ​မျှ 16ကု​လား​အုတ်​ငှက်၊ ငှက်​ဆိုး၊ ဥ​ဗျိုင်း၊ သိမ်း​မျိုး၊ 17ဇီး​ကွက်၊ ကြိုး​ကြာ၊ ဣ​ဗိတ်၊ 18ငှက်​ကျား၊ ဝံ​ပို၊ ဝံ​လို၊ 19တော​ငန်း၊ ဒုံး​စပ်​မျိုး၊ ဒုံး​ကု​လား၊ လင်း​နို့​မှ​စ၍၊ 20အ​တောင်​ရှိ​လျက် ခြေ​လေး​ချောင်း​နှင့်​တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး​ရှိ​သ​မျှ​တို့​သည် သင်​တို့၌ ရွံ​ရှာ​ဖွယ်​ဖြစ်​ရ​ကြ​မည်။ 21သို့​ရာ​တွင် အ​တောင်​ရှိ​လျက် ခြေ​လေး​ချောင်း​နှင့်​တွား​တတ်၍၊ မြေ​ပေါ်​မှာ ခုန်​စ​ရာ​ဖို့ အ​ခြား​ခြေ​ထက်​ရှည်​သော ခြေ​ထောက်​ရှိ​သော တိ​ရ​စ္ဆာန်​တို့​တွင်၊ 22အာ​ရာ​ဘ​ကျိုင်း​မျိုး၊ သ​လောင်​ကျိုင်း​မျိုး၊ ခ​ရ​ဂ​လ​ကျိုင်း​မျိုး၊ ခါ​ဂပ်​ကျိုင်း​မျိုး​ကို စား​ရ​မည်။ 23အ​တောင်​ရှိ၍ ခြေ​လေး​ချောင်း​နှင့်​တွား​တတ်​သော အ​ခြား​တိ​ရ​စ္ဆာန်​တို့​သည် သင်​တို့၌ ရွံ​ရှာ​ဖွယ်​ဖြစ်​ရ​ကြ​မည်။ 24ထို​တိ​ရ​စ္ဆာန်​အား​ဖြင့် သင်​တို့​စင်​ကြယ်​ခြင်း ပျက်​တတ်၏။ သူ​တို့​အ​သေ​ကောင်​ကို ထိ​သော​သူ​သည်၊ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်။ 25ထို​အ​သေ​ကောင်​ကို ဆောင်​သွား​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​လည်း မ​စင်​ကြယ်။ 26ခွာ​မ​ကွဲ​ပြား​သော​တိ​ရ​စ္ဆာန်၊ စား​မြုံ့​မ​ပြန်​သော​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​သည် သင်​တို့၌​မ​စင်​ကြယ်။ သူ​တို့​အ​သေ​ကောင်​ကို ထိ​သ​မျှ​သော​သူ​တို့​သည် မ​စင်​ကြယ်​ကြ။ 27ခွာ​မ​ရှိ​သော​သား​အ​မျိုး​မျိုး​တို့​သည် သင်​တို့၌​မ​စင်​ကြယ်​ကြ။ သူ​တို့​အ​သေ​ကောင်​ကို ထိ​သော​သူ​သည် ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်။ 28သူ​တို့​အ​သေ​ကောင်​ကို ဆောင်​သွား​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​လည်း မ​စင်​ကြယ်။
29မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​တို့​တွင် ပွေး၊ ကြွက်၊ အိမ်​မြှောင်​မျိုး၊ 30တောက်​တဲ့၊ မြွေ​ပါ၊ သင်း​ချော၊ ပု​တတ်၊ ပုတ်​သင်​တို့​သည် သင်​တို့၌​မ​စင်​ကြယ်​ကြ။ 31သူ​တို့​အ​သေ​ကောင်​ကို ထိ​သော​သူ​သည် ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်။ 32ထို​အ​သေ​ကောင်​သည် သစ်​ခွက်၊ အ​ဝတ်၊ အ​ရေ၊ အ​မွေး၊ အိတ်​အ​စ​ရှိ​သော အ​သုံး​အ​ဆောင်​တစ်​စုံ​တစ်​ခု​ပေါ်​သို့​ကျ​လျှင် ထို​အ​သုံး​အ​ဆောင်​မ​စင်​ကြယ်။ ရေ၌​နှစ်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​လည်း မ​စင်​ကြယ်။ ထို​နောက်​စင်​ကြယ်​လိမ့်​မည်။ 33မြေ​ခွက်​တစ်​စုံ​တစ်​ခု​ပေါ်​သို့ အ​သေ​ကောင်​ကျ​လျှင် ထို​မြေ​ခွက် မ​စင်​ကြယ်​သော​ကြောင့် ခွဲ​ရ​မည်။ 34ထို​မြေ​ခွက်​ရေ​သည်၊ စား​စ​ရာ အ​မဲ​သား​ပေါ်​သို့​ကျ​လျှင်၊ အ​မဲ​သား​မ​စင်​ကြယ်။ ထို​မြေ​ခွက်၌​သောက်​စ​ရာ​ရေ​လည်း မ​စင်​ကြယ်။ 35အ​ကြင်​အ​ရာ​အ​ပေါ်၌ ထို​အ​သေ​ကောင်​ကျ၏။ ထို​အ​ရာ​သည် မီး​ဖို​ဖြစ်​စေ၊ ခုံ​လောက်​ဖြစ်​စေ၊ မ​စင်​ကြယ်​ရာ​သို့​ရောက်၍ သင်​တို့၌​မ​စင်​ကြယ်​သော​ကြောင့် ဖြို​ဖျက်​ရ​မည်။ 36သို့​ရာ​တွင် ရေ​စု​ဝေး​ရာ​စမ်း​ရေ​တွင်း၊ တူး​သော​ရေ​တွင်း​သည် မ​စင်​ကြယ်​ရာ​သို့ မ​ရောက်။ အ​သေ​ကောင်​ကို ထိ​မိ​သော​အ​ရာ​သာ မ​စင်​ကြယ်​ရာ​သို့​ရောက်၏။ 37ကြဲ​စ​ရာ​မျိုး​စေ့​အ​ပေါ်၌ ထို​အ​သေ​ကောင်​ကျ​လျှင်၊ မျိုး​စေ့​သည် မ​စင်​ကြယ်​ရာ​သို့​မ​ရောက်။ 38ရေ၌​စိမ်​ထား​ပြီး​သော​မျိုး​စေ့​အ​ပေါ်၌ ထို​အ​သေ​ကောင်​ကျ​လျှင်၊ မျိုး​စေ့​သည် သင်​တို့၌​မ​စင်​ကြယ်။ 39သင်​တို့​စား​အပ်​သော တိ​ရ​စ္ဆာန်​သေ​လျှင်၊ အ​သေ​ကောင်​ကို ထိ​မိ​သော​သူ​သည် ညဉ့်​ဦး​တိုင်​အောင်​မ​စင်​ကြယ်။ 40ထို​အ​သေ​ကောင်​ကို စား​သော​သူ​သည်၊ မိ​မိ​အ​ဝတ်​ကို လျှော်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​မ​စင်​ကြယ်။ ထို​အ​သေ​ကောင်​ကို ဆောင်​သွား​သော​သူ​သည်​လည်း မိ​မိ​အ​ဝတ်​ကို​လျှော်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​မ​စင်​ကြယ်။
41မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​သည် ရွံ​ရှာ​ဖွယ်​ဖြစ်၍ သင်​တို့​မ​စား​ရ။ 42ခြေ​မ​ရှိ၊ ဝမ်း​ဖြင့်​သွား​သည်​ဖြစ်​စေ၊ ခြေ​လေး​ချောင်း​ဖြင့်​သွား​သည်​ဖြစ်​စေ၊ ခြေ​လေး​ချောင်း​မ​က​များ​သော ခြေ​ဖြင့်​သွား​သည်​ဖြစ်​စေ၊ မြေ​ပေါ်​တွား​တတ်​သော တိ​ရ​စ္ဆာန်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​စား​ရ။ ရွံ​ရှာ​ဖွယ်​ဖြစ်၏။ 43တွား​တတ်​သော​တိ​ရ​စ္ဆာန် တစ်​စုံ​တစ်​ခု​အား​ဖြင့် သင်​တို့​သည် ကိုယ်​ကို​ရွံ​ရှာ​ဖွယ် မ​ဖြစ်​စေ​ရ။ ထို​သို့​အား​ဖြင့် ကိုယ်​ညစ်​ညူး​အောင် ကိုယ်၌​မ​စင်​ကြယ်​သည်​ကို မ​ပြု​ရ။ 44ငါ​သည် သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်၏။ ငါ​သည် သန့်​ရှင်း​သော​ကြောင့်၊ သင်​တို့​သည်​လည်း ကိုယ်​ကို​ကိုယ်​သန့်​ရှင်း​စေ၍ သန့်​ရှင်း​ခြင်း​ရှိ​ရ​ကြ​မည်။ မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန် တစ်​စုံ​တစ်​ခု​အား​ဖြင့်​မျှ သင်​တို့​သည် ကိုယ်​ကို​ကိုယ်​မ​ညစ်​ညူး​စေ​ရ​ကြ။ 45ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​ခြင်း​ငှာ၊ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​သည်​သန့်​ရှင်း​သော​ကြောင့်၊ သင်​တို့​သည် သန့်​ရှင်း​ခြင်း​ရှိ​ရ​ကြ​မည်။ 46-47ဤ​ရွေ့​ကား​စင်​ကြယ်၊ မ​စင်​ကြယ်၊ စား​အပ်၊ မ​စား​အပ်​သော တိ​ရ​စ္ဆာန်​တို့​ကို ပိုင်း​ခြား​စေ​ခြင်း​ငှာ၊ သား၊ ငှက်၊ ရေ၌​သွား၍ အ​သက်​ရှင်​သော​တိ​ရ​စ္ဆာန်၊ မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​နှင့် ဆိုင်​သော​တ​ရား​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာ 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ