YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 12

12
မော​ရှေ​အောင်​မြင်​သော​မင်း​များ
1ယော်​ဒန်​မြစ်​အ​ရှေ့ နေ​ထွက်​ရာ​ဘက်၌၊ အာ​နုန်​မြစ်​မှ​စ၍ ဟေ​ရ​မုန်​တောင်​တိုင်​အောင်၊ အ​ရှေ့​လွင်​ပြင်​ရှိ​သ​မျှ​ပါ​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လုပ်​ကြံ၍ သိမ်း​ယူ​သော​ပြည်​ကို အ​စိုး​ရ​သော မင်း​ကြီး​များ​ဟူ​မူ​ကား၊ 2အာ​နုန်​မြို့​အ​နား​မှာ အာ​ရော်​မြို့၊ မြစ်​တစ်​ဝက်၊ ဂိ​လဒ်​ပြည်​တစ်​ဝက်​မှ​စ၍ အ​မ္မုန်​ပြည်​စွန်း​အ​ပိုင်း​အ​ခြား ယ​ဗ္ဗုတ်​မြစ်​တိုင်​အောင်​လည်း​ကောင်း၊ 3အ​ရှေ့​မျက်​နှာ၌​လွင်​ပြင်​မှ​စ၍ ဂင်္နေ​သ​ရက်​အိုင်​နှင့် လွင်​ပြင်​အိုင်​တည်း​ဟူ​သော သော​ဒုံ​အိုင်​အ​ရှေ့​ဘက် ဗက်​ယေ​ရှိ​မုတ်​မြို့​သို့ သွား​ရာ​လမ်း၊ အာ​ဇုတ်​ပိ​သ​ဂါ​မြို့​အ​နား၊ တောင်​မျက်​နှာ​မှ လာ​ရာ​လမ်း​တိုင်​အောင်​လည်း​ကောင်း အ​စိုး​ရ၍၊ ဟေ​ရှ​ဘုန်​မြို့၌​နေ​သော အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​တစ်​ပါး၊ 4-5ဟေ​ရ​မုန်​တောင်​နှင့် သာ​လ​က​ပြည်​ကို​လည်း​ကောင်း၊ ဂေ​ရှု​ရိ​လူ၊ မာ​ခါ​သိ​လူ​နေ​သော ပြည်​စွန်း​တိုင်​အောင် ဗာ​ရှန်​ပြည် တစ်​လျှောက်​လုံး​ကို​လည်း​ကောင်း၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်​ပိုင်​သော နိုင်​ငံ​စွန်း​တိုင်​အောင် ဂိ​လဒ်​ပြည်​တစ်​ဝက်​ကို​လည်း​ကောင်း အ​စိုး​ရ၍၊ အာ​ရှ​တ​ရုတ်​မြို့၊ ဧ​ဒြိ​မြို့၌​နေ​သော အ​လွန်​ကြီး​မား​သော​လူ​မျိုး​ထဲ​က ကျန်​ကြွင်း​သော​သူ ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ​တစ်​ပါး၊#တော၊ ၂၁:၂၁-၃၅၊ တရား၊ ၂:၂၆—၃:၁၁။ 6ထို​ရှင်​ဘု​ရင်​နှစ်​ပါး​ကို ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လုပ်​ကြံ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည် သူ​တို့​ပြည်​ကို ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​အား အ​ပိုင်​ပေး​လေ၏။#တော၊ ၃၂:၃၃၊ တရား၊ ၃:၁၂။
ယော​ရှု​အောင်​မြင်​သော​မင်း​များ
7-8ယော်​ဒန်​မြစ်​အ​နောက်​ဘက်​မှာ လေ​ဗ​နုန်​ချိုင့်၌​ရှိ​သော ဗာ​လ​ဂဒ်​မြို့​မှ​စ၍၊ စိ​ရ​လမ်း​တွင်​ရှိ​သော ဟာ​လက်​တောင်​တိုင်​အောင် တောင်​ပေါ်​အ​ရပ်၊ ချိုင့်​ထဲ​အ​ရပ်၊ လွင်​ပြင်​အ​ရပ်၊ စမ်း​ရေ​တွင်း​အ​ရပ်၊ တော​အ​ရပ်၊ တောင်​မျက်​နှာ​အ​ရပ်၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ခါ​န​နိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​နေ​ရာ၊ ယော​ရှု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​လုပ်​ကြံ၍၊ ယော​ရှု​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​တို့​အား အ​ပိုင်​ပေး​သော​ပြည်​ကို အ​စိုး​ရ​သော မင်း​ကြီး​များ​ဟူ​မူ​ကား၊ 9ယေ​ရိ​ခေါ​မင်း​ကြီး​တစ်​ပါး၊ ဗေ​သ​လ​မြို့​အ​နား​မှာ၊ အာ​ဣ​မင်း​ကြီး​တစ်​ပါး၊ 10ယေ​ရု​ရှ​လင်​မင်း​ကြီး​တစ်​ပါး၊ ဟေ​ဗြုန်​မင်း​ကြီး​တစ်​ပါး၊ 11ယာ​မုတ်​မင်း​ကြီး​တစ်​ပါး၊ လာ​ခိ​ရှ​မင်း​ကြီး​တစ်​ပါး၊ 12ဧ​ဂ​လုန်​မင်း​ကြီး​တစ်​ပါး၊ ဂေ​ဇာ​မင်း​ကြီး​တစ်​ပါး၊ 13ဒေ​ဗိ​ရ​မင်း​ကြီး​တစ်​ပါး၊ ဂေ​ဒါ​မင်း​ကြီး​တစ်​ပါး၊ 14ဟော​မာ​မင်း​ကြီး​တစ်​ပါး၊ အာ​ရဒ်​မင်း​ကြီး​တစ်​ပါး၊ 15လိ​ဗ​န​မင်း​ကြီး​တစ်​ပါး၊ အ​ဒု​လံ​မင်း​ကြီး​တစ်​ပါး၊ 16မ​က္က​ဒါ​မင်း​ကြီး​တစ်​ပါး၊ ဗေ​သ​လ​မင်း​ကြီး​တစ်​ပါး၊ 17တာ​ပွါ​မင်း​ကြီး​တစ်​ပါး၊ ဟေ​ဖာ​မင်း​ကြီး​တစ်​ပါး၊ 18အာ​ဖက်​မင်း​ကြီး​တစ်​ပါး၊ လာ​ရှ​ရုန်​မင်း​ကြီး​တစ်​ပါး၊ 19မာ​ဒုန်​မင်း​ကြီး​တစ်​ပါး၊ ဟာ​ဇော်​မင်း​ကြီး​တစ်​ပါး၊ 20ရှိ​မ​ရုန်​မင်း​ကြီး​တစ်​ပါး၊ အာ​ခ​ရှပ်​မင်း​ကြီး​တစ်​ပါး၊ 21တာ​နက်​မင်း​ကြီး​တစ်​ပါး၊ မေ​ဂိ​ဒ္ဒေါ​မင်း​ကြီး​တစ်​ပါး၊ 22ကေ​ဒေ​ရှ​မင်း​ကြီး​တစ်​ပါး၊ က​ရ​မေ​လ​တောင်​ပေါ်​မှာ ယော​က​နမ်​မင်း​ကြီး​တစ်​ပါး၊ 23ဒေါ​ရ​ပြည်​နယ်​မှာ ဒေါ​ရ​မင်း​ကြီး​တစ်​ပါး၊ ဂိ​လ​ဂါ​လ​ပြည်​မှာ ဂေါ​အိမ်​မင်း​ကြီး​တစ်​ပါး၊ 24တိ​ရ​ဇ​မင်း​ကြီး​တစ်​ပါး၊ မင်း​ကြီး​ပေါင်း​သုံး​ဆယ်​တစ်​ပါး​တည်း။

လက်ရှိရွေးချယ်ထားမှု

ယောရှု 12: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ