YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 11

11
ယာ​ဘိန်​မင်း​နှင့်​အ​ပေါင်း​ပါ​ကို​အောင်​မြင်​ခြင်း
1ထို​သ​တင်း​ကို ဟာ​ဇော်​မင်း​ကြီး​ယာ​ဘိန်​သည် ကြား​သော​အ​ခါ၊ မာ​ဒုန်​မင်း​ကြီး​ယော​ဗပ်၊ ရှိ​မြုန်​မင်း​ကြီး၊ အာ​ခ​ရှပ်​မင်း​ကြီး​တို့​ထံ​သို့​လည်း​ကောင်း၊ 2တောင်​ရိုး​မြောက်​ဘက်​အ​ရပ်၊ ဂင်္နေ​သ​ရက်​မြို့ တောင်​ဘက်​လွင်​ပြင်​အ​ရပ်၊ ချိုင့်​ထဲ​အ​ရပ်၊ အ​နောက်​မျက်​နှာ ဒေါ​ရ​ပြည်​နယ်၌​ရှိ​သော မင်း​ကြီး​များ​ထံ​သို့​လည်း​ကောင်း၊ 3အ​ရှေ့​အ​နောက်၌​နေ​သော ခါ​န​နိ​လူ၊ တောင်​ပေါ်​မှာ​နေ​သော အာ​မော​ရိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ယေ​ဗု​သိ​လူ၊ မိ​ဇ​ပါ​ပြည်၊ ဟေ​ရ​မုန်​တောင်​ခြေ​ရင်း၌​နေ​သော ဟိ​ဝိ​လူ​တို့​ရှိ​ရာ​သို့​လည်း​ကောင်း​စေ​လွှတ်၍၊ 4ထို​မင်း​ကြီး​များ​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ အ​လွန်​များ​စွာ​သော ဗိုလ်​ပါ​အ​ပေါင်း၊ မြင်း​များ၊ ရ​ထား​များ​အ​ပေါင်း​တို့​နှင့်​တ​ကွ ထွက်​လာ​ကြ၏။ 5ထို​မင်း​ကြီး​အ​ပေါင်း​တို့​သည် စည်း​ဝေး​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို တိုက်​ခြင်း​ငှာ​ချီ​လာ၍၊ မေ​ရုံ​အိုင်​နား​မှာ တစ်​စု​တည်း တပ်​ချ​လျက်​နေ​ကြ၏။ 6ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ​တို့​ကို မ​ကြောက်​နှင့်။ ငါ​သည် နက်​ဖြန်​နေ့ ယ​ခု​အ​ချိန်၌ ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှာ၊ ထို​သူ​အ​ပေါင်း​တို့​ကို အ​သေ​အပ်​မည်။ မြင်း​တို့၏ ခြေ​ကြော​ကို​ဖြတ်​ရ​မည်။ ရ​ထား​တို့​ကို​မီး​ရှို့​ရ​မည်​ဟု ယော​ရှု​အား​မိန့်​တော်​မူ၏။ 7ယော​ရှု​သည်​လည်း၊ မိ​မိ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​နှင့်​တ​ကွ မေ​ရုံ​အိုင်​နား​သို့ အ​မှတ်​တ​မဲ့ စစ်​ချီ၍​တိုက်​လေ၏။ 8ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လက်၌ အပ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​ကို​လုပ်​ကြံ၍ ဇိ​ဒုန်​ရ​ဗ္ဗာ​မြို့၊ မိ​သ​ရ​ဖော​သ​မိမ်​မြို့ အ​ရှေ့​မျက်​နှာ မိ​ဇ​ပါ​ချိုင့်​တိုင်​အောင်​လိုက်၍ တစ်​ယောက်​ကို​မျှ မ​ကျန်​ကြွင်း​စေ​ခြင်း​ငှာ လုပ်​ကြံ​ကြ၏။ 9ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ယော​ရှု​သည် မြင်း​တို့၏​ခြေ​ကြော​ကို​ဖြတ်၍ ရ​ထား​တို့​ကို မီး​ရှို့​လေ၏။ 10ထို​အ​ခါ ယော​ရှု​သည်​ပြန်၍ ဟာ​ဇော်​မြို့​ကို တိုက်​ယူ​သ​ဖြင့်၊ မင်း​ကြီး​ကို ဓား​နှင့်​ကွပ်​မျက်​လေ၏။ ရှေး​ကာ​လ၌ ဟာ​ဇော်​မြို့​သည် ထို​ပြည်​များ​တို့​ကို အုပ်​စိုး​ရ​သ​တည်း။ 11ထို​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ဓား​နှင့်​ကွပ်​မျက်​သ​ဖြင့် တစ်​ယောက်​ကို​မျှ အ​သက်​ရှင်​စေ​ခြင်း​ငှာ​မ​ထား။ ရှင်း​ရှင်း​ဖျက်​ဆီး၍ မြို့​ကို​လည်း​မီး​ရှို့​လေ၏။ 12ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​မှာ​ထား​သည်​အ​တိုင်း၊ ထို​မင်း​ကြီး​များ​အ​စိုး​ရ​သော မြို့​ရှိ​သ​မျှ​တို့​နှင့် မင်း​ကြီး​အ​ပေါင်း​တို့​ကို ယော​ရှု​တိုက်​ယူ၍ ဓား​နှင့်​လုပ်​ကြံ​သ​ဖြင့် ရှင်း​ရှင်း​ဖျက်​ဆီး​လေ၏။ 13သို့​ရာ​တွင်၊ ဟာ​ဇော်​မြို့​မှ​တစ်​ပါး၊ တောင်​ပေါ်၌​တည်​သော​မြို့​တို့​ကို ဣ​သ​ရေ​လ​လူ​တို့​သည် မီး​မ​ရှို့​ကြ။ ဟာ​ဇော်​မြို့​တစ်​မြို့​ကို​သာ ယော​ရှု​မီး​ရှို့​သ​တည်း။ 14ထို​မြို့​များ၌ လက်​ရ​ဥ​စ္စာ​နှင့် တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​ကို ဣ​သ​ရေ​လ​လူ​တို့​သည် ကိုယ်​အ​ဖို့​သိမ်း​ယူ​ကြ၏။ လူ​တို့​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် ရှိ​သ​မျှ​တို့​ကို ဓား​နှင့်​လုပ်​ကြံ​ကြ၏။ တစ်​ယောက်​ကို​မျှ အ​ရှင်​မ​ကျန်​ကြွင်း​စေ​ကြ။ 15ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​မော​ရှေ​ကို မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် ယော​ရှု​ကို​ဆင့်​ဆို၏။ ယော​ရှု​လည်း ထို​သို့​ပြု​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​မှာ​ထား​တော်​မူ​သ​မျှ​သော အ​မှု​တစ်​စုံ​တစ်​ခု​ကို လှပ်၍​မ​ထား။
ယော​ရှု၏​အောင်​မြင်​ခြင်း
16ထို​သို့ စိ​ရ​လမ်း​တွင်​ရှိ​သော ဟာ​လက်​တောင်​မှ​စ၍ ဟေ​ရ​မုန်​တောင်​ခြေ​ရင်း၊ 17လေ​ဗ​နုန်​ချိုင့်၌​ရှိ​သော ဗာ​လ​ဂဒ်​မြို့​တိုင်​အောင်၊ တောင်​ပေါ်​အ​ရပ်၊ တောင်​မျက်​နှာ​အ​ရပ်၊ ဂေါ​ရှင်​ပြည်၊ ချိုင့်​များ၊ လွင်​ပြင်​များ၊ ဣ​သ​ရေ​လ​တောင်၊ ဣ​သ​ရေ​လ​ချိုင့်​နှင့်​တ​ကွ ထို​ပြည်​အ​လုံး​စုံ​ကို ယော​ရှု​သည်​သိမ်း​ယူ၍၊ မင်း​ကြီး​အ​ပေါင်း​တို့​ကို​အောင်​သ​ဖြင့် လုပ်​ကြံ​ကွပ်​မျက်​လေ၏။ 18ထို​မင်း​ကြီး​အ​ပေါင်း​တို့​ကို ကာ​လ​ကြာ​မြင့်​စွာ စစ်​တိုက်​ရ၏။ 19ဟိ​ဝိ​လူ၊ ဂိ​ဗောင်​မြို့​သား​မှ​တစ်​ပါး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သော မြို့​တစ်​မြို့​မျှ​မ​ရှိ။ အ​ခြား​သော​မြို့​ရှိ​သ​မျှ​တို့​ကို တိုက်၍ အ​နိုင်​သိမ်း​ယူ​ရ​ကြ၏။ 20အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​လူ​မျိုး​တို့​ကို ကျေး​ဇူး​မ​ပြု၊ အ​ကုန်​အ​စင် သုတ်​သင်​ပယ်​ရှင်း​စေ​မည်​အ​ကြောင်း၊ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ဆီး၍ တိုက်​ဝံ့​သည်​တိုင်​အောင် သူ​တို့​စိတ်​နှ​လုံး​ခိုင်​မာ​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား အ​လို​ရှိ​တော်​မူ​သ​တည်း။#တ​ရား၊ ၇:၁၆။ 21ထို​ကာ​လ​အ​ခါ ယော​ရှု​သည် ချီ​သွား၍၊ အာ​န​က​လူ​တို့​ကို တောင်​ပေါ်​အ​ရပ် ဟေ​ဗြုန်​မြို့၊ ဒေ​ဗိ​ရ​မြို့၊ အာ​နပ်​မြို့၊ ယု​ဒ​တောင်၊ ဣ​သ​ရေ​လ​တောင်​ရှိ​သ​မျှ​တို့​မှ ပယ်​ရှား၍၊ သူ​တို့​မြို့​များ​နှင့်​တ​ကွ ရှင်း​ရှင်း​ဖျက်​ဆီး​လေ၏။ 22ဂါ​ဇ​မြို့၊ ဂါ​သ​မြို့၊ အာ​ဇုတ်​မြို့​မှ​တစ်​ပါး၊ ဣ​သ​ရေ​လ​တိုင်း​နိုင်​ငံ​တွင် ကျန်​ကြွင်း​သော အာ​န​က​လူ တစ်​ယောက်​မျှ​မ​ရှိ။ 23ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို မိန့်​တော်​မူ​သ​မျှ​အ​တိုင်း၊ ယော​ရှု​သည် ထို​ပြည်​တစ်​လျှောက်​လုံး​ကို သိမ်း​ယူ၍ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​တို့​အား အ​မွေ​ပေး​သ​ဖြင့်၊ တစ်​ပြည်​လုံး​စစ်​ငြိမ်း​လေ၏။

လက်ရှိရွေးချယ်ထားမှု

ယောရှု 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ