YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 7

7
အ​ဆုံး​မ​ရှိ​သော​ဝေ​ဒ​နာ
1လူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ ပင်​ပန်း​စွာ​အ​မှု​ထမ်း​ရ​သည် မ​ဟုတ်​လော။ သူ​နေ​ရ​သော နေ့​ရက်​တို့​သည် အ​ငှား​ခံ​သော​သူ၏ နေ့​ရက်​ကဲ့​သို့ ဖြစ်​သည်​မ​ဟုတ်​လော။ 2ကျွန်​ခံ​ရ​သော​သူ​သည် မိုး​ချုပ်​သော​အ​ချိန်​ကို တောင့်​တ၍၊ အ​ငှား​ခံ​သော​သူ​သည် အ​ခ​ရ​မည့်​အ​ချိန်​ကို မျှော်​လင့်​သ​ကဲ့​သို့၊ 3ထို​နည်း​တူ ငါ​သည် ဒု​က္ခ​နေ့​လ​တို့​နှင့် ဆိုင်​ရ၏။ ပင်​ပန်း​စွာ​ခံ​ရ​သော ည​တို့​သည်​လည်း ငါ၏ အ​ငန်း​အ​တာ​ဖြစ်၏။ 4အ​ဘယ်​အ​ခါ​မှ ည​ကုန်၍ ငါ​ထ​ရ​ပါ​မည်​နည်း​ဟု ငါ​သည် ညည်း​တွား​လျက် အိပ်​ရ၏။ မိုး​လင်း​သည်​တိုင်​အောင် လှိမ့်​လျက်​လူး​လျက် နေ​ရ၏။ 5လောက်​နှင့်​ရွှံ့​တို့​သည် အ​ဝတ်​ကဲ့​သို့ ငါ့​ကိုယ်​ကို ဖုံး​လွှမ်း​ကြ၏။ ငါ့​အ​ရေ​သည် ကွဲ၍ ယိ​လျက်​ရှိ၏။ 6ငါ့​နေ့​ရက်​တို့​သည် ရက်​ကန်း​လွန်း​ထက်​မြန်၍ မျှော်​လင့်​ခြင်း​မ​ရှိ​ဘဲ လွန်​သွား​တတ်​ကြ၏။ 7ငါ့​အ​သက်​သည် လေ​သက်​သက်​ဖြစ်​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ နောက်​တစ်​ဖန် ကောင်း​သော​အ​ကျိုး​ကို ငါ​မ​မြင်​ရ။ 8ငါ့​ကို မြင်​သော​သူ​သည် နောက်​တစ်​ဖန် မ​မြင်​ရ။ ကိုယ်​တော်​သည် ကြည့်​ရှု​တော်​မူ​သော​အ​ခါ ငါ​ပျောက်​ပါ​ပြီ။ 9မိုး​တိမ်​သည် ပြယ်​ပျောက် ကွယ်​လွင့်​သ​ကဲ့​သို့၊ သင်္ချိုင်း​တွင်း​ထဲ​သို့ ဆင်း​သော​သူ​သည် နောက်​တစ်​ဖန် မ​တက်​ရ။ 10မိ​မိ​အိမ်​သို့ မ​ပြန်​ရ။ သူ၏​နေ​ရင်း​အ​ရပ်​သည် နောက်​တစ်​ဖန် သူ့​ကို​မ​သိ​ရ။ 11ထို​ကြောင့်​ငါ​သည် ကိုယ်​နှုတ်​ကို မ​ချုပ်​တည်း။ စိတ်​ပင်​ပန်း​လျက်​နှင့် စ​ကား​ပြော​ရ၏။ အ​လွန်​ညှိုး​ငယ်​သော စိတ်​နှင့် မြည်​တမ်း​ရ၏။
12ငါ​သည် ပင်​လယ်​ဖြစ်​သ​လော။ န​ဂါး​ဖြစ်​သ​လော။ ထို​သို့​ဖြစ်​သော​ကြောင့် ငါ့​ကို အ​စောင့်​ထား​တော်​မူ​ရ​သ​လော။ 13ငါ​သည်​အိပ်၍ သက်​သာ​မည်။ ငါ့​ခု​တင်​သည် ချမ်း​သာ​ပေး​မည်​ဟု ငါ​ဆို​လျှင်၊ 14ကိုယ်​တော်​သည် ကြောက်​မက်​ဖွယ်​သော အိပ်​မက်​ကို ပေး​တော်​မူ၏။ ည​ရူ​ပါ​ရုံ​အား​ဖြင့် ငါ့​ကို ထိတ်​လန့်​စေ​တော်​မူ၏။ 15ငါ​သည် ကိုယ်​အ​ရိုး​ကို နှ​မြော​သည်​ထက် အ​သက်​ချုပ်၍ သေ​ရ​သော​အ​ခွင့်​ကို သာ၍​တောင့်​တ​ပါ၏။ 16ငါ​သည် အား​လျော့​လျက်​ရှိ၏။ အ​စဉ်​မ​ပြတ် အ​သက်​မ​ရှင်​ရာ။ ငါ့​ကို တတ်​တိုင်း​ရှိ​စေ​တော်​မူ​ပါ။ ငါ့​အ​သက်​သည် အ​ခိုး​အ​ငွေ့​ဖြစ်၏။ 17ကိုယ်​တော်​သည် လူ​ကို​ပ​မာ​ဏ​ပြု၍ စိတ်​စွဲ​လမ်း​တော်​မူ​မည်​အ​ကြောင်း၊ 18သူ့​ကို နံ​နက်​တိုင်း အ​ကြည့်​အ​ရှု​ကြွ​လာ၍၊ ခ​ဏ​ခ​ဏ စုံ​စမ်း​တော်​မူ​မည်​အ​ကြောင်း၊ လူ​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။ 19အ​ဘယ်​ကာ​လ​မှ ငါ့​ကို​မ​ကြည့်​မ​ရှု၊ မျက်​နှာ​လွှဲ​တော်​မူ​မည်​နည်း။ ငါ​သည် ကိုယ်​တံ​တွေး​ကို မျို​ရ​သည်​တိုင်​အောင်၊ အ​ဘယ်​ကာ​လ​မှ တတ်​တိုင်း ရှိ​စေ​တော်​မူ​မည်​နည်း။ 20လူ​ကို စောင့်​တော်​မူ​သော​အ​ရှင်၊ အ​ကျွန်ုပ်​အ​ပြစ်​ရှိ​သည် မှန်​ပါ​စေ​တော့။ ကိုယ်​တော်​ရှေ့​မှာ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည် ကိုယ်​ကို​ကိုယ် ရွံ​ရှာ​ရ​သည်​တိုင်​အောင် အ​ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် ပစ်စရာစက်သွင်း​တော်​မူ​သ​နည်း။ 21အ​ကျွန်ုပ်​ပြစ်​မှား​ခြင်း​ကို အ​ဘယ်​ကြောင့် သည်း​ခံ​တော်​မ​မူ​သ​နည်း။ အ​ကျွန်ုပ်​အ​ပြစ်​ကို အ​ဘယ်​ကြောင့် ဖြေ​ရှင်း​တော်​မ​မူ​သ​နည်း။ ယ​ခု​မှာ အ​ကျွန်ုပ်​သည် မြေ​မှုန့်၌​အိပ်​ရ​ပါ​မည်။ ကိုယ်​တော်​သည် နံ​နက်​အ​ချိန်၌ ရှာ​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်​မ​ရှိ​ပါ​ဟု မြွက်​ဆို၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 7: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ