YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 6

6
တ​ရား​သော​ညည်း​တွား​ခြင်း
1တစ်​ဖန် ယော​ဘ​မြွက်​ဆို​သည်​ကား၊ 2ငါ​ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို သေ​ချာ​စွာ ချိန်​တွယ်​ပါ​စေ။ ငါ​ခံ​ရ​သော ဒု​က္ခ​များ​ကို​လည်း ချိန်​ခွင်၌ စု​ထား​ပါ​စေ။ 3သို့​ဖြစ်​လျှင် သ​မု​ဒ္ဒ​ရာ​သဲ​ထက်​သာ၍ လေး​လိမ့်​မည်။ ထို​ကြောင့် ငါ့​စ​ကား​လွန်​မိ​ပြီ။ 4အ​န​န္တ​တန်​ခိုး​ရှင် ပစ်​တော်​မူ​သော မြား​တို့​သည် ငါ၌​စွဲ၍၊ အ​ဆိပ်​အ​တောက်​ဖြင့် ငါ့​ဝိ​ညာဉ်​ကို မွန်း​စေ၏။ ဘု​ရား​သ​ခင်​ပြ​တော်​မူ​သော ကြောက်​မက်​ဖွယ်​အ​ရာ​တို့​သည် ငါ့​ရှေ့​မှာ စီ​လျက်​ရှိ​ကြ၏။ 5တော​မြည်း​သည် မြက်​ပင်​ပေါ​သော​အ​ခါ မြည်​တတ်​သ​လော။ နွား​သည် စား​စ​ရာ​ရှိ​သော​အ​ခါ အော်​တတ်​သ​လော။ 6မ​မြိန်​သော​အ​ရာ​ကို ဆား​မ​ပါ​ဘဲ စား​နိုင်​သ​လော။ ကြက်​ဥ​အ​ကာ​သည် ဆိမ့်​သော​အ​ရ​သာ ရှိ​သ​လော။ 7လက်​နှင့်​မျှ မ​တို့​နိုင်၊ ငါ​မ​နှစ်​သက်​နိုင်​သော​အ​ရာ​ကို ရွံ​လျက်​နှင့် ငါ​စား​ရ၏။
8ငါ​တောင်း​သော​အ​ရာ​ကို ရ​ပါ​စေ။ ငါ​တောင့်​တ​သော​အ​ရာ​ကို ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​ပါ​စေ။ 9တောင့်​တ​သော​အ​ရာ ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ငါ့​ကို ဖျက်​ဆီး​တော်​မူ​ပါ​စေ။ လက်​တော်​ကို​ဆန့်၍ ငါ့​ကို ဆုံး​စေ​တော်​မူ​ပါ​စေ။ 10ထို​သို့​ဖြစ်​လျှင် ငါ​သည် သက်​သာ​ရ၏။ ငြို​ငြင်​သော်​လည်း သည်း​ခံ​မည်။ ငါ့​ကို နှ​မြော​တော်​မ​မူ​ပါ​စေ​နှင့်။ သန့်​ရှင်း​တော်​မူ​သော​သူ၏ စ​ကားတော်​ကို ငါ​မ​ငြင်း​မ​ဆန်​ပြီ။ 11ငါ​မျှော်​လင့်​စ​ရာ​အ​ခွင့် ရှိ​ရ​မည်​အ​ကြောင်း၊ ငါ့​ခွန်​အား​ကား အ​ဘယ်​သို့​နည်း။ ငါ​သည် ကိုယ်​အ​သက်​ကို စောင့်​ရ​မည်​အ​ကြောင်း၊ နောက်​ဆုံး​ခံ​ရ​သော အ​ကျိုး​ကား အ​ဘယ်​သို့​နည်း။ 12ငါ့​ခွန်​အား​သည် ကျောက်​ခွန်​အား ဖြစ်​သ​လော။ ငါ့​အ​သား​သည် ကြေး​ဝါ​ဖြစ်​သ​လော။ 13ငါ​သည် ကိုယ်​ကို​မ မ​စ​နိုင်။ ငါ့​ဉာဏ်​လည်း ကုန်​ပြီ။
14ဆင်း​ရဲ​ခြင်း​သို့​ရောက်​သော​သူ၏ အ​ဆွေ​ခင်​ပွန်း​သည် သ​နား​အပ်၏။ မ​သ​နား​လျှင် အ​န​န္တ​တန်​ခိုး​ရှင်​ကို ကြောက်​ရွံ့​သော​သ​ဘော​နှင့် ကင်း​လွတ်၏။ 15ငါ့​ညီ​အစ်​ကို​တို့​သည် ချောင်း​ရေ​ကဲ့​သို့ လှည့်​စား၍၊ ချိုင့်၌​စီး​သော​ရေ​ကဲ့​သို့ ရွေ့​သွား​ကွယ်​ပျောက် တတ်​ကြ၏။ 16ထို​ချောင်း​ရေ​သည် ရေ​ခဲ​ကြောင့်​လည်း​ကောင်း၊ မ​ထင်​ရှား​သော မိုး​ပွင့်​ကြောင့်​လည်း​ကောင်း၊ 17အ​လွန်​စီး​တတ်​သော်​လည်း၊ နွေး​သော​အ​ခါ ကွယ်​ပျောက်​တတ်၏။ နေ​ပူ​သော​အ​ခါ မိ​မိ​နေ​ရာ၌ ခန်း​ခြောက်​တတ်၏။ 18ထို​ရေ​စီး​သော​ချောင်း​တို့​သည် လွဲ​သွား၍ တ​ရွေ့​တ​ရွေ့ ကွယ်​ပျောက်​တတ်​ကြ၏။ 19တေ​မန်​အ​မျိုး​သား အ​စု​အ​ဝေး​တို့​သည် ရှာ​ကြ၏။ ရှေ​ဘ​ပြည်​မှ ခ​ရီး​သွား​သော​သူ အ​စု​အ​ဝေး​တို့​သည် မျှော်​လင့်​လျက် လာ​ကြ၏။ 20မျှော်​လင့်၍ စိတ်​ပျက်​ကြ၏။ ထို​အ​ရပ်​သို့ ရောက်​သော​အ​ခါ ရှက်​ကြောက်​လျက် နေ​ကြ၏။ 21ထို​အ​တူ သင်​တို့​သည် အ​ချည်း​နှီး​သက်​သက် ဖြစ်​ကြ၏။ ငါ​နှိမ့်​ချ​ခြင်း​ကို​မြင်​လျှင် ဆုတ်၍​နေ​ကြ၏။ 22ငါ့​ထံ​သို့ လက်​ဆောင်​ကို ယူ​ခဲ့​ကြ​ပါ။ သင်​တို့ ပ​စ္စည်း​ဥ​စ္စာ​ထဲ​က​ထုတ်၍ ငါ့​ကို​ပေး​ကြ​ပါ။ 23ရန်​သူ​လက်​မှ ငါ့​ကို​ကယ်​ယူ​ကြ​ပါ။ သူ​ရဲ​လက်​မှ​ရွေး​နုတ်​ကြ​ပါ​ဟု ငါ​ပြော​သ​လော။ 24ငါ့​ကို ဆုံး​မ​ကြ​ပါ။ တိတ်​ဆိတ်​လျက်​နေ​ပါ​မည်။ ငါ​မှား​သော​အ​ရာ​ကို ငါ့​အား​ဖော်​ပြ​ကြ​ပါ။ 25မှန်​သော​စ​ကား​သည် တန်​ခိုး​ကြီး၏။ သင်​တို့ ကဲ့​ရဲ့​သော​စ​ကား​သည် အ​ဘယ်​မှာ နေ​ရာ​ကျ​သ​နည်း။ 26ငါ​စ​ကား​ပြော​ရုံ​ကာ​မျှ​ကို အ​ပြစ်​တင်​မည် ကြံ​စည်​ကြ​သ​လော။ မျှော်​လင့်​စ​ရာ​မ​ရှိ​သော​သူ ပြော​သော​စ​ကား​သည် လေ​သက်​သက်​ဖြစ်၏။ 27အ​ကယ်၍​သင်​တို့​သည် မိ​ဘ​မ​ရှိ​သော​သူ​ငယ်​ကို နှိပ်​စက်​ကြ၏။ အ​ဆွေ​ခင်​ပွန်း​ဖို့ တွင်း​ကို​တူး​ကြ၏။ 28ငါ့​ကို​စိတ်​မ​ရှိ​ဘဲ ကြည့်​ရှု​ကြ​ပါ​လော့။ သင်​တို့​ရှေ့​မှာ ငါ​လှည့်​စား​သ​လော။ 29ပြန်၍ ဆင်​ခြင်​ကြ​ပါ။ မ​တ​ရား​သ​ဖြင့် မ​ပြု​ကြ​ပါ​နှင့်။ ပြန်၍ ဆင်​ခြင်​ကြ​ပါ။ ဤ​အ​မှု၌ ငါ​သည် ဖြောင့်​မတ်​ပါ၏။ 30ငါ့​လျှာ၌ ကောက်​သော​သ​ဘော ရှိ​သ​လော။ ငါ​သည် မြည်း​စမ်း၍ အ​ပြစ်​ပါ​သော​အ​ရာ​ကို ပိုင်း​ခြား မ​သိ​နိုင်​သ​လော။

လက်ရှိရွေးချယ်ထားမှု

ယောဘ 6: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ