YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 37

37
1ဤ​အ​မှု​ကြောင့် ငါ့​နှ​လုံး​သည် တုန်​လှုပ်၍ မိ​မိ​နေ​ရာ​မှ ရွေ့​သွား၏။ 2မြွက်​တော်​မူ​သော​အ​သံ​နှင့် နှုတ်​တော်​မှ​ထွက်​သော​အ​သံ​ကို စေ့​စေ့​နား​ထောင်​ကြ​လော့။ 3မိုး​ကောင်း​ကင်​အောက်၌ အ​နှံ့​အ​ပြား​လွှတ်၍၊ မြေ​ကြီး​စွန်း​တိုင်​အောင် လျှပ်​စစ်​ပြက်​စေ​တော်​မူ၏။ 4လျှပ်​စစ်​ပြက်​ပြီး​မှ အ​သံ​တော်​ထွက်၏။ ဘုန်း​အာ​နု​ဘော်​တော်​အ​သံ​နှင့် မိုး​ချုန်း​တော်​မူ၏။ အ​သံ​တော်​မြည်​သော​အ​ခါ မိုး​သက်​မုန်​တိုင်း​ကို ချုပ်​တည်း​တော်​မ​မူ။ 5အံ့​ဩ​ဖွယ်​သော အ​ခြင်း​အ​ရာ​ပါ​လျက်၊ ဘု​ရား​သ​ခင်​သည် အ​သံ​တော်​နှင့် မိုး​ချုန်း​တော်​မူ၏။ ကြီး​သော​အ​မှု ငါ​တို့​နား​မ​လည်​နိုင်​သော အ​မှု​တို့​ကို ပြု​တော်​မူ၏။ 6မြေ​ပေါ်​မှာ​ဖြစ်​စေ​ဟု မိုး​ပွင့်​ကို​လည်း​ကောင်း၊ သုန်​ဖျင်း​သော​မိုး​ရေ​နှင့် တန်​ခိုး​တော်​ကြောင့် ပြင်း​ထန်​သော မိုး​ရေ​ကို​လည်း​ကောင်း မိန့်​တော်​မူ၏။ 7ဖန်​ဆင်း​တော်​မူ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို သိ​မည်​အ​ကြောင်း လူ​တိုင်း​လုပ်​သော​အ​လုပ်​ကို ဆီး​တား​တော်​မူ၏။ 8ထို​အ​ခါ သား​ရဲ​တို့​သည် မြေ​တွင်း​ထဲ​သို့​ဝင်၍၊ သူ​တို့​နေ​ရာ၌ နေ​တတ်​ကြ၏။ 9လေ​ပွေ​သည် တောင်​မျက်​နှာ​မှ​လည်း​ကောင်း၊ အ​ချမ်း​သည် မြောက်​မျက်​နှာ​မှ​လည်း​ကောင်း ထွက်​လာ​တတ်၏။ 10ဘု​ရား​သ​ခင်​မှုတ်​တော်​မူ​သ​ဖြင့်၊ ရေ​ခဲ​ဖြစ်၍ ရေ​မျက်​နှာ​သည် ခဲ​လျက်​ရှိ၏။ 11မိုး​တိမ်​မှ မိုး​ရေ​ကို သက်​ရောက်​စေ၍၊ ရောင်​ခြည်​တော်​အား​ဖြင့် မိုး​တိမ်​ကို ပျောက်​လွင့်​စေ​တော်​မူ၏။ 12လော​က​ဓာတ် မြေ​ကြီး​တစ်​လျှောက်​လုံး​ကို မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း ပြု​စေ​ခြင်း​ငှာ ပ​ညာ​တော်​အား​ဖြင့် လှည့်​လည်​စေ​တော်​မူ၏။
13ဒဏ်​ခတ်​သော်​လည်း​ကောင်း၊ မြေ​တော်​ကို ပြု​စု​သော်​လည်း​ကောင်း၊ ချမ်း​သာ​ပေး​သော်​လည်း​ကောင်း လာ​စေ​တော်​မူ၏။ 14အို ယော​ဘ၊ ဤ​စ​ကား​ကို နား​ထောင်​လော့။ ဘု​ရား​သ​ခင်၏ အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ငြိမ်​သက်​စွာ​နေ၍ ဆင်​ခြင်​လော့။ 15ထို​အ​မှု​တို့​ကို ဘု​ရား​သ​ခင်​စီ​ရင်၍၊ မိုး​တိမ်​တော်​အ​လင်း​ကို ထွန်း​လင်း​စေ​တော်​မူ​သော​အ​ခါ၊ သင်​သည် သိ​သ​လော။ 16ပ​ညာ​စုံ​လင်​သော ဘု​ရား၏​အံ့​ဖွယ်​သော အ​မှု​တော်​တည်း​ဟူ​သော မိုး​တိမ်​တို့​သည် မ​ပေါ့​မ​လေး မှန်​မှန်​မိုး​မည်​အ​ကြောင်း၊ ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ 17မြေ​ပေါ်​မှာ တောင်​လေ​ဖြင့် အ​ချမ်း​ပျောက်​စေ​တော်​မူ​သော​အ​ခါ၊ သင်၏​အ​ဝတ်​သည် အ​ဘယ်​သို့​သော​အား​ဖြင့် နွေး​သည်​ကို​လည်း​ကောင်း နား​လည်​သ​လော။ 18သွန်း​သော ကြေး​မုံ​ကဲ့​သို့ တည်​လျက်​ရှိ​သော မိုး​ကောင်း​ကင်​ကို သင်​သည် ဘု​ရား​သ​ခင်​နှင့် ဝိုင်း​ညီ၍ ကြက်​သ​လော။ 19ငါ​တို့​သည် အ​ဘယ်​သို့ လျှောက်​ရ​မည်​ကို သွန်​သင်​ပါ။ ငါ​တို့​သည် မိုက်​သော​ကြောင့်၊ အ​လို​အ​လျောက် မ​လျှောက်​တတ်​ကြ။ 20ငါ​ပြော​သော​စ​ကား​ကို ဘု​ရား​သ​ခင်​အား ကြား​လျှောက်​လိမ့်​မည်​လော။ အ​ကယ်၍​လူ​သည် ဘု​ရား​သ​ခင်​ကို​လျှောက်​ဝံ့​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။ 21လေ​သည်​လာ၍ မိုး​ကောင်း​ကင်​ကို ရှင်း​လင်း​စေ​သော​အ​ခါ၊ လူ​သည် ထွန်း​လင်း​သော​ရောင်​ခြည်​ကို မ​ကြည့်​နိုင်။ 22မြောက်​မျက်​နှာ​မှ ရွှေ​ရောင်​ခြည်​ထွက်​တတ်၏။ ဘု​ရား​သ​ခင်​သည် ကြောက်​မက်​ဖွယ်​သော ဘုန်း​အာ​နု​ဘော်​နှင့် ပြည့်​စုံ​တော်​မူ၏။ 23အ​န​န္တ​တန်​ခိုး​ရှင်​ကို ငါ​တို့​သည် စစ်၍​မ​ကုန်​နိုင်​ကြ။ အ​စွမ်း​သ​တ္တိ​အား​ဖြင့်​လည်း​ကောင်း၊ တ​ရား​စီ​ရင်​ခြင်း​နှင့် ဖြောင့်​မတ်​ခြင်း​အား​ဖြင့်​လည်း​ကောင်း ထူး​ဆန်း​တော်​မူ၏။ အ​ဘယ်​သူ​ကို​မျှ ညှဉ်း​ဆဲ​တော်​မ​မူ။ 24သို့​ဖြစ်၍ လူ​တို့​သည် ကြောက်​ရွံ့​စ​ရာ​အ​ကြောင်း ရှိ​ကြ၏။ ဉာဏ်​ကောင်း​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ ဘု​ရား​သ​ခင်​ကို မ​ဖူး​မ​ကြည့်​နိုင်​ဟု မြွက်​ဆို၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 37: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။