YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 36

36
ဘု​ရား​သ​ခင်၏​ကောင်း​မြတ်​ခြင်း
1တစ်​ဖန် ဧ​လိ​ဟု ဆက်၍​မြွက်​ဆို​သည်​ကား၊ 2ငါ့​ကို သည်း​ခံ​ပါ​လော့။ အ​ကျိုး​အ​ကြောင်း​ကို ငါ​ပြ​ဦး​မည်။ ဘု​ရား​သ​ခင့်​အ​ဖို့ ပြော​စ​ရာ​ရှိ​သေး၏။ 3ငါ​သည် ဝေး​သော​အ​ရပ်​က ကိုယ်​ပ​ညာ​ကို​ဆောင်​ခဲ့​မည်။ ငါ့​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ဖြောင့်​မတ်​တော်​မူ​ကြောင်း​ကို ငါ​ပြ​မည်။ 4အ​ကယ်​စင်​စစ် မ​မှန်​သော​စ​ကား​ကို ငါ​မ​ပြော။ ပ​ညာ​အ​တတ် စုံ​လင်​သော​သူ​သည် သင်၌​ရှိ၏။
5ဘု​ရား​သ​ခင်​သည် တန်​ခိုး​ကြီး​တော်​မူ၏။ သို့​သော်​လည်း မ​ထီ​မဲ့​မြင်​ပြု​တော်​မ​မူ​တတ်။ အ​စွမ်း​သ​တ္တိ၊ ဉာဏ်​သ​တ္တိ​နှင့် ပြည့်​စုံ​တော်​မူ၏။ 6မ​တ​ရား​သော​သူ​တို့၏​အ​သက်​ကို စောင့်​တော်​မ​မူ။ ဆင်း​ရဲ​ခံ​ရ​သော​သူ​တို့​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ၏။ 7ဖြောင့်​မတ်​သော​သူ​တို့​ကို ပ​မာ​ဏ​မ​ပြု​ဘဲ နေ​တော်​မ​မူ။ ရှင်​ဘု​ရင်​နှင့်​အ​တူ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထာ​ဝ​ရ​နေ​ရာ​ချ၍ ချီး​မြှောက်​တော်​မူ၏။ 8သူ​တို့​သည် အ​ကျဉ်း​နေ၍ ဒု​က္ခ​ကြိုး​နှင့် ချည်​နှောင်​ခြင်း​ကို ခံ​ရ​လျှင်၊ 9သူ​တို့​ပြု​မိ​သော​အ​မှု​နှင့် ပြစ်​မှား​လွန်​ကျူး​မိ​သော​အ​ပြစ်​များ​တို့​ကို ပြ​တော်​မူ၏။ 10ဆုံး​မ​သော​စ​ကား​ကို နား​ထောင်​ချင်​သော သ​ဘော​ကို​သွင်း​ပေး၍၊ ဒု​စ​ရိုက်​ကို​စွန့်​စေ​မည်​အ​ကြောင်း ပ​ညတ်​တော်​မူ၏။ 11စ​ကား​တော်​ကို​နား​ထောင်၍ အ​မှု​တော်​ကို​ဆောင်​ရွက်​လျှင်၊ စည်း​စိမ်​ချမ်း​သာ​နှင့် ပျော်​မွေ့​လျက်၊ နှစ်​လ​နေ့​ရက်​ကာ​လ​ကို လွန်​စေ​တတ်​ကြ၏။ 12နား​မ​ထောင်​လျှင် ဓား​ဘေး​ဖြင့်​ဆုံး၍၊ ပ​ညာ​အ​တတ်​မ​ရှိ​ဘဲ သေ​တတ်​ကြ၏။ 13အ​ဓ​မ္မ​သ​ဘော​ရှိ​သော​သူ​တို့​သည် အ​မျက်​တော်​ကို သို​ထား​တတ်​ကြ၏။ ချည်​နှောင်​တော်​မူ​သော​အ​ခါ မ​အော်​ဟစ်​တတ်​ကြ။ 14အ​သက်​ငယ်​စဉ်​က​ပင်​သေ၍၊ ဆိုး​ညစ်​သော​သူ​တို့​နှင့်​အ​တူ ဆုံး​တတ်​ကြ၏။ 15အ​မှု​ရောက်​သော ဆင်း​ရဲ​သား​တို့​ကို ကယ်​တင်​တော်​မူ၏။ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ၊ နား​ထောင်​စေ​ခြင်း​ငှာ ပြု​တော်​မူ၏။ 16ထို​သို့​သင့်​ကို​လည်း ကျဉ်း​မြောင်း​သော​အ​ရပ်​မှ ကျယ်​ဝန်း​ရှင်း​လင်း​သော​အ​ရပ်​သို့ ပြောင်း​စေ၍၊ သင်၏​စား​ပွဲ​ပေါ်​မှာ ကောင်း​သော​အ​ရ​သာ​နှင့်​ပြည့်​စုံ​သော ခဲ​ဖွယ်​စား​ဖွယ်​ကို တင်​ထား​တော်​မူ​လိမ့်​မည်။ 17သို့​မ​ဟုတ် မ​တ​ရား​သော​သူ​ကဲ့​သို့ အ​ပြစ်​နှင့်​ပြည့်​စုံ​လျှင်၊ အ​ပြစ်​နှင့် ယှဉ်​သော​ဒဏ်​ကို ခံ​ရ​မည်။ 18အ​မျက်​တော် ထွက်​တတ်​သည်​ဖြစ်၍၊ ဒဏ်​ခတ်​တော်​မူ​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ အ​မှု​ရောက်​မှ များ​သော​အ​ဖိုး​ကို​ပေး​သော်​လည်း ကိုယ်​ကို မ​ရွေး​မ​နုတ်​နိုင်။ 19သင်၏​ဥ​စ္စာ​ကို ပ​မာ​ဏ​ပြု​တော်​မူ​မည်​လော။ ရွှေ​ကို​လည်း​ကောင်း၊ များ​စွာ​သော စည်း​စိမ်​ကို​လည်း​ကောင်း ပေး​ချင်​သော်​လည်း၊ ပ​မာ​ဏ​ပြု​တော်​မ​မူ။ 20ည​ကို မ​တောင့်​တ​နှင့်။ ည​အ​ခါ​လူ​တို့​သည် ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​တတ်​ကြ၏။ 21သ​တိ​ပြု​ပါ။ မ​တ​ရား​သော​အ​မှု​ကို မ​ငဲ့​ကွက်​နှင့်။ ထို​သို့​သော​အ​မှု​ကို ဆင်း​ရဲ​ခြင်း​ထက် သင်​သည် အ​လို​ရှိ​လေ​ပြီ​တ​ကား။
ဘု​ရား​သ​ခင်၏​ကြီး​မြတ်​ခြင်း
22ဘု​ရား​သ​ခင်​သည် တန်​ခိုး​တော်​အား​ဖြင့် ချီး​မြှောက်​ခြင်း​ရှိ​တော်​မူ၏။ ဘု​ရား​သ​ခင်​ကဲ့​သို့ အ​ဘယ်​သူ​အုပ်​ချုပ်​နိုင်​သ​နည်း။ 23ကြွ​တော်​မူ​ရ​သော​လမ်း​ကို အ​ဘယ်​သူ​စီ​ရင်​သ​နည်း။ ကိုယ်​တော်​သည် မ​တ​ရား​သော​အ​မှု​ကို ပြု​မိ​ပြီ​ဟု အ​ဘယ်​သူ​ဆို​ရာ​သ​နည်း။ 24လူ​တို့​သည် ချီး​မွမ်း​အပ်​သော​အ​မှု​တော်​ကို ချီး​မြှောက်​ခြင်း​ငှာ သ​တိ​ပြု​လော့။ 25လူ​ခပ်​သိမ်း​တို့​သည် အ​မှု​တော်​ကို မြင်​ကြ၏။ အ​ဝေး​က ကြည့်​ရှု​တတ်​ကြ၏။ 26ဘု​ရား​သ​ခင်​သည် ကြီး​မြတ်​တော်​မူ၏။ ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​နိုင်။ အ​သက်​တော်​နှစ်​ပေါင်း​ကို စစ်၍​မ​ကုန်​နိုင်​ကြ။ 27ရေ​ကို သုန်​ဖျင်း​စေ၍၊ အ​ထက်​သို့ ဆွဲ​ယူ​တော်​မူ​သ​ဖြင့်၊ ရေ​ငွေ့​ရှိ​သည်​အ​တိုင်း မိုး​ရွာ​တတ်၏။ 28မိုး​တိမ်​မှ လူ​တို့​အ​ပေါ်​သို့ မိုး​ပေါက်​ကျ၍၊ များ​စွာ​သော​မိုး ရွာ​တတ်၏။ 29မိုး​တိမ်​တော်​နှံ့​ပြား​ခြင်း၊ တဲ​တော်​အ​သံ​မြည်​ခြင်း​ကို အ​ဘယ်​သူ နား​လည်​သ​နည်း။ 30တဲ​တော်​အ​ပေါ်​မှာ အ​လင်း​တော်​ကို ဖြန့်​တော်​မူ၏။ သ​မု​ဒ္ဒ​ရာ၌ အ​နက်​ဆုံး​သော​အ​ရပ်​ကို​လည်း ဖုံး​လွှမ်း​တော်​မူ၏။ 31ထို​သို့​သော​အား​ဖြင့် လူ​မျိုး​တို့​ကို တ​ရား​စီ​ရင်​တော်​မူ၏။ များ​စွာ​သော အ​စာ​အာ​ဟာ​ရ​ကို​လည်း ပေး​တော်​မူ၏။ 32အ​လင်း​ကို လက်​တော်​နှင့်​ကွယ်​ကာ၍၊ တစ်​ဖန် ရန်​သူ​ရှိ​ရာ​သို့ လွှတ်​တော်​မူ၏။ 33ထို​သူ​မှ​စ​သော တိ​ရ​စ္ဆာန်​များ​နှင့် အ​ပင်​များ​ကို အ​လို​တော်​မ​ရှိ​ကြောင်း ထင်​ရှား၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 36: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ