YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 29

29
ချေ​ပ​ချက်​ကို​အ​ဆုံး​သတ်​ခြင်း
1ယော​ဘ​သည် လင်္ကာ​စ​ကား​ကို ဆက်၍​မြွက်​ဆို​သည်​ကား၊ 2ငါ​သည် လွန်​လေ​ပြီ​သော​နှစ်၊ လ၊ ဘု​ရား​သ​ခင်​စောင့်​မ​တော်​မူ​သော နေ့​ရက်၌​ဖြစ်​သ​ကဲ့​သို့ တစ်​ဖန်​ဖြစ်​ပါ​စေ။ 3ထို​အ​ခါ ဘု​ရား​သ​ခင်၏​မီး​ခွက်​သည် ငါ့​ခေါင်း​ပေါ်​မှာ ထွန်း​လင်း​သည်​ဖြစ်၍၊ ထို​အ​လင်း​ကို ငါ​အ​မှီ​ပြု​လျက်၊ မိုက်​သော​အ​ရပ်၌ လျှောက်​သွား​နိုင်၏။ 4ငါ့​အ​သက်​ပျို​သော​ကာ​လ၊ ငါ့​အိမ်၌​ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​သော အ​ခွင့်​ရှိ​သော​ကာ​လ၌၊ ငါ​ဖြစ်​သ​ကဲ့​သို့ တစ်​ဖန်​ဖြစ်​ပါ​စေ။ 5ထို​အ​ခါ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ့​ဘက်၌​ရှိ​တော်​မူ၏။ ငါ့​သား​သ​မီး​တို့​သည်​လည်း ငါ့​ကို​ဝိုင်း​လျက်​နေ​ကြ၏။ 6ထို​အ​ခါ ငါ​သွား​သော​လမ်း၌ နို့​ရည်​စီး​လေ၏။ ကျောက်​ခဲ​သည်​လည်း ငါ့​အ​ဖို့ ဆီ​ကို​သွန်း​လောင်း​လေ၏။ 7ငါ​သည်​မြို့​အ​လယ်၌ လျှောက်၍၊ မြို့​တံ​ခါး​သို့​သွား​လျက်၊ လမ်း၌ ထိုင်​ရာ​ကို ပြင်​ဆင်​လျက်​နေ​စဉ်​တွင်၊ 8လူ​ပျို​တို့​သည် ငါ့​ကို​မြင်​သ​ဖြင့် ပုန်း​ရှောင်၍ နေ​ကြ၏။ အ​သက်​ကြီး​သူ​တို့​သည်​လည်း ထ၍ မတ်​တတ်​နေ​ကြ၏။ 9မင်း​သား​တို့​သည် စ​ကား​မ​ပြော​ဘဲ​နေ၍၊ မိ​မိ​တို့​နှုတ်​ကို လက်​နှင့်​ပိတ်​ကြ၏။ 10မှူး​မတ်​တို့​သည်​လည်း တိတ်​ဆိတ်​စွာ​နေ၍၊ သူ​တို့​လျှာ​သည် အာ​ခေါင်၌ ကပ်​လေ၏။ 11လူ​တို့​သည် ငါ့​စ​ကား​သံ​ကို​ကြား​သော​အ​ခါ ကောင်း​ချီး​ပေး​ကြ၏။ ငါ့​ကို​မြင်​သော​အ​ခါ ချီး​မွမ်း​ကြ၏။ 12အ​ကြောင်း​မူ​ကား၊ ငါ​သည်​ဆင်း​ရဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ၊ ကိုး​ကွယ်​ရာ​မ​ရ​သော​သူ အော်​ဟစ်​သော​အ​ခါ ကယ်​တင်​တတ်၏။ 13ပျက်​လု​သော​သူ ကောင်း​ချီး​ပေး​ခြင်း​ကို ငါ​ခံ​ရ၏။ မု​ဆိုး​မ​စိတ်​နှ​လုံး​ကို ရွှင်​လန်း​စေ၏။ 14ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​ကို အ​ဝတ်​လုပ်၍ ငါ​ဝတ်​ဆင်၏။ တ​ရား​သည် ငါ့​ဝတ်​လုံ၊ ငါ့​ပေါင်း​ဖြစ်၏။ 15မျက်​စိ​ကန်း​သော​သူ​တို့​အား ငါ​သည် မျက်​စိ​ဖြစ်၏။ ခြေ​ဆွံ့​သော သူ​တို့​အား ခြေ​ဖြစ်၏။ 16ဆင်း​ရဲ​သော​သူ​တို့၏ အ​ဘ​ဖြစ်၏။ အ​သိ​အ​ကျွမ်း​မ​ရှိ​သော သူ​တို့၏​အ​မှု​ကို ငါ​နား​ထောင်၏။ 17မ​တ​ရား​သော​သူ၏ အ​စွယ်​တို့​ကို ငါ​ချိုး၍၊ သူ​လု​ယူ​ကိုက်​စား​သော အ​ရာ​ကို​နုတ်၏။ 18ငါ​သည် ကိုယ်​အ​သိုက်၌ သေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ ငါ့​အ​သက်​ရှင်​သော​နေ့​ရက်​တို့​သည် သဲ​လုံး​နှင့်​အ​မျှ များ​ပြား​လိမ့်​မည်​ဟု အောက်​မေ့၏။ 19ငါ့​အ​မြစ်​သည် ရေ​နား​မှာ​ပြန့်​ပွား၏။ ဆီး​နှင်း​သည် တစ်​ည​လုံး ငါ့​အ​ခက်​အ​လက်၌​ကျ၏။ 20ငါ့​ဘုန်း​သည် အ​စဉ်​ပွင့်​လန်း​လျက်၊ ငါ့​လေး​သည်​လည်း ငါ့​လက်၌ အား​ဖြည့်​လျက်​ရှိ၏။ 21သူ​တစ်​ပါး​တို့​သည် ငါ့​စ​ကား​ကို နား​ထောင်၍၊ ငါ​ပေး​သော​အ​ကြံ​ကို ငံ့​လင့်​လျက် တိတ်​ဆိတ်​စွာ​နေ​ကြ၏။ 22ငါ​ပြော​ပြီး​သည်​နောက် သူ​တို့​သည် ပြန်၍​မ​ပြော။ ငါ့​စ​ကား​သည် သူ​တို့​အ​ပေါ်​မှာ ရေ​စက်​ကဲ့​သို့ ကျ၏။ 23မိုး​ရေ​ကို​ငံ့​လင့်​သ​ကဲ့​သို့ ငါ့​ကို​ငံ့​လင့်​လျက်၊ နောက်​ကျ​သော မိုး​ရေ​ကို ခံ​ချင်​သ​ကဲ့​သို့၊ သူ​တို့​သည် ပါး​စပ်​ကို ကျယ်​ကျယ်​ဖွင့်​လျက် နေ​ကြ၏။ 24ငါ​သည် ပြုံး​လျက်​သူ​တို့​ကို ကြည့်​ရှု​သော​အ​ခါ၊ သူ​တို့​သည် မ​ယုံ​နိုင်​ကြ။ ငါ့​မျက်​နှာ၏​အ​လင်း​ကို​လည်း မ​ပျောက်​စေ​ကြ။ 25ငါ​သည် သူ​တို့​လမ်း​ကို​ပဲ့​ပြင်၍ အ​မြတ်​ဆုံး​သော​နေ​ရာ၌ ထိုင်၏။ ဗိုလ်​ခြေ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ ရှင်​ဘု​ရင်​ကဲ့​သို့​လည်း​ကောင်း၊ ညှိုး​ငယ်​သော​သူ​တို့​ကို နှစ်​သိမ့်​စေ​သော​သူ​ကဲ့​သို့​လည်း​ကောင်း ငါ​ဖြစ်၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 29: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ