YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 28

28
ပ​ညာ​ကို​အ​ဘယ်​မှာ​ရ​သ​နည်း
1ငွေ​လိုက်​သော​ငွေ​ကြောင်း​သည် စင်​စစ်​ရှိ၏။ လူ​စစ်​တတ်​သော ရွှေ​နေ​ရာ​လည်း​ရှိ၏။ 2သံ​ကို​မြေ​ကြီး​ထဲ​က တူး​ယူ​တတ်၏။ ကျောက်​ကို​ချက်၍ ကြေး​နီ​ကို ရ​တတ်၏။ 3လူ​သည် မှောင်​မိုက်​ကို ပျောက်​စေ​တတ်၏။ အ​ဆုံး​တိုင်​အောင်​လည်း​ကောင်း မှောင်​မိုက်​ကျောက်၊ သေ​မင်း​အ​ရိပ်​တိုင်​အောင်​လည်း​ကောင်း လိုက်၍​စစ်​တတ်၏။ 4တောင်​ခြေ​ရင်း၌​တွင်း​တူး၍၊ ခြေ​ဖြင့် ကိုယ်​ကို​မ​ထောက်​ဘဲ ဆင်း၍၊ လူ​နေ​ရာ​ကို စွန့်​သွား​တတ်၏။ 5မြေ​သည်​စား​စ​ရာ​ကို ပေး​တတ်​သော်​လည်း၊ အောက်​အ​ရပ်၌ မီး​ဖြင့်​ပျက်​သ​ကဲ့​သို့ အ​ပျက်​ခံ​ရ၏။ 6သူ၏​ကျောက်​တို့​သည် ကျောက်​နီ နေ​ရာ​ဖြစ်၏။ မြေ​မှုန့်​လည်း ရွှေ​ဖြစ်၏။ 7အ​ဘယ်​ငှက်​မျှ​မ​သိ၊ လင်း​တ​မျက်​စိ​လည်း မ​မြင်​သေး​သော​လမ်း​ရှိ၏။ 8ထို​လမ်း​ကို သား​ရဲ​မ​နင်း၊ ခြင်္သေ့​မ​လျှောက်​သေး။ 9လူ​သည်​ကျောက်​ပေါ်​မှာ လက်​တင်၍၊ တောင်​တို့​ကို ခြေ​ရင်း​တိုင်​အောင် မှောက်​တတ်၏။ 10ကျောက်​တို့​တွင် ရေ​စီး​စေ​တတ်၏။ သူ၏​မျက်​စိ​သည် ထူး​ဆန်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ကြည့်​မြင်​တတ်၏။ 11စီး​သော​ရေ​ကို တစ်​ဖန်​ဖြတ်၍၊ ဝှက်​ထား​သော​အ​ရာ​တို့​ကို ထုတ်​ဖော်​တတ်၏။
12သို့​ရာ​တွင်၊ ပ​ညာ​ကို​အ​ဘယ်​မှာ တွေ့​ရ​လိမ့်​မည်​နည်း။ ဉာဏ်​သည်​လည်း အ​ဘယ်​အ​ရပ်၌ နေ​သ​နည်း။ 13ဉာဏ်​ပ​ညာ​အ​ဖိုး​ကို လူ​မ​သိ​နိုင်။ အ​သက်​ရှင်​သော​သူ​တို့၏ နေ​ရာ၌ ရှာ၍​မ​တွေ့​နိုင်။ 14နက်​နဲ​သော​အ​ရပ်​က ငါ၌​မ​ရှိ။ ပင်​လယ်​က​လည်း၊ ငါ၌​မ​ရှိ​ဟု ဆို​တတ်၏။ 15ရွှေ​စင်​ကို​ပေး၍ ပ​ညာ​ကို​မ​ရ။ ငွေ​ကို​ချိန်၍ ပ​ညာ​အ​ဖိုး​ကို မ​မီ​နိုင်။ 16ဩ​ဖိ​ရ​ရွှေ၊ မြတ်​သော​ရှ​ဟံ​ကျောက်၊ နီ​လာ​ကျောက်​နှင့် ဝယ်​သော်​လည်း မ​ရ​နိုင်။ 17ရွှေ​ဖြစ်​စေ၊ ကျောက်​သ​လင်း​ဖြစ်​စေ မ​မီ​နိုင်။ ရွှေ​စင်​တန်​ဆာ​များ​နှင့် ဖ​လှယ်၍​မ​ရ​နိုင်။ 18သ​န္တာ​နှင့်​ပု​လဲ​ကို ပြော​စ​ရာ​မ​ရှိ။ ပ​ညာ​သည် ပ​တ္တ​မြား​ထက်​သာ၍ အ​ဖိုး​ကြီး၏။ 19ကု​ရှ​ဥဿ​ဖ​ရား​သည် မ​မီ​နိုင်။ အ​မြတ်​ဆုံး​သော​ရွှေ​နှင့် ဝယ်၍ မ​ရ​နိုင်။
20သို့​ဖြစ်၍၊ ပ​ညာ​သည် အ​ဘယ်​က​လာ​သ​နည်း။ ဉာဏ်​သည် အ​ဘယ်​ဆီ​မှာ နေ​ရာ​ကျ​သ​နည်း။ 21အ​သက်​ရှင်​သော သ​တ္တ​ဝါ​တစ်​စုံ​တစ်​ယောက်​မျှ ကြည့်၍​မ​မြင်​နိုင်။ မိုး​ကောင်း​ကင်​ငှက်​တို့​သည် ရှာ၍​မ​တွေ့​နိုင်။ 22အ​ဗ​ဒ္ဒုန်​မင်း​နှင့် သေ​မင်း​တို့​က၊ ပ​ညာ၏​သ​တင်း​ကို နား​နှင့်​ကြား​ရုံ​မျှ​သာ​ရှိ​သည်​ဟု ဆို​တတ်​ကြ၏။ 23ဘု​ရား​သ​ခင်​သာ​လျှင် ပ​ညာ​လမ်း​ကို နား​လည်​တော်​မူ၏။ 24ပ​ညာ​နေ​ရာ​အ​ရပ်​ကို သိ​တော်​မူ၏။ 25လေ​ကို​ချိန်​လျက်၊ ရေ​ကို​လည်း​ခြင်​လျက်၊ မြေ​ကြီး​စွန်း​တိုင်​အောင် ကြည့်​ရှု၍၊ ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​တို့​ကို မြင်​တော်​မူ၏။ 26မိုး​ရွာ​မှု​ကို​စီ​ရင်၍၊ မိုး​ကြိုး​လျှပ်​စစ်​ပြက်​ရာ​လမ်း​ကို ဖန်​ဆင်း​သော​အ​ခါ၊ 27ပ​ညာ​ကို​မြင်၍ ဖော်​ပြ​တော်​မူ၏။ ပ​ညာ​တ​ရား​ကို​ထား၍ စုံ​စမ်း​တော်​မူ၏။ 28လူ​တို့​အား​လည်း ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သည် ပ​ညာ​ဖြစ်​ကြောင်း​နှင့်၊ ဒု​စ​ရိုက်​ကို​ရှောင်​ခြင်း​သည် ဉာဏ်​ဖြစ်​ကြောင်း​ကို မိန့်​တော်​မူ​ပြီ​ဟု မြွက်​ဆို၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 28: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ