YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 27

27
မိ​မိ​ရိုး​သား​မှု​ကို​ထိန်း​သိမ်း​ခြင်း
1ယော​ဘ​သည် လင်္ကာ​စ​ကား​ကို ဆက်၍ မြွက်​ဆို​သည်​ကား၊ 2ငါ့​ကို အ​မှု​ရှုံး​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်၊ ငါ့​ဝိ​ညာဉ်​ကို ညှဉ်း​ဆဲ​တော်​မူ​သော​အ​န​န္တ​တန်​ခိုး​ရှင်​သည် အ​သက်​ရှင်​တော်​မူ​သည်​မှန်​လျှင်၊ 3ငါ့​အ​သက်​ရှင်​လျက်၊ ငါ့​နှာ​ခေါင်း၌ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​အ​သက် တည်​သ​မျှ​ကာ​လ​ပတ်​လုံး၊ 4တစ်​ခါ​မျှ အ​ဓ​မ္မ​စ​ကား​ကို ငါ့​နှုတ်​မ​မြွက်။ လှည့်​စား​သော​စ​ကား​ကို ငါ့​လျှာ​ဖြင့် ငါ​မ​ပြော​ဘဲ​နေ​မည်။ 5သင်​တို့​သ​ဘော​ဖြောင့်​သည်​ဟု ဝန်​ခံ​သော​စ​ကား​သည် ငါ​နှင့်​ဝေး​ပါ​စေ​သော။ ငါ​သည် ကိုယ်​သ​ဘော​ဖြောင့်​သည်​ကို သေ​သည်​တိုင်​အောင် မ​ငြင်း။ 6ငါ​သည် တ​ရား​သော​အ​ကျင့်​ကို လက်​မ​လွှတ်၊ စွဲ​ကိုင်​လျက်​နေ​မည်။ အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်​ကို​အ​ပြစ်​မ​တင်​ရ။ 7ငါ့​ရန်​သူ​သည် ဆိုး​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ ငါ့​တစ်​ဖက်၌ ထ​သော​သူ​သည် မ​ဖြောင့်​မတ်​သော​သူ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ​စေ​သော။ 8အ​ဓ​မ္မ​လူ​သည် ဆုံး​ခြင်း​သို့​ရောက်၍၊ အ​သက်​ဝိ​ညာဉ်​ကို ဘု​ရား​သ​ခင်​နုတ်​တော်​မူ​သော​အ​ခါ အ​ဘယ်​မျှော်​လင့်​စ​ရာ​ရှိ​သေး​သ​နည်း။ 9ထို​အ​မှု​ရောက်​သော​အ​ခါ၊ သူ​အော်​ဟစ်​ခြင်း​ကို ဘု​ရား​သ​ခင် နား​ထောင်​တော်​မူ​မည်​လော။ 10ထို​သူ​သည် အ​န​န္တ​တန်​ခိုး​ရှင်၌ မွေ့​လျော်​လိမ့်​မည်​လော။ ဘု​ရား​သ​ခင်​ကို အ​စဉ်​ပ​တ္ထ​နာ​ပြု​လိမ့်​မည်​လော။ 11ဘု​ရား​သ​ခင်၏​အ​မှု​တော်​တို့​ကို သင်​တို့​အား ငါ​ပြ​သ​မည်။ အ​န​န္တ​တန်​ခိုး​ရှင် ကြံ​စည်​တော်​မူ​သော​အ​ရာ​တို့​ကို ငါ​ထိမ်​ဝှက်၍​မ​ထား။ 12သင်​တို့​သည် ကိုယ်​တိုင်​သိ​မြင်​လျက်၊ ဤ​မျှ​လောက် အ​ချည်း​နှီး​သော​စိတ်​ကို အ​ဘယ်​ကြောင့် ပြု​စု​ကြ​သ​နည်း။ 13လူ​ဆိုး​အား ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ဆု​လာဘ်၊ ညှဉ်း​ဆဲ​တတ်​သော​သူ​သည် အ​န​န္တ​တန်​ခိုး​ရှင်၏ လက်​တော်​မှ​ခံ​ရ​သော အ​မွေ​ဥ​စ္စာ​ဟူ​မူ​ကား၊ 14သူ၏​သား​သ​မီး​များ​ပြား​သော်​လည်း ဓား​စာ​ဖြစ်​ကြ၏။ မွတ်​သိပ်​ခြင်း​ကို​လည်း ခံ​ရ​ကြ၏။ 15သူ၌​ကျန်​ကြွင်း​သော​သူ​တို့​ကို သေ​မင်း​သင်္ဂြိုဟ်​လိမ့်​မည်။ သူ၏​မု​ဆိုး​မ​တို့​သည် ငို​ကြွေး​ခြင်း​ကို မ​ပြု​ရ​ကြ။ 16သူ​သည်​ငွေ​ကို မြေ​မှုန့်​ကဲ့​သို့​ပုံ၍၊ အ​ဝတ်​တန်​ဆာ​ကို ရွှံ့​ကဲ့​သို့ ပြင်​ဆင်​သော်​လည်း၊ 17ထို​အ​ဝတ်​တန်​ဆာ​ကို ဖြောင့်​မတ်​သော​သူ​သည် ဝတ်​ဆင်​လိမ့်​မည်။ ထို​ငွေ​ကို အ​ပြစ်​ကင်း​သော​သူ​သည် ဝေ​ငှ​လိမ့်​မည်။ 18သူ​ဆောက်​သော အိမ်​သည် ပိုး​ရွ​အိမ်​ကဲ့​သို့​လည်း​ကောင်း၊ ကင်း​တဲ​ကဲ့​သို့​လည်း​ကောင်း ဖြစ်၏။ 19ထို​ရ​တတ်​သော​သူ​သည် သေ​သော​အ​ခါ သင်္ဂြိုဟ်​ခြင်း​ကို မ​ခံ​ရ။ မျက်​စိ​တစ်​မှိတ်၌ ဆုံး​ရှုံး​ပြီ။ 20ထ​သော​ရေ​ကဲ့​သို့ ဘေး​ဥ​ပဒ်​တို့​သည် သူ့​ကို​လိုက်​တတ်၏။ ည​အ​ခါ မိုး​သက်​မုန်​တိုင်း တိုက်​သွား​တတ်၏။ 21အ​ရှေ့​လေ​လွှင့်၍ သူ​သည်​မိ​မိ​နေ​ရာ၌ မ​တည်။ လေ​အ​ဟုန်​ဖြင့် ပါ​သွား​တတ်၏။ 22ဘု​ရား​သ​ခင်​သည် မ​သ​နား​ဘဲ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ လက်​တော်​မှ လွတ်​ခြင်း​ငှာ အ​လို​ရှိ​လိမ့်​မည်။ 23လူ​တို့​သည် လက်​ခုတ်​တီး၍ ကဲ့​ရဲ့​သံ​ကို​ပြု​လျက်၊ သူ့​ကို​မောင်း​ကြ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ယောဘ 27: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ