YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 26

26
ဘု​ရား​သ​ခင်၏​ကြီး​မြတ်​ခြင်း
1ယော​ဘ​ပြန်၍ မြွက်​ဆို​သည်​ကား၊ 2သင်​သည်​အား​နည်း​သော​သူ​ကို အ​ဘယ်​သို့​မ​စ​သ​နည်း။ လက်​ကျ​သော​သူ​ကို အ​ဘယ်​သို့ ထောက်​ပင့်​သ​နည်း။ 3မိုက်​သော​သူ​ကို အ​ဘယ်​သို့ အ​ကြံ​ပေး​သ​နည်း။ ထူး​ဆန်း​သော​ပ​ညာ​ကို အ​ဘယ်​သို့​ပြ​သ​နည်း။ 4ဤ​စ​ကား​ကို အ​ဘယ်​သူ​အား မြွက်​ဆို​သ​နည်း။ အ​ဘယ်​သူ၏ ဝိ​ညာဉ်​အား​ဖြင့် ဟော​ပြော​သ​နည်း။
5အောက်​အ​ရပ်၌ သင်္ချိုင်း​သား​တို့​နှင့်​တ​ကွ ရေ​များ​နှင့် ရေ၌​နေ​သော​သူ​များ​တို့​သည် တုန်​လှုပ်​ကြ၏။ 6မ​ရ​ဏ​နိုင်​ငံ​သည် ရှေ့​တော်၌ လှန်​လျက်​ရှိ၏။ အ​ဗ​ဒ္ဒုန်​နိုင်​ငံ​ကို ဖုံး​အုပ်​ခြင်း​မ​ရှိ​ရာ။ 7မိုး​ကောင်း​ကင်​ကို လွတ်​လပ်​လ​ဟာ၌ ကြက်​တော်​မူ၏။ မြေ​ကြီး​ကို​အ​ခု​အ​ခံ​မ​ရှိ ဆွဲ​ထား​တော်​မူ၏။ 8ထူ​ထပ်​သော မိုး​တိမ်​တော်​နှင့် ရေ​ကို​ထုပ်​တော်​မူ၍၊ မိုး​တိမ်​သည် မ​စုတ်​မ​ပြတ်​နေ၏။ 9မိုး​တိမ်​တော်​ကို​ဖြန့်၍ ပ​လ္လင်​တော်​မျက်​နှာ​ကို ဖုံး​အုပ်​တော်​မူ၏။ 10အ​လင်း​နှင့်​အ​မိုက်​ဆုံ​မိ​ရာ အ​ပိုင်း​အ​ခြား၌ စ​ကြ​ဝ​ဠာ​ကို ကန့်​ကွက်​တော်​မူ၏။ 11ဆုံး​မ​တော်​မူ​ခြင်း​ကြောင့်၊ မိုး​ကောင်း​ကင်​တိုင်​တို့​သည် တုန်​လှုပ်၍ မိန်း​မော​တွေ​ဝေ​လျက်​နေ​ကြ၏။ 12တန်​ခိုး​တော်​အား​ဖြင့် သ​မု​ဒ္ဒ​ရာ​ကို ဆုံး​မ​တော်​မူ၏။ ပ​ညာ​တော်​အား​ဖြင့်​သူ၏ မာ​န​ကို ချိုး​ဖျက်​တော်​မူ၏။ 13ဝိ​ညာဉ်​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​တန်​ဆာ​များ​ကို​ပြင်၍၊ လျင်​မြန်​သော​န​ဂါး​ကို​လည်း ဖန်​ဆင်း​တော်​မူ၏။ 14ဤ​ရွေ့​ကား၊ အ​မှု​တော်​အ​ရိပ်​အ​မြွက်​သာ ဖြစ်၏။ စ​ကား​တော် အ​သံ​အ​နည်း​ငယ်​ကို​သာ နား​ကြား​ရ၏။ တန်​ခိုး​တော်​မိုး​ကြိုး​သံ​ကို အ​ဘယ်​သူ​နား​လည်​နိုင်​သ​နည်း​ဟု မြွက်​ဆို၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 26: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။