YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 2:1-7

ယောဘ 2:1-7 JBMLE

တစ်​ဖန် ဘု​ရား​သ​ခင်၏​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ခ​စား​ခြင်း​ငှာ လာ​ရ​သော​နေ့​ရက်​အ​ချိန်​ရောက်​လျှင်၊ စာ​တန်​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ခ​စား​ခြင်း​ငှာ သူ​တို့​နှင့်​အ​တူ​လာ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အ​ဘယ်​အ​ရပ်​က​လာ​သ​နည်း​ဟု စာ​တန်​ကို​မေး​တော်​မူ​လျှင်၊ စာ​တန်​က၊ မြေ​ကြီး​ပေါ်​မှာ​လှည့်​လည်၍ အ​ရပ်​ရပ်​သွား​လာ​ခြင်း​အ​မှု​ထဲ​က လာ​ပါ​သည်​ဟု ပြန်​လျှောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ကျွန်​ယော​ဘ​ကို ဆင်​ခြင်​မိ​ပြီ​လော။ မြေ​ကြီး​ပေါ်​မှာ​သူ​နှင့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ စုံ​လင်​ဖြောင့်​မတ်​ပေ၏။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ၊ မ​ကောင်း​သော​အ​ကျင့်​ကို ရှောင်​သော​သူ​ဖြစ်၏။ အ​ကြောင်း​မ​ရှိ​ဘဲ သူ့​ကို​ပျက်​စီး​စေ​ခြင်း​ငှာ သင်​သည် ငါ့​ကို​တိုက်​တွန်း​သော်​လည်း၊ သူ​သည် ဖြောင့်​မတ်​သော​သ​ဘော​ကို စွဲ​လမ်း​လျက်​နေ​သည်​ဟု စာ​တန်​အား မိန့်​တော်​မူ၏။ စာ​တန်​က​လည်း၊ အ​ရေ​ဖို့​အ​ရေ​ဟု ဆို​သ​ကဲ့​သို့၊ လူ​သည် မိ​မိ​အ​သက်​ဖို့ မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​ကို ပေး​ပါ​လိမ့်​မည်။ ယ​ခု​တစ်​ဖန် လက်​တော်​ကို​ဆန့်၍ သူ့​အ​ရိုး​နှင့်​သူ့​အ​သား​ကို ထိ​ခိုက်​တော်​မူ​လျှင်၊ သူ​သည် မျက်​မှောက်​တော်၌ ကိုယ်​တော်​ကို စွန့်​ပယ်​ပါ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ပြန်​လျှောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ​သည် သင့်​လက်၌​ရှိ၏။ သူ့​အ​သက်​တစ်​ခု​ကို​သာ လွတ်​စေ​ဟု​မိန့်​တော်​မူ​လျှင်၊ စာ​တန်​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ထွက်​သွား၍ ယော​ဘ၏ ခြေ​ဖ​ဝါး​မှ​သည် ဦး​ထိပ်​တိုင်​အောင် ဆိုး​သော​အ​နာ​စိမ်း​များ တိုး​ပေါက်​စေ၏။