YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 2

2
ယော​ဘ၏​ကျန်း​မာ​ရေး​ကို​တိုက်​ခိုက်ခြင်း
1တစ်​ဖန် ဘု​ရား​သ​ခင်၏​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ခ​စား​ခြင်း​ငှာ လာ​ရ​သော​နေ့​ရက်​အ​ချိန်​ရောက်​လျှင်၊ စာ​တန်​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ခ​စား​ခြင်း​ငှာ သူ​တို့​နှင့်​အ​တူ​လာ၏။ 2ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အ​ဘယ်​အ​ရပ်​က​လာ​သ​နည်း​ဟု စာ​တန်​ကို​မေး​တော်​မူ​လျှင်၊ စာ​တန်​က၊ မြေ​ကြီး​ပေါ်​မှာ​လှည့်​လည်၍ အ​ရပ်​ရပ်​သွား​လာ​ခြင်း​အ​မှု​ထဲ​က လာ​ပါ​သည်​ဟု ပြန်​လျှောက်​လေ၏။ 3ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ကျွန်​ယော​ဘ​ကို ဆင်​ခြင်​မိ​ပြီ​လော။ မြေ​ကြီး​ပေါ်​မှာ​သူ​နှင့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ စုံ​လင်​ဖြောင့်​မတ်​ပေ၏။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ၊ မ​ကောင်း​သော​အ​ကျင့်​ကို ရှောင်​သော​သူ​ဖြစ်၏။ အ​ကြောင်း​မ​ရှိ​ဘဲ သူ့​ကို​ပျက်​စီး​စေ​ခြင်း​ငှာ သင်​သည် ငါ့​ကို​တိုက်​တွန်း​သော်​လည်း၊ သူ​သည် ဖြောင့်​မတ်​သော​သ​ဘော​ကို စွဲ​လမ်း​လျက်​နေ​သည်​ဟု စာ​တန်​အား မိန့်​တော်​မူ၏။ 4စာ​တန်​က​လည်း၊ အ​ရေ​ဖို့​အ​ရေ​ဟု ဆို​သ​ကဲ့​သို့၊ လူ​သည် မိ​မိ​အ​သက်​ဖို့ မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​ကို ပေး​ပါ​လိမ့်​မည်။ 5ယ​ခု​တစ်​ဖန် လက်​တော်​ကို​ဆန့်၍ သူ့​အ​ရိုး​နှင့်​သူ့​အ​သား​ကို ထိ​ခိုက်​တော်​မူ​လျှင်၊ သူ​သည် မျက်​မှောက်​တော်၌ ကိုယ်​တော်​ကို စွန့်​ပယ်​ပါ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ပြန်​လျှောက်​လေ၏။ 6ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ​သည် သင့်​လက်၌​ရှိ၏။ သူ့​အ​သက်​တစ်​ခု​ကို​သာ လွတ်​စေ​ဟု​မိန့်​တော်​မူ​လျှင်၊ 7စာ​တန်​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ထွက်​သွား၍ ယော​ဘ၏ ခြေ​ဖ​ဝါး​မှ​သည် ဦး​ထိပ်​တိုင်​အောင် ဆိုး​သော​အ​နာ​စိမ်း​များ တိုး​ပေါက်​စေ၏။ 8ယော​ဘ​သည် ကိုယ်​ကို​ခြစ်​စ​ရာ အိုး​ခြမ်း​ကို ကိုင်​ယူ၍ မီး​ဖို​ပြာ​ထဲ​မှာ ထိုင်​လေ၏။ 9ထို​အ​ခါ​မ​ယား​က၊ သင်​သည် ဖြောင့်​မတ်​သော​တ​ရား​ကို စွဲ​လမ်း​သေး​သ​လော။ ဘု​ရား​သ​ခင်​ကို စွန့်​ပယ်၍ သေ​လော့​ဟု​ဆို၏။ 10ယော​ဘ​က​လည်း၊ မိန်း​မ​မိုက်​ပြော​တတ်​သ​ကဲ့​သို့ သင်​သည်​ပြော၏။ အ​ဘယ်​သို့​နည်း။ ငါ​တို့​သည် ဘု​ရား​သ​ခင်၏​လက်​တော်​မှ သု​ခ​ချမ်း​သာ​ကို ခံ​ယူ​သည်​ဖြစ်၍၊ ဒု​က္ခ​ဆင်း​ရဲ​ကို မ​ခံ​မ​ယူ​ရာ​သ​လော​ဟု ဆို၏။ ယော​ဘ​သည် ဤ​အ​မှု​များ​နှင့် တွေ့​ကြုံ​သော်​လည်း နှုတ်​ဖြင့်​မျှ မ​မှား​ယွင်း။
ယော​ဘ၏​မိတ်​ဆွေ​သုံး​ဦး
11ထို​အ​ခါ တေ​မန်​အ​မျိုး​သား​ဧ​လိ​ဖတ်၊ ရှု​အာ​အ​မျိုး​သား ဗိ​လ​ဒဒ်၊ နေ​မတ်​အ​မျိုး​သား ဇော​ဖာ​တည်း​ဟူ​သော ယော​ဘ၏​အ​ဆွေ​ခင်​ပွန်း သုံး​ယောက်​တို့​သည်၊ သူ၌​ရောက်​သော ဤ​အ​မှု​ကြီး​အ​လုံး​စုံ​တို့​ကို သ​တင်း​ကြား​လျှင်၊ ယော​ဘ​နှင့်​အ​တူ ညည်း​တွား၍ သူ့​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ၊ စည်း​ဝေး​မည် ချိန်း​ချက်​သည်​အ​တိုင်း၊ အ​သီး​အ​သီး မိ​မိ​တို့​နေ​ရာ​အ​ရပ်​မှ ရောက်​လာ​ကြ၏။ 12ထို​သူ​တို့​သည် အ​ဝေး​က​မျှော်​ကြည့်၍ ယော​ဘ​ကို​မ​သိ​လျှင်၊ အ​သံ​ကို​လွှင့်၍ ငို​ကြွေး​ကြ၏။ အ​သီး​အ​သီး မိ​မိ​တို့​ဝတ်​လုံ​ကို​ဆုတ်၍ မြေ​မှုန့်​ကို​ယူ​ပြီး​လျှင် မိ​မိ​တို့ ခေါင်း​ပေါ်​သို့ ကျ​ရောက်​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​သို့ ပစ်​တင်​ကြ၏။ 13ခု​နစ်​ရက်​ပတ်​လုံး ယော​ဘ​နှင့်​အ​တူ မြေ​ပေါ်​မှာ​ထိုင်၍၊ သူ​သည် ပြင်း​စွာ​သော​ဆင်း​ရဲ ခံ​ရ​ကြောင်း​ကို သိ​မြင်​လျှင်၊ အ​ဘယ်​သူ​မျှ စ​ကား​မ​ပြော​မ​ဆို​ဘဲ နေ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 2: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။