YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 2:1-7

ယောဘ 2:1-7 Judson Bible (JBMLE)

တစ်​ဖန် ဘု​ရား​သ​ခင်၏​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ခ​စား​ခြင်း​ငှာ လာ​ရ​သော​နေ့​ရက်​အ​ချိန်​ရောက်​လျှင်၊ စာ​တန်​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ခ​စား​ခြင်း​ငှာ သူ​တို့​နှင့်​အ​တူ​လာ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အ​ဘယ်​အ​ရပ်​က​လာ​သ​နည်း​ဟု စာ​တန်​ကို​မေး​တော်​မူ​လျှင်၊ စာ​တန်​က၊ မြေ​ကြီး​ပေါ်​မှာ​လှည့်​လည်၍ အ​ရပ်​ရပ်​သွား​လာ​ခြင်း​အ​မှု​ထဲ​က လာ​ပါ​သည်​ဟု ပြန်​လျှောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ကျွန်​ယော​ဘ​ကို ဆင်​ခြင်​မိ​ပြီ​လော။ မြေ​ကြီး​ပေါ်​မှာ​သူ​နှင့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ စုံ​လင်​ဖြောင့်​မတ်​ပေ၏။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ၊ မ​ကောင်း​သော​အ​ကျင့်​ကို ရှောင်​သော​သူ​ဖြစ်၏။ အ​ကြောင်း​မ​ရှိ​ဘဲ သူ့​ကို​ပျက်​စီး​စေ​ခြင်း​ငှာ သင်​သည် ငါ့​ကို​တိုက်​တွန်း​သော်​လည်း၊ သူ​သည် ဖြောင့်​မတ်​သော​သ​ဘော​ကို စွဲ​လမ်း​လျက်​နေ​သည်​ဟု စာ​တန်​အား မိန့်​တော်​မူ၏။ စာ​တန်​က​လည်း၊ အ​ရေ​ဖို့​အ​ရေ​ဟု ဆို​သ​ကဲ့​သို့၊ လူ​သည် မိ​မိ​အ​သက်​ဖို့ မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​ကို ပေး​ပါ​လိမ့်​မည်။ ယ​ခု​တစ်​ဖန် လက်​တော်​ကို​ဆန့်၍ သူ့​အ​ရိုး​နှင့်​သူ့​အ​သား​ကို ထိ​ခိုက်​တော်​မူ​လျှင်၊ သူ​သည် မျက်​မှောက်​တော်၌ ကိုယ်​တော်​ကို စွန့်​ပယ်​ပါ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ပြန်​လျှောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ​သည် သင့်​လက်၌​ရှိ၏။ သူ့​အ​သက်​တစ်​ခု​ကို​သာ လွတ်​စေ​ဟု​မိန့်​တော်​မူ​လျှင်၊ စာ​တန်​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ထွက်​သွား၍ ယော​ဘ၏ ခြေ​ဖ​ဝါး​မှ​သည် ဦး​ထိပ်​တိုင်​အောင် ဆိုး​သော​အ​နာ​စိမ်း​များ တိုး​ပေါက်​စေ၏။

ယောဘ 2:1-7 Common Language Bible (BCL)

တဖန်ဘုရားသခင်၏ သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှါ လာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း ထာဝရဘုရားထံတော်၌ခစားခြင်းငှါ သူတို့နှင့်အတူလာ၏။ ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု စာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာလှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲကလာပါသည်ဟု ပြန်လျှောက်လေ၏။ ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာသူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူကိုပျက်စီးစေခြင်းငှါ သင်သည် ငါ့ကို တိုက်တွန်းသော်လည်း၊ သူသည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အား မိန့်တော်မူ၏။ စာတန်ကလည်း၊ အရေဘို့အရေဟုဆိုသကဲ့သို့၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။ ယခုတဖန် လက်တော်ကိုဆန့်၍ သူ့အရိုးနှင့် သူ့အသားကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။ ထာဝရဘုရားကလည်း၊ သူသည် သင့်လက်၌ ရှိ၏။ သူ့အသက်တခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွား၍ ယောဘ၏ ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ၏။

ယောဘ 2:1-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရား​သား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ ဝင်ရောက်ခစား​သော​နေ့​ရောက်လာ​ပြန်​လျှင် စာတန်​သည်​လည်း သူ​တို့​နှင့်အတူ ထာဝရဘုရား​ရှေ့​တော်​သို့ ရောက်လာ​၏​။ ထာဝရဘုရား​က စာတန်​အား “သင် ဘယ်​အရပ်​က လာ​သနည်း​”​ဟု မေး​တော်မူ​လျှင် စာတန်​က ထာဝရဘုရား​အား “​မြေကြီး​တစ်ခွင် လှည့်လည်​သွားလာ​ရာ​မှ လာ​ပါ​သည်”​ဟု ပြန်လျှောက်​၏​။ ထိုအခါ ထာဝရဘုရား​က စာတန်​အား “​ငါ့​အစေအပါး​ယောဘ​ကို သင်​သတိထား​မိ​သလော​။ မြေကြီး​ပေါ်တွင် သူ​နှင့်​တူ​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​။ သူ​သည် အပြစ်တင်စရာ​မ​ရှိ​၊ ဖြောင့်မှန်​သော​သူ​၊ ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​သော​သူ​၊ မကောင်းမှု​ကို ရှောင်ကြဉ်​သော​သူ​ဖြစ်​၏​။ အကြောင်းမရှိ​ဘဲ သူ့​ကို​ဖျက်ဆီး​ရန် သင်​သည် ငါ့​ကို​တိုက်တွန်း​သော်လည်း သူ​သည် ဖြောင့်မတ်တည်ကြည်​ခြင်း​ကို စွဲကိုင်​ထား​လျက်​ရှိ​၏​”​ဟု မိန့်ဆို​၏​။ ထိုအခါ စာတန်​က ထာဝရဘုရား​အား “​အရေပြား​အဖို့ အရေပြား​ဆို​သကဲ့သို့ပင် လူ​သည် မိမိ​အသက်​အဖို့ အရာ​အားလုံး​ကို​ပင် ပေးဆပ်​နိုင်​မည်​သာ​ဖြစ်​ပါ​၏​။ လက်​တော်​ကို​ဆန့်​၍ သူ​၏​အရိုး​အသား​တို့​ကို ဖျက်ဆီး​ကြည့်​ပါ​။ သူ​သည် ကိုယ်တော်​ကို မျက်ဝါးထင်ထင် ကျိန်ဆဲ​မည်​မှာ မ​လွဲ​ပါ​”​ဟု ပြန်လျှောက်​၏​။ ထာဝရဘုရား​က​လည်း စာတန်​အား “​ကြည့်​လော့​။ သူ​သည် သင့်​လက်​၌ ရှိ​၏​။ သူ့​အသက်​ကို​မူ ချမ်းသာ​ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ စာတန်​သည် ထာဝရဘုရား​ထံ​မှ ထွက်သွား​၍ ယောဘ​ကို ဦးခေါင်း​မှ ခြေဖဝါး​အထိ ဆိုးရွား​သော​အနာစိမ်း​များ​ကို ပေါက်​စေ​၏​။