YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 44

44
အဲ​ဂု​တ္တု​ရှိ​ယု​ဒ​တို့​အ​တွက်​ဗျာ​ဒိတ်
1အဲ​ဂု​တ္တု​ပြည်၊ မိ​ဂ​ဒေါ​လ​မြို့၊ တာ​ပ​နက်​မြို့၊ နော​ဖ​မြို့၊ ပါ​သ​ရု​အ​ရပ်၌​နေ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​ကို ရည်​မှတ်၍ ယေ​ရ​မိ​သို့ ရောက်​လာ​သော နှုတ်​က​ပတ်​တော်​အား​ဖြင့်၊ 2ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့ အ​စ​ရှိ​သော ယု​ဒ​မြို့​ရွာ အ​ရပ်​ရပ်​တို့​အ​ပေါ်​သို့ ငါ​ရောက်​စေ​သော​ဘေး​ဒဏ်​ကို သင်​တို့​သည် မြင်​ကြ​ပြီ။ 3ကြည့်​ရှု​ကြ​လော့။ ယ​နေ့​မှာ ထို​မြို့​ရွာ​တို့​သည်၊ နေ​သော​သူ​မ​ရှိ၊ လူ​ဆိတ်​ညံ​သော​အ​ရပ် ဖြစ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ အ​ရင်​နေ​သော​သူ​တို့​သည် ကိုယ်​တိုင်​မ​သိ၊ ဘိုး​ဘေး​တို့​မ​သိ၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ဝတ်​ပြု​သ​ဖြင့်၊ ငါ၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ပြု​ကြ​သော​ဒု​စ​ရိုက်​ကြောင့် ဤ​အ​မှု​ရောက်​သ​တည်း။ 4ငါ၏​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို ငါ​သည် စော​စော​ထ၍ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​လျက်၊ ငါ​မုန်း​သော​အ​မှု၊ ဤ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို မ​ပြု​ပါ​နှင့်​ဟု​ပြော​သော်​လည်း၊ 5သူ​တို့​သည် အ​ခြား​တစ်​ပါး​သော ဘု​ရား​အား နံ့​သာ​ပေါင်း​ကို​မီး​မ​ရှို့၊ ဒု​စ​ရိုက်​ကို​ရှောင်​မည်​အ​ကြောင်း နား​ထောင်​ခြင်း​ကို မ​ပြု၊ မ​နာ​မ​ယူ​ဘဲ နေ​ကြ၏။ 6ထို​ကြောင့်၊ ငါ၏​အ​မျက်​အ​ရှိန်​ကို ငါ​သွန်း​လောင်း၍၊ ယု​ဒ​မြို့​များ ယေ​ရု​ရှ​လင်​လမ်း​များ​တို့၌ အ​မျက်​မီး​ရှို့​သ​ဖြင့်၊ သူ​တို့​သည် ယ​နေ့၌ ဖြစ်​သ​ကဲ့​သို့ သုတ်​သင်​ပယ်​ရှင်း​ရာ​အ​ရပ် ဖြစ်​ကြ​၏။
7-8ယ​ခု​မှာ ဣ​သ​ရေ​လ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ကိုယ်​ကို​ကိုယ် ပယ်​ဖြတ်​လို​သော​ငှာ​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​မှာ လူ​အ​မျိုး​မျိုး​တို့​တွင် ကဲ့​ရဲ့​ကျိန်​ဆဲ​ရာ ဖြစ်​လို​သော​ငှာ​လည်း​ကောင်း၊ သွား၍​နေ​သော အဲ​ဂု​တ္တု​ပြည်၌ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​လျက်၊ ကိုယ်​တိုင်​ပြု​သော​အ​မှု​နှင့် ငါ၏​အ​မျက်​ကို​နှိုး​ဆော်​သ​ဖြင့်၊ သင်​တို့​တွင် တစ်​ယောက်​မျှ မ​ကြွင်း၊ ယု​ဒ​အ​မျိုး ယောက်ျား​မိန်း​မ၊ သူ​ငယ်​နို့​စို့​က​လေး​အ​ပေါင်း​တို့​ကို ပယ်​ဖြတ်​မည်​အ​ကြောင်း၊ ကြီး​စွာ​သော ဒု​စ​ရိုက်​ကို ကိုယ်​စိတ်​ဝိ​ညာဉ်​တစ်​ဖက်၌ အ​ဘယ်​ကြောင့် ပြု​ကြ​သ​နည်း။ 9ယု​ဒ​ပြည်၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​လမ်း​တို့၌​လည်း​ကောင်း၊ သင်​တို့​ဘိုး​ဘေး​များ ပြု​သော​ဒု​စ​ရိုက်၊ ယု​ဒ​ရှင်​ဘု​ရင်​များ ပြု​သော​ဒု​စ​ရိုက်၊ မိ​ဖု​ရား​များ​ပြု​သော​ဒု​စ​ရိုက်၊ သင်​တို့​ကိုယ်​တိုင် ပြု​သော​ဒု​စ​ရိုက်၊ သင်​တို့​မ​ယား​များ ပြု​သော​ဒု​စ​ရိုက်​တို့​ကို မေ့​လျော့​ကြ​ပြီ​လော့။ 10ယ​နေ့​တိုင်​အောင် သူ​တို့​သည် နှိမ့်​ချ​သော​စိတ်​မ​ရှိ၊ ကြောက်​ရွံ့​သော​စိတ်​မ​ရှိ၊ ငါ၏​တ​ရား​လမ်း​သို့ မ​လိုက်၊ သင်​တို့​မှ​စ၍ သင်​တို့​ဘိုး​ဘေး​တို့​ရှေ့​မှာ ငါ​ထား​သော ပ​ညတ်​များ​ကို မ​စောင့်​ရှောက်​ကြ။ 11သို့​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ကို​အ​ပြစ်​ပြု၍ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို ပယ်​ဖြတ်​ခြင်း​ငှာ ငါ​သည်​မျက်​နှာ​ထား​မည်။ 12အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ တည်း​ခို​ခြင်း​ငှာ မျက်​နှာ​ပြု​သော ယု​ဒ​အ​မျိုး​သား​အ​ကျန်​အ​ကြွင်း​တို့​ကို ငါ​သည်​ယူ၍၊ သူ​တို့​သည် ထို​ပြည်၌ သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ပျက်​စီး​ခြင်း​သို့​လည်း​ကောင်း၊ အ​ငယ်​ဆုံး​သော​သူ​မှ​စ၍ အ​ကြီး​ဆုံး​သော သူ​တိုင်​အောင် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် သေ​ကြေ​ပျက်​စီး​ခြင်း​သို့​လည်း​ကောင်း ရောက်၍၊ ဆဲ​ရေး​ခြင်း၊ အံ့​ဩ​ခြင်း၊ ကျိန်​ခြင်း၊ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ဖို့​ရာ ဖြစ်​ကြ​လိမ့်​မည်။ 13ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​ဖြင့် ငါ​သည်​ဒဏ်​ပေး​သည်​နည်း​တူ၊ အဲ​ဂု​တ္တု​ပြည်၌​နေ​သော သူ​တို့​ကို ငါ​သည်​ဒဏ်​ပေး​သ​ဖြင့်၊ 14အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ တည်း​ခို​သော ယု​ဒ​အ​မျိုး​သား​အ​ကျန်​အ​ကြွင်း​တို့​သည် ယု​ဒ​ပြည်​သို့ ပြန်၍​နေ​ချင်​သော်​လည်း၊ တစ်​ယောက်​မျှ ဘေး​နှင့်​မ​လွတ်​ရ၊ တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ​ကြ။ ဘေး​လွတ်​သော​သူ​သာ​လျှင် ပြန်​ရ​ကြ​လိမ့်​ဟု မိန့်​တော်​မူ၏။
15ထို​အ​ခါ မိ​မိ​မ​ယား​တို့​သည် အ​ခြား​တစ်​ပါး​သော​ဘု​ရား​အား နံ့​သာ​ပေါင်း​နှင့် မီး​ရှို့​ကြောင်း​ကို သိ​သော​လူ​များ၊ အ​နား၌​ရပ်​နေ​သော မိန်း​မ​များ၊ ကြီး​စွာ​သော အ​လုံး​အ​ရင်း​တည်း​ဟူ​သော၊ အဲ​ဂု​တ္တု​ပြည် ပါ​သ​ရု​အ​ရပ်၌​နေ​သော​သူ​အ​ပေါင်း​တို့​သည် ယေ​ရ​မိ​ကို ပြန်​ပြော​ကြ​သည်​ကား၊ 16သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို အ​မှီ​ပြု၍၊ ငါ​တို့​အား ဟော​ပြော​သော​စ​ကား​ကို ငါ​တို့​သည်​နား​မ​ထောင်။ 17ငါ​တို့​မှ​စ၍ ငါ​တို့​ဘိုး​ဘေး၊ ရှင်​ဘု​ရင်၊ မှူး​မတ်​တို့​သည် ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​လမ်း​များ၌ ပြု​ဖူး​သ​ကဲ့​သို့၊ ကောင်း​ကင်​မိ​ဖု​ရား​အ​ဖို့ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကို ပြု​ခြင်း​ငှာ၊ ကိုယ်​အ​လို​အ​လျောက် စီ​ရင်​သည်​အ​တိုင်း ဆက်​ဆက်​ပြု​မည်။ အ​ထက်​က ဝ​စွာ​စား​ရ​ကြ၏။ ဘေး​နှင့်​လွတ်၍ ချမ်း​သာ​စွာ​နေ​ရ​ကြ၏။ 18ကောင်း​ကင်​မိ​ဖု​ရား​အ​ဖို့ နံ့​သာ​ပေါင်း​ကို မီး​မ​ရှို့၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​မ​ပြု​ဘဲ နေ​ပြန်​သော​အ​ခါ၊ အ​လွန်​ဆင်း​ရဲ​ခြင်း၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ။ 19ကောင်း​ကင်​မိ​ဖု​ရား​အ​ဖို့ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို ပြု​သော​အ​ခါ၊ ငါ​တို့၏ ယောက်ျား​မ​ပါ​ဘဲ မုန့်​ပြား​တို့​ကို​လုပ်၍၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ပြု​လျက် ကိုး​ကွယ်​သ​လော​ဟု ပြန်​ပြော​ကြ၏။
20ထို​သို့​ပြန်​ပြော​သော ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​အား ယေ​ရ​မိ​ပြန်​ပြော​သည်​ကား၊ 21သင်​တို့​မှ​စ၍ သင်​တို့​ဘိုး​ဘေး၊ ရှင်​ဘု​ရင်၊ မှူး​မတ်၊ ပြည်​သူ​ပြည်​သား​တို့​သည် ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​လမ်း​များ၌ မီး​ရှို့​သော​နံ့​သာ​ပေါင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် မ​အောက်​မေ့၊ နှ​လုံး​မ​သွင်း​ဘဲ နေ​တော်​မူ​သ​လော။ 22သင်​တို့​ပြု​သော​ဒု​စ​ရိုက်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် သည်း​ခံ​တော်​မ​မူ​နိုင်​သော​ကြောင့်၊ သင်​တို့​ပြည်​သည်၊ ယ​နေ့ ဖြစ်​သည်​အ​တိုင်း၊ နေ​သော​သူ​မ​ရှိ၊ လူ​ဆိတ်​ညံ​ရာ၊ အံ့​ဩ​ဖွယ်​ရာ၊ ကျိန်​ဆဲ​ရာ ဖြစ်​လေ​ပြီ​တ​ကား။ 23သင်​တို့​သည် နံ့​သာ​အ​ပေါင်း​ကို​မီး​ရှို့၍ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​မ​ထောင်၊ ထုံး​ဖွဲ့​ချက်၊ သက်​သေ​ခံ​ချက် ပ​ညတ်​တ​ရား​တော်​လမ်း​သို့ မ​လိုက်​သော​ကြောင့်​လည်း​ကောင်း၊ ဤ​ဘေး​သည် ယ​နေ့၌​ရှိ​သည်​အ​တိုင်း၊ သင်​တို့၌ ရောက်​လေ​ပြီ​တ​ကား​ဟု ပြော​ဆို၏။
24တစ်​ဖန် မိန်း​မ​အ​ပေါင်း​တို့​နှင့် လူ​ခပ်​သိမ်း​တို့​အား ယေ​ရ​မိ​ဟော​ပြော​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ 25ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​နှင့် သင်​တို့​မ​ယား​တို့​က၊ ငါ​တို့​သည် ကောင်း​ကင်​မိ​ဖု​ရား​အ​ဖို့ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ပြု​ခြင်း​ငှာ၊ သ​စ္စာ​က​တိ​ထား​သည်​နှင့်​အ​ညီ ဆက်​ဆက်​ပြု​မည်​ဟု နှုတ်​နှင့်​ပြော၍ လက်​နှင့် ပြု​သည်​အ​တိုင်း၊ သင်​တို့​သည် ကိုယ်​ထား​သော သ​စ္စာ​က​တိ​ကို ဆက်​ဆက်​စောင့်၍၊ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း ပြု​ကြ​လိမ့်​မည်။ 26သို့​ဖြစ်၍ အဲ​ဂု​တ္တု​ပြည်၌​နေ​သော ယု​ဒ​လူ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟူ၍ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင်၊ ယု​ဒ​လူ​တစ်​ယောက်​မျှ ငါ၏​နာ​မ​ကို​မ​မြွက်​မ​ဆို​ရ​မည်​အ​ကြောင်း၊ ငါ​သည် ကိုယ်​မ​ဟာ​နာ​မ​ကို တိုင်​တည်၍ ကျိန်​ဆို၏။ 27သူ​တို့​ကို ကျေး​ဇူး​ပြု​ခြင်း​ငှာ မ​ဟုတ်၊ အ​ပြစ်​ပြု​ခြင်း​ငှာ ငါ​စောင့်​သည်​ဖြစ်၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​မီ​တိုင်​အောင် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​နှင့် ပျက်​စီး​ကြ​လိမ့်​မည်။ 28သို့​ရာ​တွင်၊ ဓား​ဘေး​နှင့်​လွတ်၍၊ အဲ​ဂု​တ္တု​ပြည်​မှ ယု​ဒ​ပြည်​သို့ ပြန်​ရ​သော​သူ​တို့​သည် နည်း​ကြ​လိမ့်​မည်။ ငါ့​စ​ကား​တည်​မည်၊ သူ​တို့​စ​ကား​တည်​မည်​ကို၊ အဲ​ဂု​တ္တု​ပြည်၌ တည်း​ခို​ခြင်း​ငှာ​သွား​သော ယု​ဒ​လူ အ​ကျန်​အ​ကြွင်း​တို့​သည် သိ​ကြ​လိမ့်​မည်။ 29ဤ​အ​ရပ်၌ သင်​တို့​ကို​ငါ​ဆုံး​မ၍၊ သင်​တို့၌ အ​ပြစ်​ရောက်​စေ​ခြင်း​ငှာ ငါ့​စ​ကား​သည် ဆက်​ဆက်​တည်​လိမ့်​မည်​ဟု သင်​တို့ သိ​မည်​အ​ကြောင်း၊ ငါ​ပေး​သော​နိ​မိတ်​လ​က္ခ​ဏာ​ဟူ​မူ​ကား၊ 30ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မင်း အ​သက်၏​ရန်​သူ​တည်း​ဟူ​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း၏​လက်​သို့ ဇေ​ဒ​ကိ​မင်း​ကို ငါ​အပ်​သည်​နည်း​တူ၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​ဟော​ဖ​ရာ​အ​သက်​ကို ရှာ​သော ရန်​သူ​လက်​သို့ ထို​မင်း​ကို​ငါ​အပ်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။#၄​ရာ၊ ၂၅:၁-၇။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 44: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ