YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 45

45
ဗာ​ရုတ်​အ​တွက်​က​တိ​တော်
1ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှိ​သား ယော​ယ​ကိမ်​လက်​ထက်၊ နေ​ရိ​သား​ဗာ​ရုတ်​သည်၊ ယေ​ရ​မိ​မြွက်​ဆို​သည်​အ​တိုင်း၊ စ​ကား​တော်​များ​ကို စာ၌ ရေး​ထား​သော​နောက်၊ ပ​ရော​ဖက်​ယေ​ရ​မိ​သည် ဗာ​ရုတ်​အား​ဆင့်​ဆို​ရ​သော နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊#၄ ရာ၊ ၂၄:၁။ ၆ ရာ၊ ၃၆:၅-၇။ ဒံ၊ ၁:၁-၂။ 2-4အို​ဗာ​ရုတ်၊ သင်​က၊ ငါ​သည် အ​မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ဝမ်း​နည်း​စ​ရာ​အ​ကြောင်း တစ်​ပါး​အ​ပေါ်​မှာ တစ်​ပါး​ကို ထပ်​ဆင့်​တော်​မူ​သော​ကြောင့်၊ ငါ​သည် သက်​သာ​မ​ရ။ ညည်း​တွား၍ စိတ်​ပျက်​ပါ​ပြီ​ဟု​ဆို​သည်​ဖြစ်၍၊ သင်​သည် ဆင့်​ဆို​ရ​မည်​မှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​ဆောက်​သော​အ​ရာ​ကို ငါ​ဖြို​ဖျက်​မည်။ ငါ​စိုက်​သော​အ​ရာ​တည်း​ဟူ​သော ဤ​ပြည်​ကို အ​ကြွင်း​မဲ့​ငါ​နုတ်​ပစ်​မည်။ 5သင်​သည် ကြီး​စွာ​သော​အ​ရာ​တို့​ကို ကိုယ်​အ​ဖို့ ရှာ​သ​လော။ မ​ရှာ​နှင့်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​အ​ပေါ်​သို့ ဘေး​ရောက်​စေ​မည်။ သို့​ရာ​တွင်၊ သင်​ရောက်​လေ​ရာ​ရာ​အ​ရပ်​တို့၌၊ သင်၏​အ​သက်​ကို လက်​ရ​ဥ​စ္စာ​ကဲ့​သို့ သင့်​အား​ငါ​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 45: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ