YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 41

41
1သ​တ္တ​မ​လ​တွင် ဆွေ​တော်​မျိုး​တော်​ဖြစ်​သော မင်း​သား ဧ​လိ​ရှ​မာ​သား နာ​သ​နိ၏​သား​ဣ​ရှ​မေ​လ​သည်၊ လူ​တစ်​ကျိပ်​နှင့်​တ​ကွ၊ အ​ဟိ​ကံ​သား ဂေ​ဒ​လိ​ရှိ​ရာ မိ​ဇ​ပါ​မြို့​သို့​လာ၍၊ ထို​မြို့၌ တစ်​စု​တည်း​စား​သောက်​ကြ၏။#၄​ရာ၊ ၂၅:၂၅။ 2ထို​အ​ခါ နာ​သ​နိ​သား ဣ​ရှ​မေ​လ​နှင့် ထို​လူ​တစ်​ကျိပ်​တို့​သည်​ထ၍၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​အ​ခွင့်​နှင့် ပြည်​အုပ်​လုပ်​သော ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ကို ဓား​နှင့်​ခုတ်၍​သတ်​ကြ၏။ 3ဣ​ရှ​မေ​လ​သည်​လည်း၊ မိ​ဇ​ပါ​မြို့​တွင် ဂေ​ဒ​လိ​ထံ၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ တွေ့​သ​မျှ​သော ခါ​လ​ဒဲ​စစ်​သူ​ရဲ တို့​ကို​လည်း​ကောင်း သတ်​လေ၏။ 4ဂေ​ဒ​လိ​ကို​သတ်၍၊ နှစ်​ရက်​လွန်​သော်​လည်း၊ ထို​အ​မှု​ကို အ​ဘယ်​သူ​မျှ​မ​သိ​သေး​သ​ဖြင့်၊ 5ရှေ​ခင်​မြို့၊ ရှိ​လော​မြို့၊ ရှ​မာ​ရိ​မြို့​မှ ထွက်​လာ​သော လူ​ရှစ်​ကျိပ်​တို့​သည် မိ​မိ​တို့​မုတ်​ဆိတ်​ကို ရိတ်​ပြီး​လျှင်၊ အ​ဝတ်​စုတ်​ကို​ဝတ်၍ ရှ​န​သော​ကိုယ်​ရှိ​လျက်၊ ပူ​ဇော​သ​ကာ​နှင့် နံ့​သာ​ပေါင်း​ကို ဗိ​မာန်​တော်​သို့​ဆောင်​ခဲ့​လျက် ရောက်​လာ​ကြ၏။ 6ထို​သူ​တို့​ကို ကြို​ဆို​အံ့​သော​ငှာ၊ နာ​သ​နိ​သား ဣ​ရှ​မေ​လ​သည် ငို​ကြွေး​လျက်၊ မိ​ဇ​ပါ​မြို့​မှ​ထွက်၍ တွေ့​သော​အ​ခါ၊ အ​ဟိ​ကံ​သား​ဂေ​ဒ​လိ​ထံ​သို့ လာ​ကြ​လော့​ဟု ခေါ်​လေ၏။ 7မြို့​ထဲ​သို့​ရောက်​ပြီး​လျှင်၊ နာ​သ​နိ​သား​ဣ​ရှ​မေ​လ​နှင့် သူ၏​လူ​များ​တို့​သည် ထို​သူ​တို့​ကို​သတ်၍၊ မြေ​တွင်း​ထဲ​သို့ ပစ်​ချ​ကြ၏။ 8ထို​သူ​တို့​တွင်​ပါ​သော လူ​တစ်​ကျိပ်​တို့​က၊ အ​ကျွန်ုပ်​တို့​ကို မ​သတ်​ပါ​နှင့်။ အ​ကျွန်ုပ်​တို့​သို​ထား​သော ဥ​စ္စာ​တည်း​ဟူ​သော ဂျုံ၊ မု​ယော၊ ဆီ၊ ပျား​ရည်​သည် တော၌​ရှိ​ပါ၏​ဟု၊ ဣ​ရှ​မေ​လ​အား​ပြော​ဆို​သော​ကြောင့်၊ ထို​သူ​တို့​ကို သူ​တို့ ညီ​အစ်​ကို​များ​နှင့်​အ​တူ မ​သတ်​ဘဲ​နေ၏။ 9ဣ​ရှ​မေ​လ​သည် ဂေ​ဒ​လိ​နှင့်​အ​တူ သတ်​သော​သူ အ​သေ​ကောင်​များ​ကို ပစ်​ချ​သော​တွင်း​သည် အ​ခြား​တွင်း​မ​ဟုတ်၊ အာ​သ​မင်း​ကြီး​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ဗာ​ရှာ​ကို ကြောက်၍​တူး​သော​တွင်း ဖြစ်​သ​တည်း။ ထို​တွင်း​ကို နာ​သ​နိ​သား ဣ​ရှ​မေ​လ​သည် အ​သေ​ကောင်​များ​နှင့် ပြည့်​စေ၏။ 10ထို​အ​ခါ အ​ဟိ​ကံ​သား ဂေ​ဒ​လိ၌ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​အပ်​သော မင်း​သ​မီး​များ​အ​စ​ရှိ​သော၊ မိ​ဇ​ပါ​မြို့၌ ကျန်​ကြွင်း​သ​မျှ​သော သူ​တို့​ကို နာ​သ​နိ​သား ဣ​ရှ​မေ​လ​သည်​သိမ်း​ယူ၍၊ အ​မ္မုန်​အ​မျိုး​သား​တို့​ထံ​သို့ ထွက်​သွား​လေ၏။
11ထို​သို့ နာ​သ​နိ​သား ဣ​ရှ​မေ​လ​ပြု​သော အ​မှု​ဆိုး​အ​လုံး​စုံ​တို့​ကို၊ ကာ​ရာ​သား​ယော​ဟ​နန်​နှင့် သူ့​ထံ၌​ရှိ​သ​မျှ​သော တပ်​မှူး​တို့​သည်​ကြား​လျှင်၊ 12လူ​အ​ပေါင်း​တို့​ကို​ခေါ်၍၊ နာ​သ​နိ​သား ဣ​ရှ​မေ​လ​ကို​တိုက်​ခြင်း​ငှာ ထွက်​သွား​သ​ဖြင့်၊ ဂိ​ဗောင်​ကန်​နား​မှာ တွေ့​လေ၏။ 13ဣ​ရှ​မေ​လ၌​ပါ​သော​သူ အ​ပေါင်း​တို့​သည် ကာ​ရာ​သား​ယော​ဟ​နန်​နှင့် သူ၌​ပါ​သော တပ်​မှူး​အ​ပေါင်း​တို့​ကို မြင်​သော​အ​ခါ၊ ဝမ်း​မြောက်​ခြင်း​သို့​ရောက်​ကြ၏။ 14ထို​အ​ခါ မိ​ဇ​ပါ​မြို့​မှ ဣ​ရှ​မေ​လ​သိမ်း​သွား​သော လူ​အ​ပေါင်း​တို့​သည် သူ့​ထံ​မှ​ထွက်၍၊ ကာ​ရာ​သား ယော​ဟ​နန်​ထံ​သို့ ကူး​သွား​ကြ၏။ 15နာ​သ​နိ​သား ဣ​ရှ​မေ​လ​သည် လူ​ရှစ်​ယောက်​နှင့် တ​ကွ၊ ယော​ဟ​နန်​လက်​မှ လွတ်​ပြေး၍၊ အ​မ္မုန်​အ​မျိုး​သား​တို့​ထံ​သို့ သွား​လေ၏။ 16ထို​သို့ အ​ဟိ​ကံ​သား ဂေ​ဒ​လိ​ကို​သတ်​ပြီး​သည်​နောက်၊ ကာ​ရာ​သား​ယော​ဟ​နန်​နှင့် သူ့​ထံ၌​ရှိ​သော တပ်​မှူး​အ​ပေါင်း​တို့​သည် နာ​သ​နိ​သား​ဣ​ရှ​မေ​လ​လက်​မှ​လည်း​ကောင်း၊ မိ​ဇ​ပါ​မြို့​မှ​လည်း​ကောင်း​နုတ်၍ ကျန်​ကြွင်း​သော သူ​တည်း​ဟူ​သော၊ အား​ကြီး​သော စစ်​သူ​ရဲ​များ၊ မိန်း​မ​များ၊ သူ​ငယ်​များ၊ မိန်း​မ​စိုး​များ​အ​ပေါင်း​တို့​ကို ဂိ​ဗောင်​မြို့​မှ​ဆောင်​ခဲ့​ပြန်၍၊ 17ခါ​လ​ဒဲ​လူ​တို့​ကြောင့် အဲ​ဂု​တ္တု​ပြည်​သို့ ပြောင်း​မည်​အ​ကြံ​ရှိ​လျက်၊ ဗက်​လင်​မြို့​နှင့်​နီး​သော ခိ​မ​ဟံ​ရွာ​သို့ သွား၍​နေ​ကြ၏။ 18အ​ကြောင်း​မူ​ကား၊ ပြည်​အုပ်​အ​ရာ၌ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ခန့်​ထား​သော အ​ဟိ​ကံ​သား​ဂေ​ဒ​လိ​ကို နာ​သ​နိ​သား​ဣ​ရှ​မေ​လ သတ်​သော​ကြောင့်၊ ခါ​လ​ဒဲ​လူ​တို့​ကို​ကြောက်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 41: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ