YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 42

42
ယော​ဟ​နန်​ထံ​သ​တင်း​စ​ကား
1ထို​အ​ခါ ကာ​ရာ​သား ယော​ဟ​နန်၊ ဟော​ရှဲ​သား ယေ​ဇ​နိ​အ​စ​ရှိ​သော တပ်​မှူး​ရှိ​သ​မျှ​တို့​နှ​င့် လူ​အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့​သည် ပ​ရော​ဖက်​ယေ​ရ​မိ​ထံ​သို့ ချဉ်း​ကပ်၍ 2-3အ​ကျွန်ုပ်​တို့​သည် အ​ထက်​က​များ​သော်​လည်း၊ ယ​ခု​ကိုယ်​တော် မြင်​သည်​အ​တိုင်း အ​နည်း​ငယ်​သာ ကျန်​ကြွင်း​ပါ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​တို့ အ​သ​နား​တော်​ခံ​သော​စ​ကား​ကို မ​ပယ်​ပါ​နှ​င့်။ အ​ကျွန်ုပ်​တို့ သွား​ရ​သော​လမ်း​နှ​င့် ပြု​ရ​သော​အ​မှု​ကို ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ၀​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​မည်​အ​ကြောင်း၊ ကျန်​ကြွင်း​သ​မျှ​သော​သူ၊ အ​ကျွန်ုပ်​တို့​အ​ဖို့ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ရ​ဘု​ရား​ထံ​တော်၌ ဆု​တောင်း​ပါ​လော့​ဟု တောင်း​ပန်​ကြ၏။ 4ပ​ရော​ဖက် ယေ​ရ​မိ​က​လည်း ငါ​ကြား၏။ သင်​တို့​ပြော​သည်​အ​တိုင်း၊ သင်​တို့၏ ဘု​ရား​သ​ခင် ထာ၀​ရ​ဘု​ရား​အား ဆု​တောင်း​မည်။ ထာ​ရ​ဘု​ရား​သည် သင်​တို့​အား မိ​န့်​တော်​မူ​သ​မျှ​တို့​ကို ပြန်​ပြော​မည်။ အ​ဘယ်​အ​ရာ​ကို​မျှ မ​ထိမ်​မ​ဝှက်​ဟု ပြော​ဆို၏။ 5သူ​တို့​က​လည်း ကိုယ်​တော်​ဘု​ရား​သ​ခင် ထာ၀​ရ​ဘု​ရား​သည် ကိုယ်​တော်​အား​ဖြ​င့် အ​ကျွန်ုပ်​တို့​ကို မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ အ​ကျွန်ုပ်​တို့​သည် ပြု​ပါ​မည်​ဟု၊ ထာ၀​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့၌ မှန်​ကန်၍ သ​စ္စာ​စော​င့်​သော သက်​သေ ဖြစ်​တော်​မူ​စေ​သ​တည်း။ 6အ​ကျွန်ုပ်​တို့​သည် အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ​ရ​ဘု​ရား၏​အ​မိ​န့်​တော်​ကို နား​ထောင်​သော​အ​ခါ ချမ်း​သာ​ရ​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​တို့​သည်၊ ကိုယ်​တော်​ကို စေ​လွှတ်​ရာ အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ၀​ရ​ဘု​ရား၏​အ​မိ​န့်​တော်​သည် ကောင်း​သည်​ဖြစ်​စေ၊ မ​ကောင်း​သည်​ဖြစ်​စေ၊ နား​ထောင်​ပါ​မည်​ဟု ယေ​ရ​မိ​အား​ပြော​ဆို​ကြ၏။
7ထို​နောက် ဆယ်​ရက်​ကြာ​သော​အ​ခါ၊ ထာ၀​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​လျှင်၊ 8ယေ​ရ​မိ​သည် ကာ​ရာ​သား ယော​ဟ​နန်​မှ​စ၍၊ သူ၌​ပါ​သ​မျှ​သော​တပ်​မှူး​တို့​နှ​င့် လူ​အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့​ကို ခေါ်၍၊ 9သင်​တို့​သည် ငါ့​ကို​စေ​လွှတ်၍ အ​သ​နား​တော်​ခံ​သော ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိ​န့်​တော်​မူ​သည်​ကား၊ 10အ​ကယ်​စင်​စစ် သင်​တို့​သည် ဤ​ပြည်၌​နေ​လျှင်၊ ငါ​သည် သင်​တို့​ကို မ​ဖြို​မ​ဖျက်၊ တည်​ဆောက်​မည်။ သင်​တို့​ကို မ​နုတ်၊ စိုက်​ပျိုး​မည်။ ငါ​သည် သင်​တို့၌​ရောက်​စေ​သော ဘေး​ဒဏ်​ကြော​င့် နောင်​တ​ရ၏။ 11သင်​တို့​ကြောက်​တတ်​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို မ​ကြောက်​ကြ​နှ​င့်။ ထာ၀​ရ​ဘု​ရား​မိ​န့်​တော်​မူ​သည်​ကား၊ ထို​ရှင်​ဘု​ရင်​ကို မ​ကြောက်​ကြ​နှ​င့်။ ငါ​သည် သင်​တို့​ကို​ကယ်​တင်၍၊ ထို​မင်း​လက်​မှ နုတ်​ယူ​ခြင်း​ငှာ သင်​တို့​ဘက်၌​ရှိ၏။ 12သင်​တို့​ကို ငါ​ကယ်​မ​သ​နား​သော​အား​ဖြ​င့်၊ ထို​ရှင်​ဘု​ရင်​သည် သင်​တို့​ကို​သ​နား၍၊ နေ​ရင်း​ပြည်​သို့ ပြန်​စေ​ရ​လိ​မ့်​မည်။ 13သို့​မ​ဟုတ်၊ သင်​တို့​က၊ ငါ​တို့​သည် ဤ​ပြည်၌​မ​နေ၊ ငါ​တို့ ဘု​ရား​သ​ခင် ထာ၀​ရ​ဘု​ရား၏​အ​မိ​န့်​တော်​ကို နား​မ​ထောင်​ဘဲ၊ 14စစ်​မှု​ကို မ​တွေ့​မြင်၊ တံ​ပိုး​မှုတ်​သံ​ကို မ​ကြား၊ မ​ငတ်​မ​မွတ်​ရာ​အ​ရပ်၊ အဲ​ဂု​တ္တု​ပြည်​သို့ သွား၍​နေ​မည်​ဟု ဆို​လျှင်၊ 15ကျန်​ကြွင်း​သော ယု​ဒ​အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိ​န့်​တော်​ကို ကြား​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ၀​ရ​ဘု​ရား​မိ​န့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့ သွား​ခြင်း​ငှာ ကျပ်​ကျပ် မျက်​နှာ​ပြု​လျက်၊ ထို​ပြည်​သို့ အ​မှန်​သွား၍ တည်း​ခို​လျှင်၊ 16သင်​တို့​ကြောက်​သော ဓား​ဘေး​သည် အဲ​ဂု​တ္တု​ပြည်၌ သင်​တို့​ကို​မီ​လိ​မ့်​မည်။ သင်​တို့​ကြောက်​သော မွတ်​သိပ်​ခြင်း​ဘေး​သည်​လည်း၊ အဲ​ဂု​တ္တု​ပြည်၌ သင်​တို့​ကို​ကျပ်​ကျပ်​လိုက်၍၊ ထို​ပြည်၌ သင်​တို့​သည် သေ​ကြ​လိ​မ့်​မည်။ 17အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ တည်း​ခို​ခြင်း​ငှာ မျက်​နှာ​ပြု​သော​သူ အ​ပေါင်း​တို့​သည် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​ဖြ​င့် သေ​ကြ​လိ​မ့်​မည်။ သူ​တို့​အ​ပေါ်​သို့ ငါ​ရောက်​စေ​သော ဘေး​ဒဏ်​နှ​င့် တစ်​ယောက်​မျှ​မ​လွတ်​ရ။ ကျန်​ကြွင်း​သော​လူ တစ်​ယောက်​မျှ​မ​ရှိ​ရ။ 18ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ၀​ရ​ဘု​ရား​သ​ခင်​မိ​န့်​တော်​မူ​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့ အ​ပေါ်​သို့ ငါ့​အ​မျက်​အ​ရှိန်​ကို ငါ​သွန်း​လောင်း​သည်​နည်း​တူ၊ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့၀င်​သော​အ​ခါ၊ သင်​တို့​အ​ပေါ်​သို့ သွန်း​လောင်း​သ​ဖြ​င့်၊ သင်​တို့​သည် ဆဲ​ရေး​ခြင်း၊ အံ့​သြ​ခြင်း၊ ကျိန်​ခြင်း၊ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ဖို့​ရာ ဖြစ်​လိ​မ့်​မည်။ ဤ​အ​ရပ်​ကို နောက်​တစ်​ဖန် မ​မြင်​ရ။ 19ကျန်​ကြွင်း​သော ယု​ဒ​အ​မျိုး​သား​တို့၊ အဲ​ဂု​တ္တု​ပြည်​သို့ မ​သွား​ကြ​နှင့်​ဟု သင်​တို့​အား ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ၏။ ငါ​သည်​သင်​တို့​ကို ယ​နေ့ သက်​သေ​ခံ​ကြောင်း​ကို သိ​မှတ်​ကြ​လော့။ 20အ​ကယ်​စင်​စစ် သင်​တို့​က၊ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား အ​ကျွန်ုပ်​တို့​အ​ဖို့ ဆု​တောင်း​ပါ​လော့။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သ​မျှ​တို့​ကို ကြား​ပြော​ပါ​လော့။ အ​ကျွန်ုပ်​တို့​သည် နား​ထောင်​ပါ​မည်​ဟု​ဆို၍၊ ငါ့​ကို သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ စေ​လွှတ်​သော​အ​ခါ၊ ကိုယ်​စိတ်​ကို ကိုယ်​လှည့်​စား​ကြ​ပြီ။ 21ငါ​သည်​သင်​တို့​အား ယ​နေ့​ကြား​ပြော၏။ သင်​တို့​မူ​ကား၊ သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​လည်း​ကောင်း၊ ငါ့​အား​ဖြင့် မှာ​လိုက်​တော်​မူ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ နား​မ​ထောင်​ဘဲ​နေ​ကြ၏။ 22ထို​ကြောင့် သင်​တို့​သည်​သွား၍ တည်း​ခို​ချင်​သော​အ​ရပ်၌ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​ဖြင့် သေ​ကြ​လိမ့်​မည်​အ​ကြောင်း​ကို အ​မှန်​သိ​မှတ်​ကြ​လော့​ဟု ယေ​ရ​မိ​သည် ပြန်​ပြော​လေ၏။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 42: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ