YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 32:36-44

ယေရမိ 32:36-44 JBMLE

သို့​ရာ​တွင်၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​အား​ဖြင့် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့ ရောက်​မည်​ဟု သင်​တို့​ဆို​တတ်​သော ဤ​မြို့​ကို​ရည်​မှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် အ​မျက်​ဟုန်း​ဟုန်း​ထွက်၍၊ အ​မျက်​အ​ရှိန်​အား​ကြီး​သည်​နှင့်၊ သူ​တို့​ကို​နှင်​ထုတ်​ရာ တိုင်း​ပြည်​ရှိ​သ​မျှ​တို့​မှ၊ တစ်​ဖန်​စု​သိမ်း၍ ဤ​အ​ရပ်​သို့ ဆောင်​ခဲ့​ပြီး​လျှင်၊ ငြိမ်​ဝပ်​စွာ​နေ​စေ​မည်။ သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့၏ ဘု​ရား​သ​ခင် ဖြစ်​မည်။ ကိုယ်​အ​ကျိုး​အ​လို​ငှာ​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော သား​သ​မီး​တို့၏ အ​ကျိုး​အ​လို​ငှာ​လည်း​ကောင်း၊ ငါ့​ကို အ​စဉ် ကြောက်​ရွံ့​စေ​ခြင်း​ငှာ တ​ညီ​တ​ညွတ်​တည်း ကျင့်​ကြံ​နိုင်​သော​သ​ဘော​ကို ငါ​ပေး​မည်။ သူ​တို့​ကို မ​စွန့်​ပစ်​ဘဲ အ​စဉ်​ကျေး​ဇူး​ပြု​ခြင်း​ငှာ၊ သူ​တို့၌ ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို ငါ​ထား​မည်။ သူ​တို့​သည်​လည်း ငါ့​ထံ​မှ မ​ထွက်​မ​သွား​မည်​အ​ကြောင်း၊ ငါ့​ကို ကြောက်​ရွံ့​သော​သ​ဘော​နှင့် ပြည့်​စုံ​စေ​မည်။ သူ​တို့​အား ကျေး​ဇူး​ပြု​ခြင်း​အ​မှု၌ ငါ​သည် အား​ရ​ဝမ်း​မြောက်၍၊ ငါ့​စိတ်​နှ​လုံး​နှင့် နာမ်​ဝိ​ညာဉ် အ​ကြွင်း​မဲ့​ပါ​လျက်၊ သူ​တို့​ကို ဤ​ပြည်၌ ဆက်​ဆက်​နေ​ရာ​ချ​မည်။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​လူ​မျိုး​အ​ပေါ်​မှာ ကြီး​စွာ​သော ဤ​ဘေး​ဥ​ပဒ်​အ​ပေါင်း​ကို ရောက်​စေ​သည်​နည်း​တူ၊ ငါ​က​တိ​ထား​သော ကောင်း​ကျိုး​အ​ပေါင်း​ကို​လည်း ငါ​ရောက်​စေ​မည်။ လူ​မ​ရှိ၊ တိ​ရ​စ္ဆာန်​မ​ရှိ ဆိတ်​ညံ​ပြီ၊ ခါ​လ​ဒဲ​လူ​တို့​လက်​သို့ ရောက်​လေ​ပြီ​ဟု သင်​တို့​ဆို​တတ်​သော ဤ​ပြည်၌၊ နောက်​တစ်​ဖန် လယ်​ယာ​တို့​ကို ရောင်း​ဝယ်​ကြ​လိမ့်​မည်။ ဗင်္ယာ​မိန်​ပြည်၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌​လည်း​ကောင်း၊ ယု​ဒ​ပြည်​တွင်​ရှိ​သော မြို့​တို့၌​လည်း​ကောင်း၊ တောင်​ပေါ်​မြို့၊ ချိုင့်​ထဲ​မြို့၊ တောင်​ဘက်​မြို့​တို့၌​လည်း​ကောင်း၊ လူ​တို့​သည် လယ်​ယာ​တို့​ကို ငွေ​နှင့်​ဝယ်​ခြင်း၊ စာ​ချုပ်​ကို​စီ​ရင်​ခြင်း၊ တံ​ဆိပ်​ခတ်​ခြင်း၊ သက်​သေ​တို့​ကို​ခေါ်​ထား​ခြင်း အ​မှု​များ​ကို​ပြု​မြဲ​ပြု​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​တို့​ကို တစ်​ဖန်​ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။