YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 23

23
အ​နာ​ဂတ်​အ​တွက်​မျှော်​လင့်​ချက်
1ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ့​ထံ​မှာ ကျက်​စား​သော​သိုး​တို့​ကို ဖျက်​ဆီး၍၊ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​သော သိုး​ထိန်း​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ 2ထို​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​ကို ကျွေး​မွေး​ရ​သော သိုး​ထိန်း​တို့​အ​မှု​မှာ သင်​တို့​သည် ငါ၏​သိုး​စု​ကို​မ​ကြည့်​ရှု၊ မ​ပြု​စု၊ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ၍ နှင်​ထုတ်​သော​ကြောင့်၊ သင်​တို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို သင်​တို့​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 3တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ၏​သိုး​စု​ကို ငါ​နှင်​ထုတ်​သော ပြည်​ရှိ​သ​မျှ​တို့၌ ကျန်​ကြွင်း​သော​သိုး​တို့​ကို ငါ​စု​ဝေး၍၊ နေ​ရင်း​သိုး​ခြံ​သို့ တစ်​ဖန် ငါ​ဆောင်​ခဲ့​ဦး​မည်။ သူ​တို့​သည်​လည်း၊ သား​ဖွား၍ များ​ပြား​ကြ​လိမ့်​မည်။ 4သူ​တို့​ကို ကျွေး​မွေး​သော​သိုး​ထိန်း​တို့​ကို သူ​တို့​အ​ပေါ်​မှာ ငါ​ခန့်​ထား​သ​ဖြင့်၊ သူ​တို့​သည် နောက်​တစ်​ဖန် ကြောက်​ခြင်း၊ ထိတ်​လန့်​ခြင်း မ​ရှိ​ရ​ကြ။ ဆုံး​မ​ခြင်း​ကို​လည်း​မ​ခံ​ရ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
5ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သန့်​ရှင်း​သော​အ​ညွန့်​ကို ဒါ​ဝိဒ်​အ​ဖို့ ငါ​ပေါက်​စေ​သည်​အ​တိုင်း၊ ဉာဏ်​ကောင်း​သော ရှင်​ဘု​ရင်​တစ်​ဦး​သည် စိုး​စံ၍၊ မြေ​ကြီး​ပေါ်​မှာ တ​ရား​သ​ဖြင့် ဖြောင့်​မတ်​စွာ စီ​ရင်​ရာ​ကာ​လ​သည် ရောက်​လိမ့်​မည်။ 6ထို​မင်း​လက်​ထက်၌ ယု​ဒ​ပြည်​သည် ကယ်​တင်​ခြင်း​သို့​ရောက်၍၊ ဣ​သ​ရေ​လ​ပြည်​လည်း ငြိမ်​ဝပ်​စွာ နေ​ရ​လိမ့်​မည်။ ထို​မင်း​သည် ယေ​ဟော​ဝါ​ဇေ​ဒ​က​နု#၂၃း၆။ ယေ​ဟော​ဝါ​ဇေ​ဒ​က​နု‘‘ထာ၀​ရ​ဘု​ရား​သည် ကျွန်ုပ်​တို့၏​ဖြောင့်​မတ်​ခြင်း။ ဟူ​သော ဘွဲ့​နာ​မ​ရှိ​လိမ့်​သ​တည်း။#ယေ၊ ၃၃:၁၄-၁၆။ 7သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟူ၍ မ​ကျိန်​ဆို​ဘဲ၊ 8ဣ​သ​ရေ​လ​အ​မျိုး​သား အ​စဉ်​အ​ဆက်​တို့​ကို မြောက်​ပြည်​မှ​စ၍၊ နှင်​ထုတ်​ဖူး​သော ပြည်​ရှိ​သ​မျှ​တို့​မှ ပို့​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟူ၍ ကျိန်​ဆို​ရ​သော​ကာ​လ​သည် နောက်​တစ်​ဖန် ရောက်​လိမ့်​မည်။ သူ​တို့​သည် နေ​ရင်း​ပြည်၌ တစ်​ဖန် နေ​ရ​ကြ​လိမ့်​မည်။
ပ​ရော​ဖက်​များ​အ​တွက်​ဗျာ​ဒိတ်
9ပ​ရော​ဖက်​များ​နှင့် ဆိုင်​သော စ​ကား​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကြောင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော စ​ကား​တော်​ကြောင့်​လည်း​ကောင်း ငါ့​စိတ်​ပျက်​လျက်​ရှိ၏။ ငါ့​အ​ရိုး​ရှိ​သ​မျှ​တို့​သည် လှုပ်​ရှား​ကြ၏။ ယစ်​မူး​သော​သူ​နှင့် စ​ပျစ်​ရည်​နိုင်​သော​သူ​ကဲ့​သို့ ငါ​ဖြစ်၏။ 10အ​ကြောင်း​မူ​ကား၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ​တို့​သည် တစ်​ပြည်​လုံး၌ အ​နှံ့​အ​ပြား​ရှိ​ကြ၏။ ထို​သူ​တို့​ကြောင့် တစ်​ပြည်​လုံး မြည်​တမ်း​ရ၏။ တော၌ ကျက်​စား​ရာ​အ​ရပ်​တို့​သည် သွေ့​ခြောက်​ကြ၏။ ပြည်​သား​များ​လိုက်​သော​လမ်း​သည် မ​ဖြောင့်၊ သူ​တို့​အ​စွမ်း​သ​တ္တိ​သည် တ​ရား​ဘက်၌ မ​နေ​တတ်။ 11ပ​ရော​ဖက်​နှင့် ယဇ်​ပု​ရော​ဟိတ်​နှစ်​ပါး​တို့​သည် ဘု​ရား​ကို မ​ရို​မ​သေ​ပြု​ကြ​ပြီ။ ငါ့​အိမ်၌​ပင် သူ​တို့​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို ငါ​တွေ့​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ 12ထို​ကြောင့်၊ သူ​တို့​သွား​သော​လမ်း​သည် မှောင်​မိုက်၌ ချော​တတ်​သော လမ်း​ကဲ့​သို့​ဖြစ်၍၊ သူ​တို့​သည် တွန်း​တိုး​ခြင်း​ကို ခံ​ရ၍ လဲ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဆုံး​မ​ခြင်း​ကို ခံ​ရ​သော​ကာ​လ၌ သူ​တို့​အ​ပေါ်​မှာ ဘေး​ဥ​ပဒ်​ကို သင့်​ရောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 13ရှ​မာ​ရိ​ပြည်​သား ပ​ရော​ဖက်​တို့၌​လည်း၊ မိုက်​သော​သ​ဘော​ကို ငါ​မြင်​ပြီ။ သူ​တို့​သည် ဗာ​လ​ဘု​ရား​ကို မှီ​ဝဲ၍ ပ​ရော​ဖက်​ပြု​သ​ဖြင့်၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မှား​ယွင်း​စေ​ကြ​ပြီ။ 14ယေ​ရု​ရှ​လင်​မြို့​သား ပ​ရော​ဖက်​တို့၌​လည်း၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော သ​ဘော​ကို ငါ​မြင်​ပြီ။ သူ​တို့​သည် မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​လျက်၊ မု​သား​ကို​လည်း​သုံး​လျက်၊ အ​ဓ​မ္မ​ပြု​သော​သူ​တို့​ကို အား​ပေး​တတ်​သ​ဖြင့်၊ အ​ဘယ်​သူ​မျှ​မိ​မိ​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို မ​စွန့်။ ထို​သူ ရှိ​သ​မျှ​တို့​သည် ငါ၌ သော​ဒုံ​မြို့​သား​ကဲ့​သို့​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ဂေါ​မော​ရ​မြို့​သား​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။#က၊ ၁၈:၂၀။ ယေ​ဇ၊ ၁၆:၄၉။ 15ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​တို့​အ​မှု၌ မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​ကို ဒေါ​န​နှင့် ငါ​ကျွေး​မည်။ ဆေး​ခါး​ကို​လည်း သောက်​စေ​မည်။ ယေ​ရု​ရှ​လင်​မြို့​သား​ပ​ရော​ဖက်​တို့​သည် မူ​လ​အ​မြစ်​ဖြစ်၍၊ အ​ဓ​မ္မ​အ​မှု​သည် တစ်​ပြည်​လုံး​ကို နှံ့​ပြား​လေ​ပြီ။
16ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ပ​ရော​ဖက်​ပြု၍ သင်​တို့​အား ဟော​တတ်​သော​ဆ​ရာ​တို့၏​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။ သူ​တို့​သည် သင်​တို့​အား အ​ချည်း​နှီး​ဟော​တတ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက်​သို့​မ​လိုက်၊ ကိုယ်​အ​လို​အ​လျောက် ရူ​ပါ​ရုံ​ကို​မြင်​သည်​အ​တိုင်း ဟော​ပြော​တတ်​ကြ​၏။ 17ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​အား၊ သင်​တို့​သည် ငြိမ်​ဝပ်​ခြင်း​ရှိ​ကြ​လိမ့်​မည်​ဟု ဟော​တတ်​ကြ၏။ မိ​မိ​တို့​စိတ်​နှ​လုံး ခိုင်​မာ​ခြင်း​သ​ဘော​သို့ လိုက်​သော​သူ​တို့​အား၊ သင်​တို့​သည် ဘေး​ဥ​ပဒ်​နှင့် မ​တွေ့​ရ​ကြ​ဟု ဟော​တတ်​ကြ၏။ 18ထို​သူ​တို့​တွင် အ​ဘယ်​သူ​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် တိုင်​ပင်​ဘက်​ပြု​သ​နည်း။ အ​ဘယ်​သူ​သည် အ​မှု​တော်​ကို ကြား​မြင်​သ​နည်း။ အ​ဘယ်​သူ​သည် နှုတ်​က​ပတ်​တော်​ကို နား​ထောင်၍ ကြား​သ​နည်း။ 19ထာ​ဝ​ရ​ဘု​ရား၏ လေ​ပွေ​တော်​သည် ပူ​သော​အ​ရှိန်​နှင့် ထွက်၏။ ပြင်း​စွာ​သော လေ​ပွေ​ဖြစ်၍၊ မ​တ​ရား​သော သူ​တို့​ခေါင်း​ပေါ်​မှာ ပြင်း​စွာ​တိုက်​လိမ့်​မည်။ 20ထာ​ဝ​ရ​ဘု​ရား​သည် လက်​စ​သတ်၍၊ အ​ကြံ​အ​စည်​တော်​ကို ပြည့်​စုံ​စေ​တော်​မ​မူ​မီ အ​မျက်​တော်​မ​ငြိမ်း​ရ။ နောက်​ကာ​လ၌ သင်​တို့​သည် ရှင်း​လင်း​စွာ နား​လည်​ကြ​လိမ့်​မည်။ 21ငါ​မ​စေ​လွှတ်​ဘဲ ထို​ပ​ရော​ဖက်​တို့​သည် ပြေး​ကြ​ပြီ။ ငါ​မ​မှာ​ထား​ဘဲ သူ​တို့​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​ကြ​ပြီ။ 22ထို​သူ​တို့​သည် ငါ​နှင့် တိုင်​ပင်​ဘက်​ပြု​လျှင်၊ ငါ့​စ​ကား​ကို ငါ၏​လူ​မျိုး​အား​ဆင့်​ဆို၍၊ ငါ၏​လူ​မျိုး​ကို မ​တ​ရား​သော​လမ်း​မှ​လည်း​ကောင်း၊ မ​ကောင်း​သော အ​ကျင့်​ဓ​လေ့​မှ​လည်း​ကောင်း လွဲ​သွား​စေ​ကြ​ပြီ။
23ငါ​သည် နီး​သော​အ​ရပ်၌​သာ ဘု​ရား​ဖြစ်​သ​လော။ ဝေး​သော​အ​ရပ်၌​လည်း ဘု​ရား​ဖြစ်​သည်​မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။ 24ငါ​မ​မြင်​စေ​ခြင်း​ငှာ အ​ဘယ်​သူ​သည် မ​ထင်​ရှား​သော​အ​ရပ်၌ ပုန်း​ရှောင်၍ နေ​နိုင်​သ​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​မေး​တော်​မူ၏။ ငါ​သည် ကောင်း​ကင်​မြေ​ကြီး​ကို နှံ့​ပြား​သည် မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။ 25ငါ​သည် အိပ်​မက်​မြင်​ပြီ၊ အိပ်​မက်​မြင်​ပြီ​ဟု၊ ငါ့​နာ​မ​ကို အ​မှီ​ပြု၍၊ မု​သား​ဖြင့်​ဟော​ပြော​သော ပ​ရော​ဖက်​တို့၏ စ​ကား​ကို ငါ​ကြား​ပြီ။ 26ထို​ပ​ရော​ဖက်​တို့​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ဤ​သို့ ကြံ​စည်​ကြ​လိမ့်​မည်​နည်း။ သူ​တို့​သည် မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။ ကိုယ်​စိတ်​နှ​လုံး​လှည့်​စား​သည်​အ​တိုင်း ဟော​ပြော​တတ်​ကြ၏။ 27ဘိုး​ဘေး​တို့​သည် ဗာ​လ​ကြောင့် ငါ့​နာ​မ​ကို​မေ့​လျော့​သ​ကဲ့​သို့၊ သူ​တို့​သည် အိမ်​နီး​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ပြော​တတ်​သော အိပ်​မက်​များ​အား​ဖြင့် ငါ၏​လူ​မျိုး​သည် ငါ့​နာ​မ​ကို​မေ့​လျော့​စေ​မည်​ဟု အ​ကြံ​ရှိ​ကြ​သည်​တ​ကား။ 28အိပ်​မက်​မြင်​သော ပ​ရော​ဖက်​သည် အိပ်​မက်​စ​ကား​ကို ပြော​ပါ​လေ​စေ။ ငါ၏​နှုတ်​က​ပတ်​တော်​ကို ခံ​ရ​သော​သူ​သည် နှုတ်​က​ပတ်​စ​ကား​တော်​ကို မှန်​ကန်​စွာ ဟော​ပြော​ပါ​လေ​စေ။ အ​ဖျင်း​သည် စ​ပါး​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 29ငါ၏ နှုတ်​က​ပတ်​တော်​သည် မီး​ကဲ့​သို့​လည်း​ကောင်း၊ ကျောက်​ကို​ထု​ချေ​သော သံ​တူ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​သည်​မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။ 30သို့​ဖြစ်၍၊ ငါ့​စ​ကား​တော်​ကို အိမ်​နီး​ချင်း တစ်​ယောက်​မှ​တစ်​ယောက် ခိုး​သော​ပ​ရော​ဖက်​တို့​ကို ငါ​သည် ဆန့်​ကျင်​ဘက်​ပြု​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 31မိ​မိ​တို့​အ​လို​အ​လျောက် ဟော​ပြော​လျက်​နှင့် အ​မိန့်​တော်​ရှိ​သည်​ဟု​ဆို​သော ပ​ရော​ဖက်​တို့​ကို ငါ​သည် ဆန့်​ကျင်​ဘက်​ပြု​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 32မှား​သော​အိပ်​မက်​ကို ဟော​ပြော၍၊ မု​သား​စ​ကား​နှင့် အ​ချည်း​နှီး​စ​ကား​အား​ဖြင့် ငါ၏​လူ​မျိုး​ကို မှား​ယွင်း​စေ​သော​ပ​ရော​ဖက်​တို့​ကို ငါ​သည် ဆန့်​ကျင်​ဘက်​ပြု​မည်။ သူ​တို့​ကို ငါ​မ​စေ​လွှတ်၊ မ​မှာ​ထား​သော​ကြောင့်၊ ဤ​လူ​မျိုး​သည် ကျေး​ဇူး​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ထာ​ဝ​ရ​ဘု​ရား​၏​ဝန်​ထုပ်​ဝန်​ပိုး
33ဤ​လူ​မျိုး​တွင် ဆင်း​ရဲ​သား​ဖြစ်​စေ၊ ပ​ရော​ဖက်​ဖြစ်​စေ၊ ယဇ်​ပု​ရော​ဟိတ်​ဖြစ်​စေ၊ တစ်​စုံ​တစ်​ယောက်​က၊ ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော် အ​ဘယ်​သို့​နည်း​ဟု သင့်​ကို​မေး​လျှင်၊ ပြန်​ပြော​ရ​မည်​မှာ၊ သင်​တို့​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ဟူ​မူ​ကား၊ သင်​တို့​ကို ငါ​စွန့်​ပစ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 34ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ရှိ​သည်​ဟု ပြော​ဆို​သော ပ​ရော​ဖက်၊ ယဇ်​ပု​ရော​ဟိတ်၊ ပြည်​သူ​ပြည်​သား​ကို​လည်း​ကောင်း၊ ထို​သူ၏ အိမ်​သူ​အိမ်​သား​တို့​ကို​လည်း​ကောင်း၊ ငါ​သည် ဒဏ်​ပေး​မည်။ 35သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​သို့ ပြန်​ပြော​တော်​မူ​သ​နည်း ဟူ၍​လည်း​ကောင်း၊ အ​ဘယ်​သို့ မိန့်​တော်​မူ​သ​နည်း ဟူ၍​လည်း​ကောင်း၊ အိမ်​နီး​ချင်း၊ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် မေး​မြန်း​ရ​မည်။ 36ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ရှိ​သည်​ဟူ၍ နောက်​တစ်​ဖန် မ​ဆို​ရ။ လူ​တိုင်း မိ​မိ​စ​ကား​မှ​တစ်​ပါး အ​ခြား​သော​ဗျာ​ဒိတ်​တော်​မ​ရှိ​ရ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား၊ ငါ​တို့၏ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို ဖျက်​ကြ​ပြီ။ 37ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား အ​ဘယ်​သို့ ပြန်​ပြော​တော်​မူ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​သို့ မိန့်​တော်​မူ​သ​နည်း​ဟု ပ​ရော​ဖက်​ကို​မေး​လော့။ 38သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ဟု ဆို​ကြ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ရှိ​သည်​ဟု မ​ဆို​ရ​မည်​အ​ကြောင်း၊ ငါ​ပ​ညတ်​သော်​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ရှိ​သည်​ဟူ​သော စ​ကား​ကို သုံး​ကြ​သော​ကြောင့်၊ 39ငါ​သည် သင်​တို့​ကို​လည်း​ကောင်း၊ သင်​တို့​နှင့် ဘိုး​ဘေး​တို့​အား ငါ​ပေး​သော မြို့​ကို​လည်း​ကောင်း၊ ငါ့​ထံ​မှ အ​ကုန်​အ​စင်​ကျုံး၍ ပစ်​လိုက်​မည်။ 40အ​စဉ်​အ​မြဲ မ​မေ့​လျော့​နိုင်​သော ထာ​ဝ​ရ​ကဲ့​ရဲ့​ခြင်း​နှင့် အ​ရှက်​ကွဲ​ခြင်း​ကို သင်​တို့​အ​ပေါ်​မှာ သက်​ရောက်​စေ​မည်။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 23: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။