YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 22

22
ယု​ဒ​မင်း​မျိုး​အတွက်ဗျာ​ဒိတ်
1ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင်၏ နန်း​တော်​သို့​သွား၍ ဆင့်​ဆို​ရ​မည်​မှာ၊ 2ဒါ​ဝိဒ်​မင်း​ကြီး၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​သော ယု​ဒ​ရှင်​ဘု​ရင်၊ သင့်​ကိုယ်​တိုင်​မှ​စ၍ သင်၏​ကျွန်​များ​နှင့်၊ ဤ​မြို့​တံ​ခါး​တို့​ဖြင့် ဝင်​သော သင်၏​လူ​များ​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။ 3ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ တ​ရား​သ​ဖြင့် စီ​ရင်၍ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​ကြ​လော့။ လု​ယူ​ခြင်း​ခံ​ရ​သော သူ​ကို ညှဉ်း​ဆဲ​သော​သူ၏​လက်​မှ ကယ်​နုတ်​ကြ​လော့။ ဧည့်​သည်​ဖြစ်​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​ကို မ​တ​ရား​သ​ဖြင့်​မ​ပြု၊ မ​ညှဉ်း​ဆဲ​ကြ​နှင့်။ အ​ပြစ်​မ​ရှိ​သော​သူ​တို့​ကို ဤ​အ​ရပ်၌ မ​ကွပ်​မျက်​ကြ​နှင့်။ 4အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဤ​ပ​ညတ်​တော်​အ​တိုင်း အ​မှန်​ပြု​လျှင်၊ ဒါ​ဝိဒ်​မင်း​ကြီး၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​သော ရ​ထား​စီး၊ မြင်း​စီး​ရှင်​ဘု​ရင်​တို့​သည် ကျွန်​များ၊ နိုင်​ငံ​တော်​သား​များ​နှင့်​တ​ကွ၊ ဤ​နန်း​တော်​တံ​ခါး​များ​ကို ထွက်​ဝင်​ရ​ကြ​လိမ့်​မည်။ 5သို့​မ​ဟုတ်၊ သင်​တို့​သည် ဤ​အ​မိန့်​တော်​ကို နား​မ​ထောင်​ဘဲ​နေ​လျှင်၊ ဤ​နန်း​တော်​သည် လူ​ဆိတ်​ညံ​သော​အ​ရပ် ဖြစ်​လိမ့်​မည်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​ကို​ကိုယ် တိုင်​တည်၍ မိန့်​တော်​မူ၏။#မ၊ ၂၃:၃၈။ လု၊ ၁၃:၃၅။ 6ယု​ဒ​ရှင်​ဘု​ရင်၏ နန်း​တော်​ကို ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည်​ငါ၌ ဂိ​လဒ်​အ​ရပ်​ကဲ့​သို့​လည်း​ကောင်း၊ လေ​ဗ​နုန်​တောင်​ထိပ် ကဲ့​သို့​လည်း​ကောင်း ဖြစ်​သော်​လည်း၊ အ​ကယ်​စင်​စစ် ငါ​သည်​သင့်​ကို လူ​မ​နေ​သော​မြို့​ကဲ့​သို့ တော​ဖြစ်​စေ​မည်။ 7သင့်​ကို ဖျက်​ဆီး​စေ​ခြင်း​ငှာ၊ ဓား​နှင့် ပု​ဆိန်​ပါ​သော သူ​တို့​ကို​ငါ​ပြင်​ဆင်​သ​ဖြင့်၊ သူ​တို့​သည် သင်၌ အ​မြတ်​ဆုံး​သော အာ​ရဇ်​ပင်​တို့​ကို ခုတ်​လှဲ၍ မီး​ထဲ​သို့​ချ​လိုက်​ကြ​လိမ့်​မည်။ 8လူ​အ​မျိုး​မျိုး​တို့​သည် ဤ​မြို့​အ​နား​မှာ​လျှောက်​သွား​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​မြို့​ကြီး​ကို အ​ဘယ်​ကြောင့် ဤ​သို့​ပြု​တော်​မူ​သ​နည်း​ဟု၊ တစ်​ယောက်​ကို​တစ်​ယောက် မေး​ကြ​သည်​ရှိ​သော်၊ 9ဤ​မြို့​သား​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​ကို စွန့်​ပစ်၍၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဝတ်​ပြု​ကိုး​ကွယ်​ကြ​သော​ကြောင့်၊ ဤ​သို့​ပြု​တော်​မူ​သည်​ဟု ပြန်​ပြော​ကြ​လိမ့်​မည်။
ယော​ရှိ​မင်း၏​သား​များ​အ​တွက်​ဗျာ​ဒိတ်
10သေ​သော​သူ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ အ​ခြား​တစ်​ပါး​သို့ သွား​သော​သူ​အ​တွက် ငို​ကြွေး​ခြင်း​ကို ပြု​ကြ​လော့။ သူ​သည် နောက်​တစ်​ဖန် ပြန်၍​မ​လာ​ရ။ မိ​မိ​မွေး​ဖွား​ရာ​ဌာ​န​ကို မ​မြင်​ရ။ 11ခ​မည်း​တော် ယော​ရှိ​မင်း​ကြီး​အ​ရာ၌​စိုး​စံ၍ ဤ​ပြည်​မှ​ထွက်​သွား​သော ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​မင်း​ကြီး၏​သား​ရှ​လ္လုံ​ကို ရည်​မှတ်၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​မင်း​သည် နောက်​တစ်​ဖန် ဤ​ပြည်​သို့ ပြန်၍​မ​လာ​ရ။#၄​ရာ၊ ၂၃:၃၁-၃၄။ ၆​ရာ၊ ၃၆:၁-၄။ 12ရန်​သူ​တို့​သိမ်း​သွား​ရာ​ပြည်၌​ပင် သေ​ရ​လိမ့်​မည်။ ဤ​ပြည်​ကို နောက်​တစ်​ဖန် မ​မြင်​ရ။
ယော​ယ​ကိမ်​အတွက်ဗျာ​ဒိတ်
13မ​တ​ရား​သော​အ​မှု​အား​ဖြင့် မိ​မိ​အိမ်​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​ပြု၍ အ​ထက်​ခန်း​တို့​ကို​လည်း​ကောင်း ဆောက်​သော​သူ၊ အိမ်​နီး​ချင်း​ကို အ​ခ​မ​ပေး​ဘဲ​စေ​စား၍၊ အ​လုပ်​လုပ်​သည်​အ​တွက်​ဆု​မ​ချ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ 14ကြီး​သော​အိမ်၊ ကျယ်​သော​အ​ထက်​ခန်း​တို့​ကို ငါ​ဆောက်​မည်​ဟု ဆို​လျက်၊ ပြတင်း​ပေါက်​ကို ဖောက်၍၊ အာ​ရဇ်​သစ်​သား​နှင့် မိုး​ပြီး​မှ၊ ဟ​င်္သာ​ပ​ဒါး​နှင့် ချယ်​လှယ်​ပြီ​တ​ကား။ 15ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် အာ​ရဇ်​သစ်​သား၏​ဂုဏ်​ကို ကိုး​စား​သော​ကြောင့် စိုး​စံ​ရ​မည်​လော။ သင်၏​အ​ဘ​သည် ဝ​စွာ​စား​သောက်​ရ​သည် မ​ဟုတ်​လော။ တ​ရား​သ​ဖြင့် စီ​ရင်​ဆုံး​ဖြတ်​သည် မ​ဟုတ်​လော။ ထို​သို့​ပြု၍ ကောင်း​စား​ခြင်း​ရှိ၏။ 16သူ​သည် ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့​အ​မှု​ကို​စောင့်၍ တ​ရား​သ​ဖြင့် စီ​ရင်၏။ ထို​သို့​ပြု၍ ကောင်း​စား​ခြင်း​ရှိ၏။ ငါ့​ကို​သိ​သော အ​ကျိုး​မ​ဟုတ်​လော။ 17သင်၏​မျက်​စိ​နှင့် သင်၏​နှ​လုံး​မူ​ကား၊ လော​ဘ​လွန်​ကျူး​ခြင်း၊ အ​ပြစ်​မ​ရှိ​သော​သူ​ကို သတ်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​မှ​တစ်​ပါး၊ အ​ဘယ်​အ​မှု​ကို​မျှ မ​မှတ်​တတ်။ 18ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​မင်း​ကြီး၏​သား ယော​ယ​ကိမ်​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ ထို​မင်း​သေ​သော​အ​ခါ လူ​များ​တို့​က၊ ဩ ငါ့​အစ်​ကို၊ ဩ ငါ့​နှ​မ​ဟူ၍ မ​ငို​ကြွေး​ရ​ကြ။ သူ၏​အ​တွက်​လည်း၊ ဩ သ​ခင်၊ ဩ အ​ရှင်​မ၏​ဘုန်း​ဟူ၍ မ​မြည်​တမ်း​ရ​ကြ။#၄​ရာ၊ ၂၃:၃၆-၂၄:၆။ ၆​ရာ၊ ၃၆:၅-၇။ 19ယေ​ရု​ရှ​လင်​မြို့​ပြင်​သို့ ဆွဲ​သွား၍ ပစ်​ထား​သ​ဖြင့်၊ မြည်း​ကို သင်္ဂြိုဟ်​သ​ကဲ့​သို့ ထို​မင်း​ကို သင်္ဂြိုဟ်​ရ​လိမ့်​မည်။
ယေ​ရု​ရှ​လင်​မြို့​၏​ကံ​ကြ​မ္မာ
20လေ​ဗ​နုန်​တောင်​ပေါ်​သို့ တက်၍ ကြွေး​ကြော်​လော့။ ဗာ​ရှန်​ပြည်၌ အော်​ဟစ်​လော့။ အာ​ဗ​ရိမ်​အ​ရပ်​မှာ အ​သံ​ကို​လွှင့်​လော့။ အ​ကြောင်း​မူ​ကား၊ သင်၏​မိတ်​ဆွေ​အ​ပေါင်း​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ။ 21သင်​သည် ကောင်း​စား​သော​အ​ခါ ငါ​သ​တိ​ပေး၏။ သင်​က၊ ငါ​နား​မ​ထောင်​ဟု ပြန်​ပြော၏။ ငယ်​သော​အ​ရွယ်​မှ​စ၍ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ နေ​မြဲ​ရှိ၏။ 22သင့်​ကို ကျွေး​မွေး​သော​သူ​အ​ပေါင်း​တို့​ကို လေ​သည် စား​လိမ့်​မည်။ သင်၏​မိတ်​ဆွေ​တို့​ကို ရန်​သူ​တို့​သည် သိမ်း​သွား​ကြ​လိမ့်​မည်။ ထို​အ​ခါ သင်​သည် ကိုယ်​ပြု​သ​မျှ​သော ဒု​စ​ရိုက်​တို့​ကြောင့် အ​မှန်​ရှက်​ကြောက်၍ စိတ်​ပျက်​ခြင်း​ရှိ​လိမ့်​မည်။ 23အာ​ရဇ်​ပင်​တို့၌ အ​သိုက်​လုပ်​တတ်​သော လေ​ဗ​နုန်​တောင်​သား၊ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို မိန်း​မ​ခံ​ရ​သ​ကဲ့​သို့၊ သင်​သည် နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​ကို​ခံ​ရ​သော​အ​ခါ၊ အ​ဘယ်​မျှ​လောက် သ​နား​ဖွယ်​ဖြစ်​လိမ့်​မည်​တ​ကား။
ခေါ​နိ​အ​ပေါ်​စီ​ရင်​ချက်
24ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​မင်း​ကြီး၏​သား ခေါ​နိ​သည်၊ ငါ့​လက်​ယာ​လက်၌​ပါ​သော တံ​ဆိပ်​လက်​စွပ်​မှန်​သော်​လည်း၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း သင့်​ကို ငါ​ပယ်​ပစ်​မည်။#၄​ရာ၊ ၂၄:၈-၁၅။ ၆​ရာ၊ ၃၆:၉-၁၀။ 25သင့်​အ​သက်​ကို သတ်​ချင်​သော​သူ၊ သင်​အ​လွန်​ကြောက်​သော​သူ​တည်း​ဟူ​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​မှ​စ၍ ခါ​လ​ဒဲ​လူ​တို့​လက်​သို့ ငါ​အပ်​မည်။ 26သင့်​ကို​လည်း​ကောင်း၊ သင့်​ကို​ဖွား​မြင်​သော သင်၏​အ​မိ​ကို​လည်း​ကောင်း၊ မွေး​ဖွား​ရာ​ဌာ​န မ​ဟုတ်​သော​ပြည်​သို့ ငါ​နှင်​ထုတ်​သ​ဖြင့်၊ ထို​ပြည်၌ သင်​တို့​သည် သေ​ကြ​လိမ့်​မည်။ 27ပြန်​လို​သော​ပြည်​သို့ နောက်​တစ်​ဖန်​ပြန်၍​မ​လာ​ရ​ကြ။ 28ဤ​မင်း​သား​ခေါ​နိ​သည် ရို​သေ​ဖွယ်​မ​ဟုတ်၊ ကျိုး​ပဲ့​သော​ရုပ်​တု​ဖြစ်​သ​လော။ အ​ဘယ်​သူ​မျှ မ​နှစ်​သက်​သော​တန်​ဆာ ဖြစ်​သ​လော။ သူ​နှင့်​တ​ကွ သူ၏​သား​မြေး​တို့​ကို နှင်​ထုတ်၍၊ သူ​တို့​မ​သိ​ဖူး​သော​ပြည်၌ အ​ဘယ်​ကြောင့် ချ​ပစ်​ရ​သ​နည်း။ 29အို မြေ​ကြီး၊ မြေ​ကြီး၊ မြေ​ကြီး၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​လော့။ 30ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မင်း​ကို သား​မ​ရှိ​သော​သူ​ဟူ၍​လည်း​ကောင်း၊ တစ်​သက်​လုံး မ​ကောင်း​စား​သော​သူ ဟူ၍​လည်း​ကောင်း ရေး​မှတ်​လော့။ သူ၏​သား​မြေး တစ်​စုံ​တစ်​ယောက်​မျှ ဒါ​ဝိဒ်​မင်း​ကြီး၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​ရ​သော​အ​ခွင့်​နှင့်၊ ယု​ဒ​ပြည်​ကို စိုး​စံ​ရ​သော​အ​ခွင့်​မ​ရှိ​ရ။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 22: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ