YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 17

17
ယု​ဒ​ပြည်​၏​အ​ပြစ်​နှင့်​အ​ပြစ်​ဒဏ်
1ယု​ဒ​အ​မျိုး၏​အ​ပြစ်​သည် သံ​က​ညစ်၊ စိန်​ချွန်​နှင့် သူ​တို့​နှ​လုံး​ပြား၌​လည်း​ကောင်း၊ ယဇ်​ပ​လ္လင်​ဦး​ချို၌​လည်း​ကောင်း အ​က္ခ​ရာ​တင်၍ မှတ်​သား​လျက်​ရှိ၏။ 2သူ​ငယ်​တို့​ပင် မြင့်​သော​တောင်​ပေါ်၊ စိမ်း​သော​သစ်​ပင်​နား​မှာ​ရှိ​သော ယဇ်​ပ​လ္လင်​များ၊ အာ​ရှ​ရ​ပင်​များ​ကို အောက်​မေ့​တတ်​ကြ၏။ 3အ​ချင်း​ငါ၏​တောင်၊ လယ်၌​ရှိ​သော သင်၏​ဥ​စ္စာ​နှင့် သို​ထား​သ​မျှ​သော​ဥ​စ္စာ​ကို​လည်း​ကောင်း၊ ပြည်​တစ်​လျှောက်​လုံး၌ သင်​ပြစ်​မှား​ရာ၊ မြင့်​သော​အ​ရပ်​တို့​ကို​လည်း​ကောင်း၊ လု​ယူ​သော​သူ​တို့​လက်​သို့ ငါ​အပ်​မည်။ 4သင့်​ကိုယ်​တိုင်​လည်း ငါ​ပေး​သော​အ​မွေ​မှ ရွေ့​သွား​ရ​လိမ့်​မည်။ သင်​မ​သိ​သော ပြည်​တွင်၊ ရန်​သူ​လက်၌ သင့်​ကို ငါ​ကျွန်​ခံ​စေ​မည်။ အ​ကြောင်း​မူ​ကား၊ အ​စဉ်​လောင်​သော​ငါ၏​အ​မျက်​မီး​ကို သင်​တို့​သည် မွှေး​ကြ​ပြီ။
ကွဲ​ပြား​သော​ဆို​ရိုး​စ​ကား​များ
5ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လူ​ကို​ကိုး​စား၍ လူ​သ​တ္တ​ဝါ​ကို အ​မှီ​ပြု​သ​ဖြင့်၊ စိတ်​နှ​လုံး​ထဲ၌ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ထွက်​သွား​သော​သူ​သည် ကျိန်​အပ်​သော​သူ​ဖြစ်၏။ 6ထို​သူ​သည် လွင်​ပြင်၌​ရှိ​သော သစ်​ပင်​ခြောက်​ကဲ့​သို့​ဖြစ်၍၊ ကောင်း​ကျိုး​ရောက်​ကြောင်း​ကို မ​သိ​ရ။ အ​ဘယ်​သူ​မျှ​မ​နေ​သော ဆား​မြေ၊ သွေ့​ခြောက်​သော​လွင်​ပြင်၌ နေ​ရ​လိမ့်​မည်။ 7ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​ကို မိ​မိ​ကိုး​စား​ရာ အ​ကြောင်း​ဖြစ်​စေ​သော​သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​အပ်​သော​သူ​ဖြစ်၏။ 8ထို​သူ​သည်​ကား၊ ရေ​ရှိ​သော​အ​ရပ်၌​စိုက်၍ မြစ်​နား​မှာ အ​မြစ်​ဖြာ​သ​ဖြင့်၊ ပူ​သော​အ​ရှိန်​ရောက်​ကြောင်း​ကို မ​သိ၊ အ​ရွက်​မ​ညှိုး​နွမ်း၊ မိုး​ခေါင်​သော​ကာ​လ၌ စိုး​ရိမ်​စ​ရာ​မ​ရှိ​ဘဲ၊ အ​စဉ်​အ​မြဲ အ​သီး​ကို​သီး​တတ်​သော အ​ပင်​နှင့်​တူ၏။#ဆာ၊ ၁:၃။
9စိတ်​နှ​လုံး​သည် ခပ်​သိမ်း​သော အ​ရာ​ထက် စဉ်း​လဲ​တတ်၏။ အ​လွန်​ယို​ယွင်း​သော သ​ဘော​ရှိ​၏။ စိတ်​နှ​လုံး​သ​ဘော​ကို အ​ဘယ်​သူ​သိ​နိုင်​သ​နည်း။ 10ငါ​ထာ​ဝ​ရ​ဘု​ရား​သည် လူ​အ​သီး​အ​သီး​တို့​အား မိ​မိ​တို့​အ​ကျင့်​အ​တိုင်း၊ မိ​မိ​တို့​ခံ​ထိုက်​သော အ​ကျိုး​အ​ပြစ်​ကို​ပေး​ခြင်း​ငှာ၊ နှ​လုံး​ကျောက်​ကပ်​တို့​ကို စေ့​စေ့​စစ်​ကြော​တတ်၏။#ဆာ၊ ၆၂:၁၂။ ဗျာ၊ ၂:၂၃။ 11ကော​ရ​ငှက်​သည် မိ​မိ​မ​ဥ​သော​ဥ​ကို ဝပ်​သ​ကဲ့​သို့၊ မ​တ​ရား​သ​ဖြင့် ဥ​စ္စာ​ဆည်း​ပူး​သော​သူ​သည် အ​သက်​ပျို​စဉ်​က​ပင်၊ ဆင်း​ရဲ​ခြင်း​သို့ ရောက်၍ အ​ဆုံး၌​ကား၊ လူ​မိုက်​ဖြစ်​လိမ့်​မည်။
12ရှေ့​ဦး​စွာ​မှ​စ၍ မြင့်​သော​အ​ရပ်၌ ဘုန်း​ကြီး​တော်​မူ​သော ရာ​ဇ​ပ​လ္လင်​သည် ငါ​တို့​သန့်​ရှင်း​ရာ ဌာ​န​တော်​အ​ရပ် ဖြစ်၏။ 13အို ဣ​သ​ရေ​လ​အ​မျိုး၏ မျှော်​လင့်​စ​ရာ အ​ကြောင်း​ဖြစ်​သော ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို စွန့်​ပစ်​သော​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ရ​ကြ​ပါ​လိမ့်​မည်။ ငါ့​ထံ​မှ ထွက်​သွား​သော​သူ​တို့​သည် မြေ​စာ​ရင်း​သို့ ဝင်​ရ​ကြ​ပါ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​သက်​စမ်း​ရေ​တွင်း တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​ကြ​သ​တည်း။
ကူ​မ​တော်​မူ​ရန်ဆုတောင်း​ခြင်း
14အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​အ​နာ​ကို ငြိမ်း​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင်၊ အ​ကျွန်ုပ်​သည် အ​နာ​ငြိမ်း​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ။ သို့​ပြု​လျှင်၊ အ​ကျွန်ုပ်​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ချီး​မွမ်း​ရာ ဖြစ်​တော်​မူ၏။ 15ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ ယ​ခု​လာ​ပါ​စေ​တော့​ဟု ဤ​သူ​တို့​သည် အ​ကျွန်ုပ်​အား ဆို​တတ်​ကြ​ပါ၏။ 16အ​ကျွန်ုပ်​သည် နောက်​တော်​သို့​လိုက်​သော ဆ​ရာ၏​အ​ရာ​ကို မ​ရှောင်​ပါ။ အ​မင်္ဂ​လာ​နေ့​ကို မ​တောင့်​တ​ပါ။ အ​ကျွန်ုပ်​ဟော​ပြော​ချက်​ကို ကိုယ်​တော်​သိ​တော်​မူ၏။ ကိုယ်​တော်​မျက်​မှောက်၌ ရှိ​ပါ၏။ 17အ​ကျွန်ုပ်​ကို ထိတ်​လန့်​စေ​တော်​မ​မူ​ပါ​နှင့်။ ဘေး​ရောက်​သော​ကာ​လ၌ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။ 18အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​သည် အ​ရှက်​ကွဲ​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​မူ​ကား၊ အ​ရှက်​မ​ကွဲ​ပါ​စေ​နှင့်။ သူ​တို့​သည် စိတ်​ပျက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​မူ​ကား၊ စိတ်​မ​ပျက်​ပါ​စေ​နှင့်။ သူ​တို့​အ​ပေါ်​မှာ ဘေး​အ​န္တ​ရာယ်​ကာ​လ​ကို ရောက်​စေ​တော်​မူ​ပါ။ အ​ထပ်​ထပ်​ဖျက်​ဆီး​တော်​မူ​ပါ။
ဥ​ပုသ်​နေ့​ကို​သန့်ရှင်းစေခြင်း
19ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ ယု​ဒ​ရှင်​ဘု​ရင် ထွက်​ဝင်​သော အ​မျိုး​သား​ချင်း မြို့​တံ​ခါး​မှ​စ၍၊ ခပ်​သိမ်း​သော ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​ဝ၌ သွား၍​ရပ်​လျက်၊ 20လူ​များ​တို့​အား ပြော​ဆို​ရ​မည်​မှာ၊ ဤ​တံ​ခါး​တို့​ဖြင့် ထွက်​ဝင်​သော ယု​ဒ​ရှင်​ဘု​ရင်​များ​နှင့် ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​များ အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။ 21ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဥ​ပုသ်​နေ့၌ ဝန်​ကို​မ​ထမ်း​မ​ရွက်၊ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​ဖြင့် မ​ဆောင်​မ​သွင်း​မည်​အ​ကြောင်း၊ သ​တိ​ပြု​ကြ​လော့။#နေ၊ ၁၃:၁၅-၂၂။ 22ဥ​ပုသ်​နေ့၌ သင်​တို့​အိမ်​ထဲ​က ဝန်​ကို မ​ထုတ်​မ​ဆောင်​ကြ​နှင့်။ အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်​ကြ​နှင့်။ သင်​တို့​ဘိုး​ဘေး​များ​ကို ငါ​မှာ​ထား​သည်​အ​တိုင်း၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​ကြ​လော့။#ထွ၊ ၂၀:၈-၁၀။ တ​ရား၊ ၅:၁၂-၁၄။ 23ဘိုး​ဘေး​တို့​သည်​နား​မ​ထောင်၊ နား​ကို​မ​လှည့်​ဘဲ နေ​ကြ၏။ နား​မ​ကြား၊ ဆုံး​မ​ခြင်း​ကို မ​ခံ​မည်​အ​ကြောင်း၊ မိ​မိ​တို့​လည်​ပင်း​ကို ခိုင်​မာ​စေ​ကြ၏။ 24ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ဥ​ပုသ်​နေ့၌ ဤ​မြို့​တံ​ခါး​ဖြင့် ဝန်​ကို​မ​သွင်း​မ​ဆောင်၊ အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​သည်​တိုင်​အောင်၊ ငါ့​စ​ကား​ကို စေ့​စေ့​နား​ထောင်​လျှင်၊ 25ဒါ​ဝိဒ်​မင်း​ကြီး၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​သော ရ​ထား​စီး၊ မြင်း​စီး​ရှင်​ဘု​ရင်၊ မင်း​သား​မှ​စ၍ သူ​တို့​မှူး​မတ်၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ဤ​မြို့​တံ​ခါး​များ​သို့ ဝင်​လျက်​ရှိ​ကြ​လိမ့်​မည်။ ဤ​မြို့​သည်​လည်း အ​စဉ်​အ​မြဲ တည်​လိမ့်​မည်။ 26မီး​ရှို့​ရာ​ယဇ်​မှ​စ၍ အ​ခြား​သော​ယဇ်​များ၊ ပူ​ဇော်​သ​ကာ​များ၊ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း၊ ချီး​မွမ်း​ရာ​ယဇ်​တို့​ကို ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သို့ ဆောင်​ခဲ့​သော သူ​တို့​သည် ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​မြို့​ပတ်​ဝန်း​ကျင်​အ​ရပ်​များ၊ ဗင်္ယာ​မိန်​ပြည်၊ မြေ​ညီ​ခ​ရိုင်၊ တောင်​ရိုး​ခ​ရိုင်၊ တောင်​မျက်​နှာ ခ​ရိုင်​မှ​လာ​ကြ​လိမ့်​မည်။ 27သို့​မ​ဟုတ်၊ ဥ​ပုသ်​နေ့၌​ဝန်​ကို ထမ်း​ရွက်၍၊ ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​များ​သို့​မ​ဝင်၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​သည်​တိုင်​အောင်၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​လျှင်၊ ငါ​သည် ထို​မြို့​တံ​ခါး​တို့​ကို​မီး​ရှို့၍၊ ထို​မီး​သည် မ​ငြိမ်း​မ​သေ​ဘဲ ယေ​ရု​ရှ​လင်​မြို့ ဘုံ​ဗိ​မာန်​တို့​ကို လောင်​ရ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 17: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ