YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 16

16
ယေ​ရ​မိ​အ​တွက်​အ​မိန့်​တော်​များ
1တစ်​ဖန် ငါ့​ဆီ​သို့​ရောက်​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊ 2သင်​သည် ဤ​အ​ရပ်၌ စုံ​ဖက်​ခြင်း​ကို မ​ပြု​ရ။ သား​သ​မီး​ကို မ​ဖွား​မ​မြင်​ရ။ 3ဤ​အ​ရပ်၌ ဖွား​မြင်​သော သား​သ​မီး​များ​ကို​လည်း​ကောင်း၊ သူ​တို့​မိ​ဘ​များ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ 4ထို​သူ​တို့​သည် ဆိုး​သော​သေ​ခြင်း​ဖြင့် သေ​ရ​ကြ​လိမ့်​မည်။ သူ​တို့​ကို​မြည်​တမ်း၍ မ​သင်္ဂြိုဟ်​ရ။ မြေ​ပေါ်​မှာ မ​စင်​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ သူ​တို့​သည် ဓား​ဘေး​နှင့် မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ဆုံး​ခြင်း​သို့​ရောက်၍၊ အ​သေ​ကောင်​တို့​သည် မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ စား​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်။ 5ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မ​သာ​အိမ်​သို့​မ​ဝင်​နှင့်။ သေ​သော​သူ​တို့​အ​တွက် ငို​ကြွေး​မြည်​တမ်း​ခြင်း​ငှာ မ​သွား​နှင့်။ ငါ၏ ငြိမ်​သက်​ခြင်း​တည်း​ဟူ​သော မေ​တ္တာ​က​ရု​ဏာ​ကို ဤ​လူ​မျိုး​မှ ငါ​ပယ်​ရှင်း​ပြီ​ဟု မိန့်​တော်​မူ၏။ 6ပြည်​သူ​ပြည်​သား အ​ကြီး​အ​ငယ်​တို့​သည် သေ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ မ​သင်္ဂြိုဟ်​ရ။ သူ​တို့​အ​တွက် မြည်​တမ်း​ခြင်း​ကို မ​ပြု​ရ။ ကိုယ်​ကို​ကိုယ်​ရှ​န​ခြင်း၊ ဆံ​ပင်​ရိတ်​ခြင်း​ကို​လည်း မ​ပြု​ရ။ 7သေ​သော​သူ​တို့​အ​တွက် စိတ်​မ​သာ ညည်း​တွား​သော​သူ​တို့​ကို နှစ်​သိမ့်​စေ​ခြင်း​ငှာ၊ မ​သာ​ပွဲ​ကို မ​လုပ်​ရ။ မိ​ဘ​သေ​သော်​လည်း၊ နှစ်​သိမ့်​စေ​သော ခွက်​ဖ​လား​ကို​မ​ပေး​ရ။
8ထို​နည်း​တူ၊ စား​သောက်​ပွဲ​ခံ​ရာ အိမ်​သို့​မ​ဝင်​နှင့်။ သူ​တို့​နှင့်​ပေါင်း​ဖော်၍ မ​စား​မ​သောက်​နှင့်။ 9ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဤ​အ​ရပ်၌ ဝမ်း​မြောက်​သော​အ​သံ၊ ရွှင်​လန်း​သော​အ​သံ၊ မင်္ဂ​လာ​ဆောင် သ​တို့​သား​အ​သံ၊ မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​အ​သံ​ကို သင်​တို့​လက်​ထက်၊ သင်​တို့​မျက်​မှောက်​တွင် ငါ​စဲ​စေ​မည်။#ယေ၊ ၇:၃၄၊ ၂၅:၁၀။ ဗျာ၊ ၁၈:၂၃။ 10သင်​သည် ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို ဤ​လူ​မျိုး​အား​ကြား​ပြော၍ သူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​မျှ​လောက်​ကြီး​စွာ​သော ဘေး​ဒဏ်​ကို ငါ​တို့​အား အ​ဘယ်​ကြောင့် စီ​ရင်​တော်​မူ​သ​နည်း။ ငါ​တို့​ပြု​သော ဒု​စ​ရိုက်​ကား၊ အ​ဘယ်​သို့​နည်း။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ငါ​တို့​ပြစ်​မှား​သော​အ​ပြစ်​ကား၊ အ​ဘယ်​သို့​နည်း​ဟု မေး​ကြ​သော​အ​ခါ၊ 11သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့၏ ဘိုး​ဘေး​တို့​သည် ငါ့​ကို​စွန့်၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့ လိုက်​လျက်၊ ဝတ်​ပြု​ကိုး​ကွယ်​သ​ဖြင့် ငါ့​ကို​စွန့်​ပစ်၍၊ ငါ့​တ​ရား​ကို မ​စောင့်​သော​ကြောင့်​လည်း​ကောင်း၊ 12ဘိုး​ဘေး​ကျင့်​သော အ​ကျင့်​ထက်၊ သင်​တို့​သည် သာ၍​ဆိုး​သော အ​ကျင့်​ကို ကျင့်​သ​ဖြင့်၊ ငါ့​စ​ကား​ကို နား​မ​ထောင်၊ မိ​မိ​တို့​ဆိုး​သော စိတ်​နှ​လုံး၊ ခိုင်​မာ​သော​သ​ဘော​သို့ လိုက်​သော​ကြောင့်​လည်း​ကောင်း၊ 13သင်​တို့​နှင့် သင်​တို့၏​ဘိုး​ဘေး​မ​သိ​သော​ပြည်​သို့ ဤ​ပြည်​ထဲ​က သင်​တို့​ကို ငါ​နှင်​လိုက်​မည်။ ထို​ပြည်၌ သင်​တို့​သည် ငါ၏​ကျေး​ဇူး​ကို မ​ခံ​ရ။ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို နေ့​ည​မ​ပြတ် ဝတ်​ပြု​ရ​ကြ​မည်။
ပြည်​နှင်​ဒဏ်​မှ​ပြန်​လည်​ရောက်​ရှိ​ခြင်း
14သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟူ၍ မ​ကျိန်​ဆို​ဘဲ၊ 15ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို မြောက်​ပြည်​မှ​စ၍၊ နှင်​ထုတ်​ဖူး​သော ပြည်​ရှိ​သ​မျှ​တို့​မှ နုတ်​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟူ၍ ကျိန်​ဆို​ရ​သော​ကာ​လ​သည် နောက်​တစ်​ဖန်​ရောက်​လိမ့်​မည်။ သူ​တို့​ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်​သို့ သူ​တို့​ကို တစ်​ဖန်​ငါ​ဆောင်​ခဲ့​ဦး​မည်။
ရောက်​ရှိ​လာ​မည့်​အ​ပြစ်​ဒဏ်
16ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် တံ​ငါ​အ​များ​တို့​ကို စေ​လွှတ်၍၊ ဤ​လူ​မျိုး​ကို မျှား​စေ​မည်။ ထို​နောက်၊ မု​ဆိုး​အ​များ​တို့​ကို စေ​လွှတ်၍၊ ခပ်​သိမ်း​သော တောင်​ကြီး​တောင်​ငယ်၊ ချောက်​ကြား​တို့၌ ရှာ​စေ​မည်။ 17သူ​တို့​သွား​သ​မျှ​သော​လမ်း​တို့​ကို ငါ​သည် ကြည့်​ရှု​လျက်​နေ၏။ သူ​တို့​သည် ငါ့​မျက်​ကွယ်၌ သွား​ကြ​သည်​မ​ဟုတ်။ သူ​တို့၏ ဒု​စ​ရိုက်​ကို ငါ့​ရှေ့​မှာ ဝှက်၍​မ​ထား​နိုင်။ 18သူ​တို့​သည် ငါ့​ပြည်​ကို ညစ်​ညူး​စေ၍၊ ငါ​အ​မွေ​ခံ​သော​မြေ​ကို သူ​တို့​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​သေ​ကောင်​တို့​နှင့် ပြည့်​စေ​သော​ကြောင့်၊ သူ​တို့၌ နှစ်​ဆ​သော အ​ပြစ်​ဒဏ်​ကို ငါ​ပေး​မည်။
ယေ​ရ​မိ​၏​ဆု​တောင်း
19အ​ကျွန်ုပ်​အ​စွမ်း​သ​တ္တိ၊ အ​ကျွန်ုပ်​ရဲ​တိုက်၊ အ​မှု​ရောက်​သော​နေ့၌ အ​ကျွန်ုပ်​ခို​လှုံ​ရာ ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ တစ်​ပါး​အ​မျိုး​သား​တို့​က၊ အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​တို့ ဘိုး​ဘေး​တို့​သည် မု​သား၊ အ​န​တ္တ၊ အ​ချည်း​နှီး​သော အ​ရာ​တို့​ကို အ​မွေ​ခံ​ကြ​ပါ​ပြီ​ဟု၊ မြေ​ကြီး​စွန်း​မှ ကိုယ်​တော်​ထံ​သို့ လာ၍ လျှောက်​ကြ​ပါ​လိမ့်​မည်။ 20လူ​သည် ဘု​ရား​မ​ဟုတ်​သော ဘု​ရား​တို့​ကို ကိုယ်​အ​ဖို့ လုပ်​ရ​မည်​လော။ 21သို့​ဖြစ်၍၊ ငါ​သည် ယ​ခု​အ​ခါ သူ​တို့​ကို​သ​တိ​ပေး၍၊ ငါ့​လက်​နှင့် ငါ့​တန်​ခိုး​ကို ဖော်​ပြ​သော​အား​ဖြင့်၊ ငါ့​နာ​မ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 16: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ